မကွေးတိုင်းဒေသကြီး အောင်လံမြို့ အောင်လံကုန်စည်ဒိုင်သည် အောင်လံမြို့နှင့် သရက်မြို့တို့မှ ထွက်ရှိသည့် သီးနှံ များ နေ့စဉ်အရောင်းအဝယ်ပြုလုပ်သည့် ကုန်စည်ဒိုင်တစ်ခုဖြစ်သည်။
နှမ်းသီးနှံ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းသီးနှံသည် သြဂုတ်လ ဒုတိယပတ်အတွင်းမှစတင်၍ နှမ်းသီးနှံအသစ်များ ထွက်ရှိ နေပြီး သီးနှံအဟောင်းများနှင့်အတူ ယခု စတုတ္ထပတ်အတွင်း တွင် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ နှမ်းနက်စမုန်မှာ တတိယပတ်အတွင်းတွင် တစ်တင်းလျှင် ကျပ် ၁၆၃၅၀ဝ မှ ၁၇၆၅၀ဝ အထိ ဈေးနှုန်းရှိခဲ့ပြီး စတုတ္ထပတ်အတွင်းတွင် တစ် တင်းလျှင် ကျပ် ၁၆၆၅၀ဝ မှ ၁၈၃၀ဝ၀ အထိရှိခဲ့၍ တစ်တင်း လျှင် ကျပ် ၃၀ဝ၀မှ ၆၅၀ဝ အထိ ဈေးနှုန်းအမြင့်ဖြင့် တင်းရေ ၆၀ဝ၀ တင်း၊ တန်အနေဖြင့် ၁၄၆ ဒသမ ၉၆ တန် အရောင်း အဝယ်ရှိခဲ့သည်။
နှမ်းနီမှာ တတိယပတ်အတွင်းတွင် တစ်တင်းလျှင် ကျပ် ၁၂၃၅၀ဝ မှ ၁၂၆၅၀ဝ အထိ ဈေးနှုန်းရှိခဲ့ပြီး စတုတ္ထပတ် အတွင်းတွင် တစ်တင်းလျှင် ကျပ် ၁၂၆၅၀ဝ မှ ၁၃၀ဝ၀ဝအထိ ရှိခဲ့၍ တစ်တင်းလျှင် ကျပ် ၃၀ဝ၀ မှ ၃၅၀ဝ အထိ ဈေးနှုန်း အမြင့်ဖြင့် တင်းရေ ၆၀ဝ၊ တန်အနေဖြင့် ၁၄ ဒသမ ၆၉ တန် အရောင်းအဝယ်ရှိခဲ့သည်။
နှမ်းဖြူမှာ တတိယပတ်အတွင်းတွင် တစ်တင်းလျှင် ကျပ် ၁၂၃၀ဝ၀ အထိ ဈေးနှုန်းရှိခဲ့ပြီး စတုတ္ထပတ်အတွင်းတွင် တစ်တင်းလျှင် ကျပ် ၁၂၆၅၀ဝ မှ ၁၃၃၀ဝ၀ အထိရှိခဲ့၍ တစ် တင်းလျှင် ကျပ် ၃၀ဝ၀ မှ ၁၀ဝ၀ဝ အထိ ဈေးနှုန်းအမြင့်ဖြင့် တင်းရေ ၃၀ဝ၊ တန်အနေဖြင့် ၇ ဒသမ ၃ တန် အရောင်း အဝယ်ရှိခဲ့သည်။
ပဲမျိုးစုံသီးနှံ
မတ်ပဲမှာ တတိယပတ်အတွင်းတွင် တစ်တင်းလျှင် ကျပ် ၁၁၈၀ဝ၀ မှ ၁၂၀ဝ၀ဝ အထိဈေးနှုန်းရှိခဲ့ပြီး စတုတ္ထပတ် တွင် တစ်တင်းလျှင် ကျပ် ၁၁၉၀ဝ၀ မှ ၁၂၀ဝ၀ဝ ရှိခဲ့၍ တစ် တင်းလျှင် အနိမ့်ဈေး ကျပ်၁၀ဝ၀ မြင့်တက်ခဲ့ပြီး ဝယ်သိုကုန် သည်များမှ တင်း ၂၇၀ဝ ခန့် အရောင်းအဝယ်ရှိခဲ့သည်။
ပဲစင်းငုံနီကို သိုလှောင်ကုန်သည်များမှ အရောင်းအဝယ် ဖြစ်လျက်ရှိရာ တတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၁၄၈၀ဝ၀ မှ ၁၄၉၄၀ဝ ထိရှိခဲ့ပြီး၊ စတုတ္ထပတ်တွင် တစ်တင်းလျှင် ကျပ် ၁၄၈၀ဝ၀မှ ၁၅၂၀ဝ၀ ထိရှိခဲ့၍ အမြင့်ဈေး တစ်တင်းလျှင် ကျပ် ၂၆၀ဝ မြင့်တက်ခဲ့ပြီး ပဲစင်းငုံနီ ၁၅၀ဝ တင်းခန့် အရောင်းအဝယ်ရှိခဲ့သည်။
ပဲတီစိမ်းသီးနှံမှာ တတိယပတ်အတွင်းတွင် ကျပ် ၅၀ဝ၀ဝ မှ ၆၂၀ဝ၀ အထိရှိခဲ့ပြီး စတုတ္ထပတ်အတွင်းတွင် ကျပ် ၅၀ဝ၀ဝမှ ၆၃၀ဝ၀ ထိရှိခဲ့၍ တစ်တင်းလျှင် ကျပ် ၁၀ဝ၀ မြင့် တက်ခဲ့ပြီး တင်း ၂၂၅၀ အရောင်းအဝယ်ရှိခဲ့သည်။
ကုလားပဲ(ဟော်လန်)သီးနှံမှာ တတိယပတ်တွင် ကျပ် ၉၇၀ဝ၀ မှ ၁၀ဝ၀ဝ၀ အထိ ဈေးနှုန်းရှိခဲ့ရာ စတုတ္ထပတ်တွင် ကျပ် ၉၉၀ဝ၀ မှ ၁၀ဝ၀ဝ၀ အထိရှိခဲ့၍ တစ်တင်းလျှင် ကျပ် ၂၀ဝ၀ မြင့်တက်ခဲ့ပြီး ၂၄၀ဝ တင်း အရောင်းအဝယ်ရှိခဲ့သည်။ ကုလားပဲ(မြကြေး)မှာ တတိယပတ်တွင် ကျပ် ၁၀၅၀ဝ၀ အထိ ဈေးနှုန်းဖြင့် စတုတ္ထပတ်တွင် ကျပ် ၁၀၅၀ဝ၀-၁၀၇၀ဝ၀ အထိ ဈေးနှုန်းဖြင့် ကျပ် ၂၀ဝ၀ မြင့်တက်ခဲ့ပြီး တင်း ၁၈၀ဝ ခန့် အရောင်းအဝယ်ရှိခဲ့သည်။
ပဲကြီးသီးနှံမှာ အောင်လံကုန်စည်ဒိုင်တွင် တတိယပတ် အထိ တစ်တင်းလျှင် ကျပ် ၈၄၀ဝ၀မှ ၉၀ဝ၀ဝ အထိရှိခဲ့ပြီး စတုတ္ထပတ်တွင် ကျပ် ၈၀ဝ၀ဝ-၉၀ဝ၀ဝ ရှိခဲ့၍ ကျပ် ၄၀ဝ၀ ခန့်ဈေးကျပြီး တင်း၂၇၀ အရောင်းအဝယ်ရှိခဲ့သည်။
မြေပဲလုံးဆန်နီနှင့် လုံးဆန်ဖြူတို့မှာ သီးနှံအသစ်နှင့် အဟောင်းလက်ကျန်အနည်းငယ်တို့ အရောင်းအဝယ်ဖြစ် လျက်ရှိရာ စတုတ္ထပတ်တွင် ကျပ် ၁၀ဝ၀ဝ-၁၀၅၀ဝ ရှိခဲ့ပြီး မြေပဲလုံးဆန်နီ ၁၂၀ ပိဿာနှင့် မြေပဲလုံးဆံဖြူ ၁၃၀ ပိဿာ ခန့် အရောင်းအဝယ်ရှိခဲ့သည်။
မြေပဲတောင့်အစိုမှာ တတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၃၂၀ဝ၀မှ ၃၃၀ဝ၀ ထိဈေးနှုန်းရှိခဲ့၍ စတုတ္ထပတ်တွင် တစ်တင်းလျှင် ကျပ် ၂၄၀ဝ၀ မှ ၂၅၀ဝ၀ ထိ ဈေးနှုန်းရှိခဲ့၍ တစ်တင်းလျှင် ကျပ် ၈၀ဝ၀ ဈေးကျပြီး တင်း ၃၅၀ဝ ခန့် အရောင်းအဝယ်ရှိခဲ့သည်။
ဝါသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ
ဝါသီးနှံအနေဖြင့် ယခုရာသီတွင် ဝါကို သိုလှောင်ကုန် သည်များမှ ဈေးနှုန်းအတက်အကျကို စောင့်ဆိုင်းလျက် အရောင်းအဝယ်ပြုလျက်ရှိရာ စတုတ္ထပတ်အတွင်းတွင် ဝါ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ မှ ၃၁၀ဝ ဈေးနှုန်းရှိခဲ့၍ ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်း၊ ဝါပိဿာချိန် ၁၀ဝ၀ဝ ခန့်အား မန္တလေးမြို့သို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။
အောင်လံကုန်စည်ဒိုင်အနေဖြင့် သြဂုတ်လ စတုတ္ထ ပတ်အတွင်းတွင် နှမ်း ၁၅၄ ဒသမ၃၁ တန်၊ ပဲတီစိမ်း ၇၃ ဒသမ ၄၈ တန်၊ စုစုပေါင်းတန်ချိန် ၂၂၇ ဒသမ ၇၉ တန်အား မန္တလေးမြို့သို့ တင်ပို့ရောင်းချပေးနိုင်ခဲ့ပြီး ပဲစင်းငုံနီ၊ မတ်ပဲ၊ ကုလားပဲ(ူံ)နှင့်ကုလားပဲ(မြကြေး)၊ မြေပဲလုံးဆန်နီ၊ မြေပဲလုံး ဆန်ဖြူတို့ကို ရန်ကုန်မြို့သို့ စုစုပေါင်းတန်ချိန် ၃၃၃ ဒသမ ၁၂ တန်အား လည်းကောင်း၊ ပဲကြီး၊ ကုလားပဲ(ူံ)နှင့် ကုလားပဲ (မြကြေး) အနည်းငယ်တို့အား အောင်လံမြို့နယ်နှင့် သရက် မြို့နယ်အတွင်းရှိ ခွဲစက်များနှင့် ပဲကြော်၊ ပဲလှော် လုပ်ငန်းရှင် များသို့ ဖြန့်ဖြူးရောင်းချပေးခဲ့ရကြောင်း အောင်လံကုန်စည် ဒိုင်မှ သိရသည်။
ရီရီထွေး (သရက်)