Main menu

Background

ပုဇွန်တောင်ဈေးအတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်းများ

Tue, 11/05/2024 - 11:57 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ပုဇွန်တောင်ဈေး အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း/ ဆန်ချော အမျိုးအစားများအလိုက် အောက်တိုဘာ နောက်ဆုံး ပတ်တွင် ဧည့်မထတစ်ပြည်လျှင် ကျပ် ၃၀ဝ၀ မှ ၃၈၀ဝ ထိ၊ ငစိန်တစ် ပြည်လျှင် ကျပ် ၂၇၀ဝ မှ၂၈၀ဝထိ၊  ဇီယာတစ်ပြည်လျှင် ၃၀ဝ၀ ကျပ် မှ ၃၅၀ဝထိ၊  ပေါ်ကျွဲတစ်ပြည်လျှင် ကျပ် ၄၅၀ဝမှ ၅၀ဝ၀ထိ၊ ပုသိမ် ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၀ဝ၀ မှ ၅၆၀ဝ ထိ၊  ဖျာပုံပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၅၀ဝ၀ မှ ၅၅၀ဝထိ၊ ဖျာပုံပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၀ဝ၀မှ ၅၅၀ဝထိ၊ ရွှေဘိုပေါ်ဆန်းမွှေး တစ်ပြည်လျှင် ကျပ် ၆၅၀ဝ မှ ၆၈၀ဝ ထိလည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။
အလားတူ စားဖိုဆောင်သုံး  စားသောက်ကုန်များတွင် ဆီ (စားအုန်းဆီ)  တစ်ပိဿာ ကျပ် ၆၇၀ဝ ၊ ပဲဆီ တစ်ပိဿာကျပ်၂၀ဝ၀ဝ၊ ကြက်သွန်နီ (ကြီး) တစ်ပိဿာ ကျပ် ၄၂၀ဝ ၊ (သေး) တစ်ပိဿာ ကျပ် ၂၅၀ဝ ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ကျပ် ၂၄၀ဝ၀  ၊ (အမွှာ) တစ်ပိဿာ ကျပ် ၂၀ဝ၀ဝ၊ (ဥတစ်လုံး) တစ်ပိဿာ ကျပ် ၂၂၀ဝ၀ တို့ဖြစ်ပြီး အာလူးတစ်ပိဿာ ကျပ် ၈၀ဝ၀၊ နနွမ်းမှုန့် တစ်ပိဿာ ကျပ် ၁၄၀ဝ၀၊ နနွင်းတက်တစ်ပိဿာ ကျပ် ၈၀ဝ၀ ၊ အိုင်အိုဒင်းဆားတစ်ထုပ် ကျပ် ၈၀ဝ၊  ရိုးရိုးဆားတစ်ထုပ် ကျပ် ၅၀ဝ၊  မန်ကျည်းသီးမှည့် တစ် ပိဿာ ကျပ်၁၀ဝ၀ဝ၊ ငရုတ်တောင့်(ရှည်)တစ်ပိဿာ ကျပ် ၁၄၀ဝ၀ ငရုတ်တောင့်(ပု)တစ်ပိဿာ ကျပ် ၁၆၀ဝ၀၊  မြန်မာပဲနီလေးတစ်ပိဿာ ကျပ် ၁၄၀ဝ၀၊  ပဲဝါလေး တစ်ပိဿာ ကျပ် ၅၀ဝ၀၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၇၀ဝ၀၊ ချင်းတစ်ပိဿာ ကျပ် ၆၀ဝ၀ တို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ မွေးမြူရေးကြက်တစ်ပိဿာ ကျပ် ၂၀ဝ၀ဝ၊ မြန်မာ ကြက်တစ်ပိဿာ ကျပ် ၃၀ဝ၀ဝ၊ ဝက်သားတစ်ပိဿာ ကျပ် ၂၆၀ဝ၀၊ ဘဲသား  တစ်ပိဿာ ကျပ် ၂၀ဝ၀ဝ၊ ဆိတ်သားတစ်ပိဿာ ကျပ် ၂၉၀ဝ၀၊ အမဲသားတစ်ပိဿာ ကျပ် ၂၃၀ဝ၀၊ ငါးကြင်း တစ်ပိဿာ ကျပ် ၂၀ဝ၀ဝ၊ ငါးမြစ်ချင်းတစ်ပိဿာ ကျပ် ၉၀ဝ၀၊ ‌ရေချိုငါးခူ တစ်ပိဿာ ကျပ် ၂၅၀ဝ၀ ၊ မွေးမြူရေးငါးခူတစ်ပိဿာ ကျပ် ၁၉၀ဝ၀၊ ပုစွန်ထုပ်(ကြီး)တစ်ပိဿာ ကျပ် ၄၇၀ဝ၀၊ ပုစွန်ထုပ်(လတ်)တစ် ပိဿာ ကျပ် ၄၂၀ဝ၀၊ ပုစွန်ကျော့တစ်ပိဿာ ကျပ် ၂၇၀ဝ၀၊ ငါးတန် တစ်ပိဿာ ကျပ် ၂၀ဝ၀ဝ၊ ပင်လယ်ငါး တစ်ပိဿာ ကျပ် ၉၀ဝ၀၊ ငါးရံ့တစ်ပိဿာ ကျပ် ၂၅၀ဝ၀၊ ငါးကျည်း တစ်ပိဿာ ၃၅၀ဝ၀ ကျပ်၊ ရေချိုငါးသလောက်တစ်ပိဿာ ကျပ် ၃၇၀ဝ၀၊ ပုစွန်ခြောက်(ကြီး)တစ်ပိဿာ ကျပ် ၁၂၀ဝ၀ဝ၊ ပုစွန်ခြောက် (လတ်)တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ၀၊ ပုစွန်ခြောက်(သေး)တစ်ပိဿာ ကျပ် ၆၀ဝ၀ဝ၊ ငါးရံ့ခြောက် တစ်ပိဿာ ကျပ် ၈၀ဝ၀ဝ၊   ငါးကျည်းခြောက်  တစ်ပိဿာ ကျပ် ၈၀ဝ၀ဝ၊ ငါးပိကောင်တစ်ပိဿာ ကျပ် ၂၅၀ဝ၀၊ အာပြဲခြောက် တစ် ပိဿာ ကျပ် ၃၃၀ဝ၀ တို့ဖြစ်ကြောင်း သိရသည်။
    

 

မင်းမင်းစိုး