မြင်းခြံမြို့ရှိ စည်ပင်သာယာနယ်နိမိတ်အတွင်း အများပြည်သူ စားသုံးရန်အတွက် အေးမြသီတာဈေး၌ ရောင်းချနေသော ငါးအမျိုး အမည်အလိုက် ဈေးနှုန်းများမှာ ဇူလိုင်လ နောက်ဆုံးပတ်တွင် ငါးကြင်းနီ အကောင်လိုက်တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ မှ ၉၀ဝ၀ ထိ လည်းကောင်း၊ ငါးကြင်းဖြူအကောင်လိုက် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ မှ ၁၁၀ဝ၀ ထိလည်း ကောင်း၊ ငါးခုတ်သားတစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ မှ ၁၈၀ဝ၀ ထိလည်းကောင်း၊ ငါးကြင်းခြစ် (အသား) တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ မှ ၁၈၀ဝ၀ ထိလည်းကောင်း၊ ငါးမြင်း အကောက်လိုက် တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ မှ ၆၅၀ဝ ထိလည်း ကောင်း၊ ငါးခူတစ်ပိဿာလျှင် ကျပ် ၇၅၀ဝ မှ ၈၅၀ဝ ထိလည်းကောင်း၊ ငါးကြင်းရွှေဝါအကောင်လိုက် တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ မှ ၆၅၀ဝ ထိ လည်းကောင်း၊ ပုစွန်အလတ် တစ်ပိဿာလျှင် ကျပ် ၂၆၀ဝ၀ မှ ၃၂၀ဝ၀ ထိလည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရသည်။
ဇွန်လနောက်ဆုံးပတ် ငါးမျိုးစုံဈေးနှုန်းများကို ကာလတူနှိုင်းယှဉ်ပါက ငါးကြင်းနီ အကောင်လိုက်တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ မှ ၉၀ဝ၀ ထိလည်းကောင်း၊ ငါးကြင်းဖြူ အကောင်လိုက် တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀ မှ ၁၀ဝ၀ဝ ထိ လည်းကောင်း၊ ငါးခုတ်သား တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ မှ ၁၇၀ဝ၀ ထိလည်းကောင်း၊ ငါးကြင်းခြစ်(အသား)တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀ မှ ၁၆၀ဝ၀ ထိလည်းကောင်း၊ ငါးမြင်း အကောင်လိုက် တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ မှ ၆၀ဝ၀ ထိလည်းကောင်း၊ ငါးခူတစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ မှ ၈၀ဝ၀ ထိလည်းကောင်း၊ ငါးကြင်း ရွှေဝါအကောင်လိုက် တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ မှ ၆၀ဝ၀ ထိလည်း ကောင်း၊ ပုစွန်အလတ် တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ၀ မှ ၃၀ဝ၀ဝ ထိ လည်းကောင်း ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ရာ ဇူလိုင်လ နောက်ဆုံးပတ်တွင် ငါးအမျိုးအစားအလိုက် တစ်ပိဿာလျှင် ကျပ် ၅၀ဝ မှ ၁၀ဝ၀ ထိ ဈေး နှုန်းမြင့တက်ခဲ့သည်။ မြင်းခြံမြို့ရှိ အေးမြသီတာဈေးတွင် ရောင်းချ နေသော ငါးမျိုးစုံမှာ ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင်ဗဟိုစံပြဈေးကြီးမှ ဝင်ရောက်ကြောင်း ငါးရောင်းဝယ်သူလုပ်ငန်းရှင်တစ်ဦး၏ပြောကြား ချက်အရ သိရှိရသည်။
သူဇာမိုး(မြင်းခြံ)