ပဲမျိုးစုံ
ပခုက္ကူမြို့နယ်တွင် ပဲမျိုးစုံဖြစ်သော ပဲစင်းငုံနီ၊ ကုလားပဲ အမျိုးမျိုး၊ ပဲယင်းနီ၊ ပဲယင်းဝါများ၊ ပဲနီ၊ ပဲထောပတ်နှင့် အခြား ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ယခုတစ်ပတ်တွင် အရောင်းအဝယ်ဖြစ်နေသောပဲများမှာ ပဲစင်းငုံနီ၊ ကုလားပဲဖြူ လုံးကြီး၊ ပဲယင်း၊ ထောပတ်ပဲ၊ ပြောင်းဖူးစေ့ (ဃဏ)၊ ပဲလွန်းပြာနှင့် နေလဲစေ့များ အရောင်းအဝယ်ဖြစ်နေသည်။ ပခုက္ကူကုန်စည်ဒိုင် သည် ပခုက္ကူမြို့၏ စီးပွားရေးအချက်အချာကျပြီး ရောင်းဝယ် ဖောက်ကားရာတွင်လည်း နေရာဒေသစုံမှ လာရောက်အရောင်း အဝယ်ဖြစ်နေသည်။
မေလ ပထမပတ်တွင် ပဲစင်းငုံ(နီ) တစ်တင်းလျှင် ကျပ် ၁၂၉၄၀ဝ ဖြစ်ပြီး မေလ ဒုတိယပတ်တွင် ပခုက္ကူကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်ခဲ့သော ပဲစင်းငုံ(နီ)ဈေးနှုန်းမှာ တစ်တင်း လျှင် ကျပ် ၁၃၀ဝ၀ဝ-၁၃၀၂၀ဝ-၁၃၅၆၀ဝ ၊ မေလတတိယပတ်မှ စ၍ ပဲစင်းငုံနီဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လျက်ရှိသည်။ မေလ တတိယပတ်၏ ပဲစင်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် ၁၃၇၀ဝ၀၊ မေလ စတုတ္ထပတ်တွင် ကျပ် ၁၄၂၄၀ဝဖြစ်ပြီး မေလ တတိယပတ်နှင့် စတုတ္ထပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက ပဲစင်းငုံနီ တစ်တင်းလျှင် ကျပ် ၅၄၀ဝ ဈေးတက်နေကြောင်း၊ မေလ စတုတ္ထပတ် မတ်ပဲတစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ ဖြင့် နေ့စဉ် အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိသည်။ အရောင်းအဝယ်ဖြစ်ခဲ့ သော နေ့စဉ်အိတ်ရေမှာ ပဲစင်းငုံ(နီ) ၈၀ဝ ထိ ၊ မတ်ပဲ အိတ် ၅၀ မှ ၂၅၀ ထိ ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ရေထွက်ပစ္စည်းများ
ပခုက္ကူမြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသောကြောင့် ငါးအမျိုးမျိုး ရရှိသော်လည်း မြို့နေလူဦးရေ များပြားသောကြောင့် မိမိတို့ဒေသထွက်ငါးများဖြင့် မလုံလောက် သဖြင့် မြန်မာပြည်အောက်ပိုင်းရှိ ရန်ကုန်ငါးဒိုင်မှလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်နေသည်။ ပခုက္ကူဒေသမှ ထွက် ရှိသောငါးများမှာ ရေမောင်စာ၊ တီလားဗီးယား၊ ငါးကြင်းဖြူ၊ ငါးမြင်း၊ အခြားငါးအမျိုးမျိုးနှင့် ပုစွန်ဆိပ်တို့ဖြစ်သည်။
ပခုက္ကူဒေသထွက်၏ ရေထွက်ပစ္စည်းဖြစ်သော ငါးဈေးနှုန်း များမှာ ရေမောင်စာ တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ၊ တီလား ဗီးယား အကောင်သေး တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀၊ တီလား ဗီးယား အကောင်ကြီး တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀၊ ငါးမြင်း တစ်ပိဿာလျှင် ကျပ် ၅၇၀ဝ-၆၀ဝ၀ ၊ ငါးခုံးမ တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ ဖြစ်ပြီး ရန်ကုန်ငါးဒိုင်မှ ဝင်ရောက်သော ငါးကြီး သားဈေးနှုန်းများမှာ ငါးကြင်းဖြူ တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀၊ ဟင်းငံ (ငါး) တစ်ပိဿာလျှင် ကျပ် ၈၅၀ဝ၊ ငါးမြစ်ချင်း တစ်ပိဿာ လျှင် ကျပ်၇၅၀ဝ၊ ငါးမုတ်တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ၊ ငါးကြင်း မျက်ဆံနီ တစ်ပိဿာလျှင် ကျပ် ၆၇၀ဝ၊ ငါးခြစ် တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ တို့ဖြစ်ပြီး နေ့စဉ်ကုန်ချိန် ၂၀ဝ မှ ၅၀ဝ ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
လှိုင်ဥမ္မာဦး(ပခုက္ကူ)