Main menu

Background

နွေကာလ မွန်ပြည်နယ်၏ ဆန်စပါးနှင့် ရာသီပေါ်သီးနှံများ ဈေးနှုန်းဈေးကွက်အခြေအနေ

Fri, 05/10/2024 - 14:37 -- journal_editor

ဆန်စပါး
မွန်ပြည်နယ်သည် ရေမြေ၊ ရာသီဥတုကောင်း များရှိခြင်း ကြောင့် စပါးကိုအဓိကထား စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ဒေသဝမ်းစာ ဖူလုံရုံမျှမက ပြည်နယ်ပြင်ပသို့  တင်ပို့ရောင်းချနိုင်သည်အထိ ထုတ်လုပ်ထွက်ရှိသည့် ပြည်နယ်တစ်ခုလည်းဖြစ်သည်။ ပြည်နယ် အတွင်းထွက်ရှိရုံမျှမက စပါးကိုကြိတ်ခွဲ ထုတ်လုပ်နိုင်ရန်အတွက် ဆန်စက်လုပ်ငန်းများသည်လည်း မရှိမဖြစ်သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။  မွန်ပြည်နယ်  ဆန်စက်လုပ်ငန်းရှင်များ အသင်းအနေဖြင့် ယခုအခါ မွန်ပြည်နယ် ၁၀ မြို့နယ်အဆင့်ထိပါ မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းကို တိုးချဲ့ဆောင်ရွက်လာ နိုင်ပြီဖြစ်သည်။
မွန်ပြည်နယ်  ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ၏ ကုန် ထုတ်စွမ်းအား တိုးတက်မြင့်မားစေရန်နှင့် လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မားအောင် ရှေးရှုဆောင်ရွက်၍  ဆန်ကြိတ်ခွဲစက် များ၏  ကြိတ်ခွဲနိုင်သည့် ဆန်တန်ပမာဏများကို သိရှိနိုင်ရန်၊ မြို့နယ်ဒေသအသီးသီးတွင် စပါးချိန်တွယ် ဝယ်ယူသည့်ပုံစံ၊ ဆန် ပြန်လည်ရောင်းချသည့် ပုံစံတို့ကို သိရှိနိုင်ရန်၊ ဆန်စက်လုပ်ငန်းရှင်များအချင်းချင်း ဈေးကွက်ချဲ့ထွင် ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် မွန်ပြည်နယ်  ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် နြှု တို့ပူးပေါင်း၍ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ  တောင်သူများ၊  ဆန်စပါးကဏ္ဍ၏  အကြောင်းအရာ နယ်ပယ်ကျွမ်းကျင်သူများနှင့်  တွေ့ဆုံမေးမြန်းပြီး စစ်တမ်း ကောက်ယူကာ မွန်ပြည်နယ် ဆန်စက်လုပ်ငန်း စစ်တမ်း တွေ့ရှိ ချက်များ အစီရင်ခံစာ စာအုပ်ကို ၂၀၂၄ ခုနှစ် ဧပြီလတွင် ထုတ် ဝေနိုင်ခဲ့ပြီးဖြစ်သည်။
နွေစပါး စိုက်ပျိုးထွက်ရှိမှု
မွန်ပြည်နယ်တွင် ဖေဖော်ဝါရီလမှစ၍ နွေစပါးကို စတင် စိုက်ပျိုးနေပြီဖြစ်သည်။ တောင်သူများအနေဖြင့် ဒေသ(ပေါ်ဆန်း)စပါးနှင့် (ဧည့်မထ)စပါးကို အဓိကထား  စိုက်ပျိုးလျက်ရှိသည်။ မွန်ပြည်နယ်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် နွေစပါးစိုက်ဧက ၄၈၆၆၆ ဧကရှိပြီး ကျိုက်ထိုမြို့နယ်တွင် ၈၂၁ ဧက၊ ဘီးလင်းမြို့နယ်တွင်  ၉၆၁၇ ဧက၊ သထုံမြို့နယ်တွင် ၈၄၂၄ ဧက၊ ပေါင်မြို့နယ်တွင် ၂၀၆၄၆ ဧက၊ မော်လမြိုင်မြို့နယ်တွင် ဧက ၁၅၀၊ ချောင်းဆုံမြို့နယ် တွင် ၁၀၉ ဧက၊ ကျိုက်မရောမြို့နယ်တွင် ၇၁၃၇ဧက၊ မုဒုံမြို့နယ် တွင် ၁၃၇၆ဧက၊ သံဖြူဇရပ်မြို့နယ်တွင် ၂၇၈ဧက၊ ရေးမြို့နယ် တွင် ၁၀၈ ဧက စိုက်ပျိုးထားရှိပြီးဖြစ်သည်။ 
ဈေးနှုန်းဈေးကွက်
နွေစပါး(ဧည့်မထ)ပေါ်စချိန်တွင် စပါး တင်း ၁၀ဝ လျှင် ကျပ် ၂၄သိန်းဖြင့် ဈေးစတင်ရရှိခဲ့ပြီး စပါးလှိုင်လှိုင်ထွက်ချိန်တွင် စပါးတင်း ၁၀ဝ လျှင် ကျပ် ၂၁ သိန်းထိဈေးရရှိခဲ့သည်။ မွန်ပြည် နယ်အတွင်း ဧပြီလစတုတ္ထပတ်တွင် စပါးဈေးနှုန်းမှာ ပေါ်ဆန်း စပါး တင်း ၁၀ဝ လျှင် ကျပ် ၃၅ သိန်း၊ ပေါ်ဆန်း(ဆန်) တစ်ပြည် လျှင် ကျပ် ၅၃၀ဝ၊ ပေါ်ဆန်း(ဆန်)တစ်အိတ်လျှင် ကျပ် ၁၂၂၀ဝ၀၊ ဧည်မထ စပါးတင်း ၁၀ဝ ကျပ် ၂၁ သိန်း၊ ဧည့်မထ(ဆန်) တစ်ပြည် လျှင် ကျပ် ၃၅၀ဝ၊ ဧည့်မထ(ဆန်) တစ်အိတ်လျှင် ကျပ် ၇၉၀ဝ၀၊ ဈေးအသီးသီးဖြစ်ပေါ်နေပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ ဒေသထွက် ဧည့်မထ (ဆန်)များကို ကရင်ပြည် နယ်သို့လည်း တင်ပို့လျက်ရှိကြောင်းသိရသည်။
ပိန္နဲသီး
ပိန္နဲသီးပေါ်စချိန်တွင် မွန်ပြည်နယ်အတွင်းသာမက အခြား ပြည်နယ်/တိုင်းများမှလည်း မှာယူမှုများရှိနေကြောင်း သိရသည်။  ရာသီပေါ်ပိန္နဲသီးများကို အလုံးလိုက်ဈေးဖြင့် ရောင်းချနေသည့် အပြင်  ကီလိုဖြင့်လည်း ရောင်းချလျက်ရှိနေသည်။ ဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်ပြီး တစ်လုံးလျှင် ကျပ် ၂၅၀ဝ မှ ကျပ် ၁၂၀ဝ၀ အထိဈေးရရှိကာ ယခုနှစ်တွင် ပြည်တွင်းဈေးကွက်၌ ရာသီပေါ် သီးနှံများ အဝယ်လိုက်နေပြီး ဈေးကောင်းရရှိနေကြောင်း စိုက်ပျိုးရောင်းချသူများထံမှသိရသည်။
ဒူးရင်းသီး
မွန်ပြည်နယ်တွင်    ဧပြီလဆန်းပိုင်းမှစ၍ ဒူးရင်းသီးများ စတင်ရင့်မှည့်လာပြီဖြစ်သည့်အတွက်  ပေါ်ဦးပေါ်ဖျား ရာသီတွင် ဒူးရင်းသီးများ ဈေးကောင်းရရှိနေသည်။ ဧပြီလ တတိယပတ်တွင် ဒူးရင်းသီးဈေးနှုန်းမှာ တစ်ကီလိုလျှင် ကျပ် ၁၈၀ဝ၀ ထိ ပေါက်ဈေး ဖြစ်ပေါ်နေပြီး ယခင်နှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ကီလိုလျှင် ကျပ်  ၈၀ဝ၀ ထိ ဈေး ပိုမိုရရှိနေကြောင်း သိရ သည်။ ယခုအချိန်တွင် မွန်ပြည်နယ်ထွက် ဒူးရင်းသီးများကို ပြည်နယ်အတွင်း ဝယ်ယူစား သုံးမှုအပြင် ရန်ကုန်၊ မန္တလေး၊ ပြည်၊ ပဲခူး၊ ပျဉ်းမနားဘက်မှလည်း မှာယူသူများရှိနေကြောင်း  ဒူးရင်းသီး ရောင်းဝယ်သူထံမှ သိရ သည်။ 
ဒူးရင်းသီးတွင် ြွေကသီးနှင့်  ခူးသီးဟူ၍ နှစ်မျိုးရှိသည်။ ြွေကသီးဆိုရာတွင် အပင်ပေါ်မှရင့်မှည့်ပြီး လူတို့၏ အကူအညီ မပါဘဲ အလိုလျောက် အပင်အောက်သြွေို့ကကျသည့်အသီးဖြစ် ပြီး ခူးသီးဆိုသည်မှာ အပင်ပေါ်ရှိအသီးများထဲမှ ရင့်မှည့်သည်ဟု ယူဆရသော  အသီးများကို ကျွမ်းကျင် အသီးခူးသမားများမှ ခူးဆွတ်ပေးသည့် အသီးဖြစ်သည်။ ြွေကသီးအများစုသည် ြွေကပြီး ပြီးချင်း စားသုံးပါက ပိုပြီးအရသာရှိကာ အသားများ ပျော့အိနေ သည့် အနေအထားဘက်သို့‌ ပြောင်းလဲသွားသည့်အတွက် အချို့ သောသူများအနေဖြင့် ကြိုက်နှစ်သက်မှုမရှိပေ။ ထို့ကြောင့် ြွေက သီးအား ဝယ်ယူစားသုံးသူများအနေဖြင့် မိမိတို့ဝယ်ယူမည့် ြွေက သီးအား မိမိနှင့်   အနီးဆုံးနေရာဒေသမှ အသီးများကို ဝယ်ယူ စားသုံးသင့်သည်။ ခူးသီးအများစုမှ အဝေးမှ မှာယူစားသုံးသူ များအတွက် ရည်ရွယ်ပြီးခူးဆွတ်ပေးခြင်းဖြစ်ပြီး အသီးခူးသမား ၏ ကျွမ်းကျင်မှုနှင့်ခြံရှင်များ၏မှတ်တမ်းအပေါ်မူတည်ပြီး ခူးဆွတ်  ပေးရခြင်းဖြစ်သည်။ ခူးသီးများကို အနည်းဆုံး ခူးပြီး နှစ်ရက်မှ ငါးရက်အထိ ထားပြီးမှသာ စားသုံးသင့်ပြီး ရက်မပြည့်ဘဲ စားသုံး မိပါက အရသာမဲ့သော ဒူးရင်းသီးကို စားသုံးရမည်ဖြစ်သည်။ ထို့ကြောင့် ဈေးကြီးပေးပြီး ဝယ်ယူစားသုံးရသည့် ရာသီ သီးနှံဖြစ် သည့်အတွက် အထူးသတိပြုပြီး ဝယ်ယူစားသုံးခြင်းဖြင့် ဒူးရင်း သီး၏ အရသာအစစ်အမှန်ကို ခံစားရမည်ဖြစ်သည်။

အောင်မြင့်မြတ်(မွန်)