Main menu

Background

ရန်ကုန်မြို့တွင်းရှိ ဈေးများ၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Wed, 02/05/2025 - 11:27 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်ဈေးအတွင်း အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ဖြစ်သော ဆန်ကြမ်း၊ ဆန်ချော အမျိုး အစားများအလိုက် ဇန်နဝါရီလ နောက်ဆုံးပတ် တွင် ဧည့်မထတစ်ပြည်လျှင် ကျပ် ၃၄၀ဝ မှ ၄၀ဝ၀ ထိ၊ ငစိန်တစ်ပြည်လျှင် ကျပ် ၂၆၀ဝ မှ ၂၈၀ဝ ထိ၊  ဇီယာ တစ်ပြည်လျှင်ကျပ် ၃၂၀ဝ မှ ၃၅၀ဝ ထိ၊  ပေါ်ကျွဲတစ်ပြည်လျှင် ကျပ် ၄၉၀ဝ၊ ပုသိမ်ပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၅၇၀ဝ၊  ဖျာပုံပေါ်ဆန်းတစ်ပြည် လျှင် ကျပ် ၅၅၀ဝ၊ ရွှေဘိုပေါ်ဆန်းမွှေး တစ်ပြည် လျှင် ကျပ်  ၆၇၀ဝ  တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။
စားဖိုဆောင်သုံး စားသောက်ကုန်များတွင် စားအုန်းဆီ တစ်ပိဿာ ကျပ် ၇၇၀ဝ၊  ပဲဆီ တစ် ပိဿာ ကျပ် ၁၉၀ဝ၀၊ ကြက်သွန်နီ တစ်ပိ ဿာ ကျပ် ၅၀ဝ၀၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာ ကျပ် ၂၂၀ဝ၀၊  (အမြွှာ)  တစ်ပိဿာ ကျပ် ၂၀ဝ၀ဝ၊ (ဥတစ်လုံး) တစ်ပိဿာ ကျပ် ၂၅၀ဝ၀ တို့ဖြစ်ပြီး အာလူး တစ်ပိဿာ ကျပ် ၇၀ဝ၀၊ နနွင်းမှုန့် တစ် ပိဿာ ကျပ် ၁၄၀ဝ၀၊ နနွင်းတက် တစ်ပိဿာ ကျပ် ၈၀ဝ၀၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ မှ  ၁၆၀ဝ၀၊ ချင်း တစ်ပိဿာ ကျပ် ၇၀ဝ၀ မှ ၉၀ဝ၀ တို့ဖြစ်ကြောင်း သိရသည်။
အသား၊ ငါးဈေးနှုန်းများမှာလည်း မွေးမြူ ရေးကြက် တစ်ပိဿာ ကျပ် ၁၉၀ဝ၀၊ မြန်မာကြက် တစ်ပိဿာကျပ်  ၃၁၀ဝ၀၊  ဝက်သားတစ်ပိဿာ  ကျပ် ၃၀ဝ၀ဝ၊ ဘဲသားတစ်ပိဿာ ကျပ် ၃၀ဝ၀ဝ၊ ဆိတ်သား  တစ်ပိဿာ ကျပ် ၃၁၀ဝ၀၊ အမဲသား တစ်ပိဿာ ကျပ် ၂၆၀ဝ၀၊ ငါးကြင်း တစ်ပိဿာ ကျပ် ၁၉၀ဝ၀၊ ငါးမြစ်ချင်းတစ်ပိဿာ ကျပ် ၉၀ဝ၀ တို့ဖြစ်ကြောင်း  သိရသည်။
ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန် ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း၊ဆန်ချောအမျိုးအစားအလိုက် (ထိပ်စ၊ လတ်စ၊ နိမ့်စ) များတွင် ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၃၃၀ဝ-၃၄၀ဝ၊ ငစိန်ဆန် တစ်ပြည်လျှင် ကျပ် ၃၀ဝ၀၊ ၃၁၀ဝ၊ ကြား ပျံဆန် ရိုးရိုးတစ်ပြည်လျှင် ကျပ် ၅၃၀ဝ-၅၄၀ဝ တို့ဖြင့်လည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၇၆၀ဝဖြင့် ပဲဆီတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ၊ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀-၃၅၀ဝ-၄၀ဝ၀၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ် ပိဿာလျှင် ကျပ် ၁၅၀ဝ၀-၂၀ဝ၀ဝ၊ ငရုတ်တောင့် ရှည် တစ်ပိဿာလျှင်  ကျပ် ၉၀ဝ၀၊  မန်ကျည်း သီးမှည့်တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ၊ ငါးရံ့ခြောက် တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ၀၊ ကြက်ဥ (ဃဏ)တစ် လုံးလျှင် ကျပ် ၃၈၀-၄၀ဝ ၊ ဘဲဥတစ်လုံးလျှင် ကျပ် ၅၀ဝ-၅၅၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။
ခရမ်းမြို့နယ်၌ အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်ကြမ်း၊ ဆန်ချော အမျိုးအစားလိုက် ဧည့်မထအုပ်စုတစ်ပြည်လျှင် ကျပ် ၃၅၀ဝ-၃၈၀ဝ၊ ဧရာဝတီပေါ်ဆန်းဆန်နှင့် ကျားပျံဆန် တစ်ပြည် လျှင် ကျပ် ၅၆၀ဝ-၅၈၀၊ ငစိန်အုပ်စု ပုသိမ်ရာ ကျော်ဆန် တစ်ပြည်လျှင် ကျပ်၂၉၀ဝ-၃၀ဝ၀ဖြင့် လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ယခု တစ်ပတ်ဈေးနှုန်းမှာ ကျပ် ၇၇၅၀ ဖြင့် ဈေးနှုန်း အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။
မြေပဲဆီ  တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ၀ ဖြင့်လည်းကောင်း၊  ကြက်သွန်နီ(အသစ်)ဆိုဒ်စုံ တစ်ပိဿာလျှင် ကျပ် ၃၅၀ဝမှ၅၀ဝ၀၊ ကြက်သွန် ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀၊ ဆား ကြမ်း တစ်ပိဿာလျှင် ကျပ် ၇၀ဝ၊ ငရုတ်တောင့် အရှည် တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀မှ၁၂၀ဝ၀၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀၊ အာလူး တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ မျှင်ငါးပိ တစ်ပိဿာ လျှင် ကျပ် ၈၀ဝ၀၊ ကြက်ဥတစ်လုံးလျှင် ကျပ် ၃၆၀ မှ ၄၀ဝ နှင့် ဘဲဥတစ်လုံး ကျပ် ၅၀ဝ မှ ၆၀ဝ  တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။
သန်လျင်မြို့နယ်၌ အခြေခံစားသောက်ကုန် များဖြစ်သော ဆန်ကြမ်း၊ ဆန်ချော အမျိုးအစား အလိုက် ဧည့်မထ  တစ်ပြည်လျှင် ကျပ် ၃၅၀ဝ-၄၀ဝ၀ ထိ၊ ဧရာဝတီပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၆၀ဝ၀-၆၈၀ဝ၊ ငစိန်အုပ်စု ပုသိမ်ရာကျော်တစ်ပြည် လျှင် ကျပ် ၃၂၀ဝ-၃၅၀ဝ၊ စားအုန်းဆီတစ်ပိဿာ လျှင် ကျပ် ၇၅၅၀ ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်း လျက်ရှိပြီး၊ ပဲဆီတစ်ပိဿာ လျှင် ကျပ် ၂၂၀ဝ၀  ၊ ကြက်သွန်နီအသစ် ဆိုဒ်ဆုံ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀-၃၅၀ဝ၊ ကြက်သွန်ဖြူ (ကြက်ကုတ်)တစ် ပိဿာလျှင် ကျပ် ၂၅၀ဝ၀ ဖြစ်သည်။ 
အင်းစိန်မြို့နယ်ရှိ  တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့  ဇန်နဝါရီလ နောက်ဆုံးပတ် တွင် ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင် ကျေးရွာ၊  ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊  လက်ပံတန်း၊  မင်းလှ၊  ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့်   သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက် ရောင်းချနေကြောင်း သိရ သည်။

 

ငြိမ်းငြိမ်းဝင်း ၊ တင်မင်း၊ ကျော့ကေခိုင်၊ လဲ့လဲ့ဌေး၊ ဇော်မင်းဦး