Main menu

Background

ပခုက္ကူမြို့ ဘိလပ်‌မြေ၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများ အခြေအနေ

Mon, 10/07/2024 - 13:17 -- journal_editor

ပခုက္ကူမြို့တွင် သြဂုတ်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေ သော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် ၁၁၃၀ဝ၊ အယ်လ်ဖာဘိလပ်မြေ တစ် အိတ်လျှင် ကျပ် ၁၁၂၀ဝ၊ အပါချီ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် ၁၂၈၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 
စက်တင်ဘာလ   စတုတ္ထပတ်တွင်  ဓာတ်မြေသြဇာ ဈေးနှုန်းများမှာ သြဂုတ်လ စတုတ္ထပတ်ထက် ဈေးနှုန်းများ တက်လာသည်ကို တွေ့ရသည်။ ယခုလက်ရှိဈေးနှုန်းများမှာ  အာမိုယူရီးယား (50)kg ပါ တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ သြဘာယူရီးယား (50)kg ပါ တစ်အိတ်လျှင် ကျပ် ၉၃၀ဝ၀၊ ရွှေနဂါးယူရီးယား တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ တရုတ် တီစူပါ သံကွင်း (50)kg ပါ တစ်အိတ်လျှင် ကျပ် ၁၆၅၀ဝ၊ တရုတ် ပုလဲရွှေတောင် (50)kg  ပါ တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ မြန်မာသြဘာရွှေကောမက် (50)kg ပါ တစ်အိတ် လျှင် ကျပ် ၁၆၅၀ဝ၀၊ သြဘာကွန်ပေါင်း (50)kg ပါ တစ်အိတ် လျှင် ကျပ် ၁၄၀ဝ၀ဝ၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50)kg) ပါ တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ၊ တရုတ်အာမို ၁၆း၁၆း၁၆ (50)kg)ပါ တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။
စက်တင်ဘာလ   စတုတ္ထပတ်တွင်  ဖြစ်ပေါ်နေသော ပိုးသတ်ဆေး ဈေးနှုန်းများမှာ သြဂုတ်လ စတုတ္ထပတ် ဈေးနှုန်း များ ထက် မြင့်တက်ခဲ့ပြီး အာမိုမက်နီ ဖော့(500)cc တစ်ဘူး လျှင် ကျပ် ၅၅၀ဝ၀၊ အာမိုမက်နီဖော့ တစ်လီတာတစ်ဘူးလျှင် ကျပ် ၁၀၅၀ဝ၀၊ အာမိုစတား  တစ်လီတာ တစ်ဘူးလျှင် ကျပ် ၆၉၀ဝ၀၊ အာမိုအီမာ (250)cc တစ်ဘူးလျှင် ကျပ် ၂၀ဝ၀ဝ၊ (500)ccတစ်ဘူးလျှင် ကျပ် ၂၈၅၀ဝ၊ တစ်လီတာ တစ်ဘူးလျှင် ကျပ် ၅၃၀ဝ၀၊ ဂျက်ကက် မင်းမဟော် (100)cc တစ်ဘူးလျှင် ကျပ် ၁၆၅၀ဝ၊ သြဘာအဆီဖိတ် ((500)cc တစ်ထုပ်လျှင် ကျပ် ၃၅၅၀ဝ၊ သြဘာငှက်ကြီးတောင် (100)cc တစ်ဘူးလျှင် ကျပ် ၂၉၀ဝ၀၊ သြဘာငှက်ကြီးတောင် ((250)cc တစ်ဘူးလျှင်ကျပ် ၆၇၀ဝ၀၊ မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ် ၄၇၀ဝ၀၊ မင်းမဟော်ဖော်ယူဘိုး (250)ccတစ်ဘူးလျှင် ကျပ် ၂၅၀ဝ၀ ၊ မင်းမဟော် ဂုတ်မက်ပ် (250)cc တစ်ဘူးလျှင် ကျပ် ၃၈၀ဝ၀၊ ((500)ccတစ်ဘူးလျှင် ကျပ် ၆၈၀ဝ၀  ဈေးနှုန်း အသီး သီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
 စက်တင်ဘာ စတုတ္ထပတ်တွင် သြဂုတ်လ စတုတ္ထပတ် ထက်  ပိုးသတ်ဆေးဈေးနှုန်းမှာ  တက်လာသည်ကို တွေ့ရှိ ရပြီး သီးနှံသိုလှောင်ချိန်ဖြစ်သောကြောင့်  ပိုးသတ်ဆေးမှာ ပို၍အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ  သိရသည်။

စန်းမြင့်ရီ (ပခုက္ကူ)