Main menu

Background

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးကွက်

Tue, 08/06/2024 - 14:27 -- journal_editor

ဘိလပ်မြေ
မော်လမြိုင်မြို့၌ ဇူလိုင်လစတုတ္ထပတ်တွင် ဘိလပ်မြေဈေး ကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်တွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေသော ဈေးမှာ ယခုတစ်ပတ်တွင်  ကြံ့နှစ်ကောင်(အနီ)  ကျပ် ၁၁၉၀ဝ၊ ကြံ့တံဆိပ် (အပြာ) ကျပ် ၁၁၅၀ဝ၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၁၁၉၀ဝ၊ ဖြင့်အရောင်း အဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုသတ်ဆေး ဈေးနှုန်းမှာ အရောင်းအဝယ်အေး၍ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး
ဇူလိုင်လ စတုတ္ထပတ်တွင်  ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေကော မက်) 15:15:15 50kg  ပါ တစ်အိတ်လျှင် ကျပ် ၁၂၈၀ဝ၀၊ ကွန်ပေါင်း 20:12:12 50kg ပါတစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ ကွန်ပေါင်း(Thai Grow How) 15:15:15 50kg  ပါ တစ်အိတ်လျှင် ကျပ် ၁၈၀ဝ၀ဝ၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ်လျှင် ကျပ် ၇၈၀ဝ၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါ တစ်အိတ်လျှင် ကျပ် ၈၇၀ဝ၀၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀%(သီးရွက်စုံ) 100cc တစ်ပုလင်းလျှင် ကျပ် ၃၁၀ဝ၊   မာလာမြိုင် ဆိုက်ပါ ၁၀%(သီးရွက်စုံ) 500cc  တစ်ပုလင်းလျှင် ကျပ် ၁၃၈၀ဝ  ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခုတစ်ပတ်တွင် ကွန်ပေါင်းThai Grow How) 15:15:15 နှင့် ထိုင်း(မြင်းပျံ)တို့မှာ ပစ္စည်းဝင်ရောက်မှု မရှိ သဖြင့် လက်ကျန်များကိုသာ ရောင်းချနေရကြောင်း ဓာတ်မြေသြဇာ ရောင်းချသူများထံမှ သိရသည်။ 
ရော်ဘာ
မွန်ပြည်နယ်အတွင်းရှိ   ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန် ရှိနေသည်။ ရော်ဘာဈေးနှုန်းမှာအဖွင့်ရာသီတွင် ျွှ-၃ တစ်ပေါင်လျှင် ကျပ် ၁၈၀ဝ၊ RSS-5  တစ် ပေါင်လျှင် ကျပ်၁၆၅၀ ရှိခဲ့ပြီး ဇူလိုင်  ၃၁ ရက်မှ သြဂုတ် ၅ ရက် ထိဈေးနှုန်းမှာRSS-3 တစ်ပေါင်လျှင် ကျပ် ၂၅၅၀၊  RSS-၅ တစ်ပေါင် လျှင်  ကျပ် ၁၄၀ဝ  ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ်ဈေး နှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် ကျပ် ၁၂၀၊ ယခင်နှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် ကျပ် ၁၀၂၀ ခန့် ဈေးနှုန်းပိုမိုလာခဲ့ သည်။ 
မိုးရာသီဖြစ်သဖြင့်  ရော်ဘာအစေးခြစ်ခြင်းကို ရပ်နားထားခြင်း ကြောင့် ရော်ဘာထွက်ရှိမှု မရှိသောကြောင့် ဈေးနှုန်း အနည်းငယ်မြင့် လာခြင်းဖြစ်သည်။ မော်လမြိုင်မြို့မှ  ရန်ကုန်မြို့သို့ သယ်ယူခနှုန်း ထားမှာ 50 kg  ပါတစ်ထုပ်လျှင် ကျပ်၂၄၀ဝ၊ ရော်ဘာ တစ်တန်လျှင် ကျပ် ၄၈၀ဝ၀၊  မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ (50 kg  ပါ တစ်ထုပ် လျှင် ကျပ် ၃၅၀ဝ၊   ရော်ဘာတစ်တန်လျှင် ကျပ် ၇၀ဝ၀ဝ ဖြစ်ကြောင်း သိရသည်။                                                        

 

အောင်မြင့်မြတ်(မွန်)