အောက်တိုဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့ ရေပေါ်ဈေးရှိ ကုန် စိမ်းသီးနှံများမှာ ဈေးနှုန်းအနည်းငယ် တက်နေသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ခရမ်းသီးတစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၂၀ဝ၀၊ ပန်း ဂေါ်ဖီ တစ်ပွင့်လျှင် ကျပ် ၂၅၀ဝ၊ ငရုတ်ပွ တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ၊ ခဝဲ သီး တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀၊ ပဲတောင့် ရှည်အစည်းသေး တစ်စည်းလျှင် ကျပ် ၁၀ဝ၀၊ ငရုတ်စိမ်းတောင့်ရှည် တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် ၅၀ဝ၊ ကင်းပွန်းချဉ်ရွက် တစ်စည်း လျှင် ကျပ် ၅၀ဝ၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၅၀ဝ တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
သီတာဌေး