ပြည်ဈေးကွက်၏ ကြက်သွန်နီဈေးကွက်အနေဖြင့် အရောင်းအဝယ် ကောင်းလျက်ရှိနေပြီး ဖေဖော်ဝါရီလအတွင်း တောင်တွင်း၊ အောင်လံ၊ သရက်စသည့် နယ်ဘက်မှ ကြက်သွန်နီများ ပိုမိုဝင်လာ ကြောင်းသိရသည်။
ပြည်ဈေးကွက်သို့ ၂၈ ပိဿာဆံ့ အိတ် ၅၀ဝ ခန့် ပိဿာချိန်အား ဖြင့် ပိဿာ ၁၄၀ဝ၀ နေ့စဉ်ပုံမှန် အဝင်ရှိနေပြီး အရောင်းအဝယ်အားဖြင့် ပုံမှန်ဒေသတွင်း ဝယ်လက်များ၊ အိတ်ဆွဲ ဝယ်ရောင်းသမားများအပြင် ရန်ကုန်နှင့် သာယာဝတီခရိုင် မင်းလှမြို့ နယ်ဘက်ခြမ်းမှ အဝယ်များပြီး ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ဘက်ခြမ်းတွင် အရောင်းအဝယ် အနည်း ငယ် လျော့နည်းသွားကြောင်း သိရသည်။
ဖေဖော်ဝါရီလအတွင်း အဝင်များသည့်အတွက် ယခင် ဇန်နဝါရီ လနှင့် နှိုင်းယှဉ်ပါက ပျမ်းမျှ တစ်ပိဿာလျှင်ကျပ် ၄၀ဝ-၅၀ဝ နှုန်းခန့် ကျဆင်းသွားပြီး လက်ရှိတွင် ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး၊ လတ်၊ သေး ကျပ် ၃၂၀ဝ၊ ၃၀ဝ၀-၂၈၀ဝ၊ ၂၆၀ဝ-၂၄၀ဝ နှုန်းများနှင့် မြို့ပေါ် လက်လီဈေးများတွင် ကျပ် ၄၀ဝ၀၊ ၃၈၀ဝ-၃၅၀ဝ၊ ၃၀ဝ၀-၃၂၀ဝ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိနေကြောင်း သိရသည်။
ပြည်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော စပါးအမျိုး အစားများမှာ မှော်ဘီစပါး ၄၀ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၈၄၀ဝ၀ဝ၊ ရတနာတိုး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၆၅၆၀ဝ၀၊ ကရင်မစပါးမှာ ကျပ် ၁၇၄၈၀ဝ၀ လျှင် နှံကောက်စပါးမှာ ကျပ် ၁၅၆၄၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ရှိသည်။
ဆန်ဈေးများအနေဖြင့် ရတနာတိုးဆန်သစ် တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀၊ မှော်ဘီဆန် (၁၅)မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ မှော် ဘီ (၂၅)မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ၊ နှံကောက်ဆန် သစ် တစ်အိတ်လျှင် ကျပ် ၇၂၀ဝ၀၊ ကရင်မဆန် တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ၊ ဆင်းသွယ်တစ်အိတ်လျှင် ကျပ် ၇၃၀ဝ၀၊ ရိုးနီသစ် တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀၊ မနောသုခ (အသစ်)တစ်အိတ်လျှင် ကျပ် ၆၉၀ဝ၀ ဖြင့် ဈေး ကွက်အတွင်းအရောင်းအဝယ်ရှိသည်။ ဆန်စီးဆင်းမှုအနေဖြင့် ပြည်ခရိုင် မှ ရန်ကုန်သို့ တစ်ပတ်လျှင် အိတ်ရေ ၂၀ဝ၀ ခန့် တင်ပို့မှုရှိပြီး မကွေးတိုင်း ဒေသကြီးသို့ တစ်ပတ်လျှင် အိတ် ၅၀ဝ၀ ခန့်စီးထွက်မှုရှိပြီး ပေါ်ဆန်းဧရာ ပဒေသာ၊ ပခမ်းဆန်များမှာ ဧရာဝတီတိုင်းဒေသကြီးမှ စီးဝင်မှုရှိသည်။ ဧရာဝတီတိုင်းမှ ပြည်သို့ တစ်ပတ်အတွင်းဆန်အိတ်ရေ ၂၅၀ ခန့် ဝင်ရောက်မှုရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးနှမ်း စိုက်ဧက ၆၆၉၄၀ ဧကတွင် ၆၄၁၃၃ ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ၁၇ ဒသမ ၁၀ တင်းထွက်ရှိပြီး ဆောင်းနှမ်းစိုက်ဧက မှာ ၁၁၂၆၄ ဧက စိုက်ပျိုးထားကြောင်း သိရသည်။ ယခင်နှစ်ဖြစ်သော ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးဧက ၆၆၃၇၁ စိုက်ပျိုးပြီး ၆၆၃၇၁ ဧက ရိတ်သိမ်းနိုင်ခဲ့သည်ဟု ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ သိရ သည်။
ထို့ကြောင့် မိုးနှမ်းစိုက်ဧကမှာ ယခုနှစ်တွင် စိုက်ပျိုးဧက များလာ ကြောင်း သိရသည်။ နှမ်းဈေးနှုန်းများ အနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တွင် ဖြစ်ပေါ်ခဲ့သော နှမ်းသီးနှံဈေးနှုန်းများမှာ နှမ်းနီ တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ၊ နှမ်းနက်တစ်တင်းလျှင် ကျပ် ၁၇၃၀ဝ၀ နှင့် စမုန်နက်နှမ်း တစ် တင်းလျှင် ကျပ် ၂၁၆၀ဝ၀ ဖြင့် ရောင်းဝယ်ခဲ့ကြသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ၊ နှမ်းနက်တစ် တင်းလျှင် ကျပ် ၁၇၃၀ဝ၀နှင့် စမုန်နက်နှမ်းတစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ၀ ဖြင့် ယခင်လအတိုင်း ဈေးငြိမ်နေပြီး စမုန်နက်နှမ်း တစ်မျိုးသာ ဈေး အနည်းငယ်ကျလာခဲ့သည်။
အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခုအချိန်သည် နွေနှမ်းစတင် စိုက်ပျိုးရန် ပျိုးထောင်နေချိန်ဖြစ်၍ နှမ်းဝင်ရောက်မှုမှာ နည်းသွားပြီး ပွဲရုံ လက်ကျန်များဖြင့်သာ ရက်ခြား အရောင်းအဝယ်ဖြစ်ပြီး တစ်ခါတစ်ရံ အရောင်းအဝယ်ဖြစ်လျှင် အိတ် ၃၀ ခန့်သာ အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ဈေးကွက်အနေဖြင့် ပြည်ခရိုင်အတွင်း စိုက်ပျိုးထွက်ရှိသော နှမ်းများကို ဒေသတွင်း ပွဲရုံများနှင့် ဆီစက်များသို့ ရောင်းချသလို အခြားတိုင်းဖြစ်သော မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးသို့ လည်း တင်ပို့ရောင်းချကြောင်း သိရသည်။
ဝင်းလဲ့ဝါ၊ လွင်လွင်ဆန်း၊ ဝေဝေမင်း (ပြည်)