Main menu

Background

ဘားအံမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Mon, 05/05/2025 - 10:36 -- journal_editor

၂၀၂၅ခုနှစ် ဧပြီလ  စတုတ္ထပတ်အတွင်း ဘားအံမြို့တွင် အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းဆန် တစ်ပြည်လျှင် ကျပ်  ၅၅၀ဝ ၊  ဧည့်မထဆန် (မနောသုခ) တစ်ပြည် ကျပ် ၃၂၀ဝ ၊ ဆန်ကွဲ တစ်ပြည် ကျပ် ၂၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
စားအုန်းဆီ (ရည်ညွှန်းဈေး) တစ်ပိဿာလျှင် ကျပ် ၇၅၅၀၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ၊ ကြက်သွန်နီ တစ် ပိဿာလျှင် ကျပ် ၂၈၀ဝ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ နှင့် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀၊ သကြား တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀၊ အာလူး တစ်ပိဿာလျှင်  ကျပ် ၅၅၀ဝ၊ မန်ကျည်းမှည့် တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀၊ ချင်း တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀၊  ငရုတ်သီးခြောက် တစ်ပိဿာလျှင်  ကျပ် ၁၃၀ဝ၀၊ ပဲနီလေး  တစ်ပိဿာလျှင်  ကျပ် ၁၃၀ဝ၀၊ ကုလားပဲခြမ်း  တစ်ပိဿာလျှင်  ကျပ် ၆၅၀ဝ၊ မြေပဲဆန်တစ်ပြည်  ကျပ် ၁၀ဝ၀ဝ၊ ရိုးရိုးဆား  တစ်ပိဿာလျှင်  ကျပ် ၁၅၀ဝ၊  အာပြဲခြောက်  တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ဝ၊ ကြက်ဥတစ်လုံး  ကျပ် ၄၅၀၊ ဘဲဥတစ်လုံး  ကျပ် ၆၀ဝ၊ အသား/ငါး ဈေးနှုန်းများမှာ ဝက်သား တစ်ပိဿာလျှင်  ကျပ် ၂၄၀ဝ၀ ၊ အမဲသား တစ်ပိဿာလျှင်  ကျပ် ၁၈၀ဝ၀ ၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ၀၊ ကြက်သား ဃဏ  တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ၊ ငါးမြစ်ချင်း တစ်ပိဿာ လျှင် ကျပ် ၁၀ဝ၀ဝ၊ မွေးမြူရေးငါးခူ  တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀၊ ပုစွန်(ဘော့ချိတ်) တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အာလူးဈေးသာ အနည်းငယ်တက်၍ ကျန်စားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။                                                                                            

ယမင်းဦး (DOCA ကရင်)