Main menu

Background

ဆီကြိတ်ဖတ်ဈေးကွက်

Mon, 10/07/2024 - 15:34 -- journal_editor

မန္တလေးကုန်စည်ဒိုင်တွင် ပြည်တွင်း၌ကြိတ်ခွဲသည့် စားသုံးဆီများဖြစ် သည့် မြေပဲ၊ နှမ်း၊ နေကြာ တို့ကို ဆီကြိတ်ခွဲရာမှ ထွက်ရှိလာသည့် ဆီကြိတ်ဖတ် များကို နေ့စဉ်ဈေးကွက်တစ်ခုအဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကုန် ကြမ်းဈေးအနိမ့်အမြင့်နှင့် တိရစ္ဆာန်အစာ ဈေးကွက်ပေါ်မူတည်ပြီး ကြိတ်ဖတ် ဈေးအနိမ့်အမြင့် ဖြစ်ပေါ်လျက်ရှိပြီး  မွေးမြူရေးအစာစက်ရုံများမှ အများဆုံး ဝယ်ယူရှိနေကြောင်း သိရသည်။
ဈေးကွက်အတွင်း စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ဆီ ကြိတ်ဖတ် ဈေးနှုန်းများမှာ ပဲဖတ် တစ်ပိဿာဈေးနှုန်းမှာ စက်တင်ဘာလတွင် ကျပ် ၅၇၀ဝ မှ ၅၈၀ဝ ဖြစ်ပြီး ယခု ဈေးငြိမ်နေလျက်ရှိသည်။ နှမ်းဖတ် တစ် ပိဿာဈေးနှုန်းမှာ ယခုတစ်ပတ်တွင် ကျပ် ၃၉၀ဝ မှ ၄၀ဝ၀၊ ပြီးခဲ့သည့် တစ် ပတ်တွင် ကျပ် ၃၉၀ဝ၊ စက်တင်ဘာလအတွင်း ကျပ် ၃၉၀ဝ မှ ၃၉၅၀ဖြစ်ပြီး စက်တင်ဘာလထက် ကျပ် ၅၀ မြင့်တက်လာသည်။
နေကြာဖတ် တစ်ပိဿာဈေးနှုန်းမှာ ကျပ် ၃၀၅၀ ဖြစ်ပြီး စက်တင်ဘာလ ထက် ကျပ် ၅၀  နိမ့်ကျလာသည်။
     

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး