Main menu

Background

တနင်္သာရီတိုင်းဒေသကြီးထွက် ရာသီပေါ်ဒူးရင်းသီး ဈေးနှုန်းဈေးကွက်

Mon, 05/05/2025 - 10:26 -- journal_editor

ဒူးရင်းသီးသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသဖြစ်သော တနင်္သာရီတိုင်းဒေသ ကြီးတွင် အများဆုံးဖြစ်ထွန်းပြီး တစ်နှစ်လျှင် တစ်ကြိမ်သီးသော အမျိုးဖြစ်သည်။ ကောင်းမွန်သော အရသာနှင့်အတူ ရာသီချိန်တွင် ဈေးကောင်းရရှိသောအသီးဖြစ်ပြီး  အများအားဖြင့်  လူကြိုက်များသော  အသီးတစ်မျိုးလည်းဖြစ်သည်။  ရန်ကုန်နှင့် အခြားမြို့နယ်များသို့   တင်ပို့ရောင်းချပြီး ပြည်ပသို့လည်း တင်ပို့ရောင်းချလျက် ရှိသည်။ 
ဒူးရင်းသီးရာသီစတင်ချိန်တွင်  အသီးများ ဈေးကောင်းရလျက်ရှိပြီး အလုံး ငယ် တစ်လုံးလျှင်  ကျပ် ၁၀ဝ၀ဝ ခန့်ရရှိကြောင်း သိရသည်။ အရွယ်အစားပေါ် မူတည်ပြီး ဈေးကွဲပြားသလို အလုံးကြီးလျှင် ကြီးသလောက် ဈေးကောင်းရသည်။ ဒူးရင်းသီးတွင် မော့ တောင်သီး (ထိုင်းမျိုးစပ်)နှင့် ဒေသထွက်အသီးများရှိပြီး  မော့ တောင်သီးမှာ ဈေးပိုမိုရရှိသည်။ ဈေးအနည်းဆုံးမှာ တစ်လုံးလျှင် ကျပ် ၃၀ဝ၀ဝ နှင့် အထက်ရှိပြီး ဒေသသီးမှာ တစ်လုံးလျှင် ကျပ် ၁၀ဝ၀ဝ နှင့်အထက် ရရှိသည်။ မတ်လတွင် စတင်၍ ဈေးကွက်ရောက်ရှိပြီး ဧပြီလနှင့် နောက်ပိုင်း မေလများတွင် အသီးများအထွက် ပိုမိုရရှိလာသဖြင့် ဈေးကျဆင်းလာကြောင်း သိရသည်။ 
ဒူးရင်းသီးသည်  ပူနွေးစွတ်စိုသော  ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းပြီး မြေသြဇာကောင်းမွန်သော မည်သည့်မြေပြန့်ဒေသများတွင်မဆို စိုက်ပျိုးဖြစ်ထွန်း သည်။ အပူဓာတ်စာဖြစ်သောကြောင့် မင်းကွတ်သီး၊ နာနတ်သီးများ စားသုံးခြင်းဖြင့် ဝမ်းတွင်းအေးစေရန် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ဒူးရင်းသီးထွက်ရှိချိန်နှင့် မင်းကွတ်သီး ထွက်ရှိချိန်တွင် မင်းကွတ်သီး ထွက်ရှိချိန်မှာ အနည်းငယ် နောက်ကျ သော်လည်း တွဲဖက်အစားအစာဟုဆိုရလောက်အောင် ရာသီစာအဖြစ် ပေါ်ချိန် တွင် နာမည်ကြီးလျက်ရှိသည်။
ဧပြီလနောက်ဆုံးပတ်ဈေးနှုန်းအရ မြိတ်ဒေသထွက် ဒူးရင်းသီးဈေးနှုန်းမှာ အလုံးငယ် တစ်လုံးလျှင် ကျပ် ၈၀ဝ၀ ခန့်ရှိပြီး အလတ် တစ်လုံးလျှင် ကျပ် ၁၅၀ဝ၀၊ အကြီးတစ်လုံးလျှင် ကျပ် ၃၀ဝ၀ဝ ခန့်ရရှိကြောင်း၊  မော့တောင်သီးမှာမူ တစ်လုံး လျှင် ကျပ် ၃၀ဝ၀ဝ မှ  ၆၀ဝ၀ဝ ခန့်အထိ  အရောင်းအဝယ်  ဖြစ်လျက်ရှိကြောင်း သိရသည်။                                                                                

 

 ကျော်နိုင်(မြိတ်)