ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန် ချော အမျိုးအစားအလိုက် အောက်တိုဘာလ ပထမပတ်တွင် ဧည့်မထတစ်ပြည်လျှင် ကျပ် ၃၃၀ဝ-၃၄၀ဝ ထိ၊ တောင်ပျံဆန်(ရိုးရိုး) တစ်ပြည်လျှင် ကျပ် ၅၁၀ဝ-၅၂၀ဝ ထိ၊ ကျားပျံ ဆန်(ရိုးရိုး) တစ်ပြည်လျှင် ကျပ် ၅၃၀ဝ-၅၄၀ဝ ဖြင့်လည်းကောင်း၊ စား အုန်းဆီတစ်ပိဿာလျှင် ယခင်တစ်ပတ်တွင် ကျပ် ၇၀၅၀၊ ယခုတစ်ပတ်တွင် ကျပ် ၆၉၂၀ ဖြင့် ဈေးနှုန်းအနည်းကျဆင်းလျက်ရှိပြီး ပဲဆီတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ ဖြင့်လည်းကောင်း၊ ကြက်သွန်နီ အသစ်ဆိုဒ်စုံ တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ-၃၂၀ဝ၊ ကြက်သွန်ဖြူ(ကြက်ကုတ်)တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ၊ နနွင်းမှုန့် တစ်ပိဿာ လျှင် ကျပ် ၁၃၀ဝ၀၊ ရိုးရိုးဆားတစ်ပိဿာလျှင်ကျပ် ၆၀ဝ၊ အိုင်အိုဒင်းဆား တစ်ထုပ် လျှင် ကျပ်၆၀ဝ၊ ငရုတ်တောင့် (အရှည်)တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ၊ ငါးရံ့ ခြောက် တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ၀၊ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင် ကျပ် ၇၀ဝ၊ ကြက်ဥ တစ်လုံးလျှင် ကျပ် ၄၀ဝ နှင့် ဘဲဥ တစ်လုံးလျှင် ကျပ် ၄၅၀-၅၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
အလားတူ ဗမာကြက်တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၀၊ ဃဏကြက်တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ ဝက်သားတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ၊ အမဲသား တစ်ပိဿာလျှင် ၁၈၀ဝ၀၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ၀၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ် ၈၅၀ဝ စသည်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် စည်ပင်သာယာ မြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း ဆန်ချော ဈေးနှုန်းများ၊ အသားငါးဈေးနှုန်းများနှင့် စားသောက်ကုန်ပစ္စည်း(ကုန်ခြောက်) ဈေး နှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်ကျဆင်း လျက်ရှိကြောင်း သိရသည်။
တင်မင်း