ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင် ဈေးအတွင်း အခြေခံ စားသောက်ကုန် ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း/ဆန်ချော အမျိုး အစားများအလိုက် ဧပြီလ နောက်ဆုံးပတ်တွင် ဧည့်မထတစ်ပြည်လျှင် ကျပ် ၃၂၀ဝ မှ ၄၀ဝ၀ ထိ၊ ငစိန်ဆန်တစ်ပြည် လျှင် ကျပ်၂၅၀ဝ မှ ၂၈၀ဝ ထိ၊ ဇီယာ တစ်ပြည်လျှင် ကျပ် ၃၁၀ဝ မှ ၃၄၀ဝ ထိ၊ ပေါ်ကျွဲတစ်ပြည်လျှင် ကျပ် ၄၇၀ဝ၊ ပုသိမ်ပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၅၀ဝ၀၊ ဖျာပုံပေါ်ဆန်း တစ် ပြည်လျှင် ကျပ် ၄၈၀ဝ၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် လျှင် ကျပ် ၆၇၀ဝ လည်းကောင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
အလားတူ စားဖိုဆောင်သုံး စားသောက် ကုန်များတွင် စားအုန်းဆီ တစ်ပိဿာ ကျပ် ၇၁၅၀၊ ပဲဆီတစ်ပိဿာ ကျပ် ၂၀ဝ၀ဝ၊ ကြက်သွန်နီ တစ် ပိဿာ ကျပ် ၃၅၀ဝ၊ ကြက်သွန်ဖြူ (ရှမ်း) တစ် ပိဿာ ကျပ် ၁၆၀ဝ၀၊ (အမြွှာ) တစ်ပိဿာ ကျပ် ၁၆၀ဝ၀၊ (ဥတစ်လုံး) တစ်ပိဿာ ကျပ် ၂၃၀ဝ၀၊ အာလူးတစ်ပိဿာ ကျပ် ၅၅၀ဝ၊ နနွင်းမှုန့် တစ် ပိဿာ ကျပ် ၁၅၀ဝ၀၊ နနွင်းတက် တစ်ပိဿာ ကျပ် ၉၀ဝ၀၊ အိုင်အိုဒင်းဆားတစ်ထုပ် ကျပ် ၁၀ဝ၀၊ ရိုးရိုးဆားတစ်ထုပ် ကျပ် ၅၀ဝ၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ၊ ငရုတ်တောင့်(ရှည်) တစ်ပိဿာ ကျပ် ၁၄၀ဝ၀၊ ငရုတ်တောင့်(ပု) တစ် ပိဿာ ကျပ် ၂၂၀ဝ၀၊ မြန်မာပဲနီလေးတစ်ပိဿာ ကျပ် ၁၅၀ဝ၀၊ ပဲဝါလေး တစ်ပိဿာ ကျပ် ၅၀ဝ၀၊ ကုလားပဲခြမ်းတစ်ပိဿာ ကျပ် ၆၅၀ဝ၊ ချင်းတစ် ပိဿာ ကျပ် ၈၀ဝ၀ တို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ အသား/ငါးဈေးနှုန်းများမှာလည်း မွေးမြူရေးကြက်တစ်ပိဿာ ကျပ် ၂၁၀ဝ၀၊ မြန်မာ ကြက်တစ်ပိဿာ ကျပ် ၃၂၀ဝ၀၊ ဝက်သား တစ် ပိဿာ ကျပ် ၃၄၀ဝ၀၊ ဘဲသားတစ်ပိဿာ ကျပ် ၃၀ဝ၀ဝ၊ ဆိတ်သား တစ်ပိဿာ ကျပ် ၃၆၀ဝ၀ အမဲသားတစ်ပိဿာ ကျပ် ၂၉၀ဝ၀၊ ငါးကြင်း တစ် ပိဿာ ကျပ် ၂၁၀ဝ၀၊ ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ၊ ရေချိုငါးခူ တစ်ပိဿာ ကျပ် ၂၁၀ဝ၀၊ မွေးမြူရေးငါးခူ တစ်ပိဿာ ကျပ် ၁၅၀ဝ၀၊ ပုစွန် တုပ်(ကြီး)တစ်ပိဿာ ကျပ် ၅၀ဝ၀ဝ၊ ပုစွန်တုပ် (လတ်)တစ်ပိဿာ ကျပ် ၄၅၀ဝ၀၊ ပုစွန်ကျော့ တစ်ပိဿာ ကျပ် ၃၀ဝ၀ဝ၊ ငါးတန်တစ်ပိဿာ ကျပ် ၁၃၀ဝ၀၊ ပင်လယ်ငါး တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ၊ ငါးရံ့တစ်ပိဿာ ကျပ် ၂၃၀ဝ၀၊ ငါးကျည်း တစ်ပိဿာ ကျပ် ၂၇၀ဝ၀၊ ရေချိုငါးသလောက် တစ်ပိဿာ ကျပ် ၃၅၀ဝ၀၊ ပုစွန်ခြောက် (ကြီး)တစ်ပိဿာ ကျပ် ၁၂၀ဝ၀ဝ၊ ပုစွန်ခြောက်(လတ်)တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ၀၊ ပုစွန်ခြောက် (သေး) တစ်ပိဿာ ကျပ် ၆၀ဝ၀ဝ၊ ငါးရံ့ခြောက်တစ်ပိဿာ ကျပ် ၈၅၀ဝ၀၊ ငါးကျည်းခြောက် တစ်ပိဿာ ကျပ် ၉၀ဝ၀ဝ၊ ငါးပိကောင် တစ်ပိဿာ ကျပ် ၁၈၀ဝ၀ ကျပ်၊ အာပြဲခြောက် တစ်ပိဿာ ကျပ် ၃၀ဝ၀ဝ တို့ ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီမှာ ရည်ညွှန်းဈေး ၆၇၃၅ ကျပ် အပေါ် အခြေခံရောင်းချရသောကြောင့် ဈေးနှုန်း အနည်းငယ်ကျပြီး၊ ပဲဆီဈေးနှုန်းမှာ ဈေးငြိမ်လျက် ရှိသည်။ စားဖိုဆောင်သုံး ကုန်ခြောက်ပစ္စည်း များမှာ ဈေးအနည်းငယ် ကျဆင်းပြီး ကြက်သား၊ ငါး၊ အမဲသား၊ ဆိတ်သား၊ ဝက်သားများမှာ ဈေး အနည်းငယ် တက်လျက်ရှိကြောင်း အသား/ငါး ဈေးတက်ရခြင်းမှာ သားသတ်ရုံနှင့် ဒိုင်များတွင် အဝင်နည်းခြင်းကြောင့်ဖြစ်ပြီး စားဖိုဆောင်သုံး ကုန်ပစ္စည်းများဈေးကျခြင်းမှာ စက်သုံးဆီဈေးနှုန်း ကျဆင်းခြင်းကြောင့် သယ်ယူစရိတ်များ သက်သာ လာသဖြင့် ဒေသတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန် ခြင်းကြောင့်ဖြစ်ကြောင်း ဧပြီ ၂၈ ရက်၏ ဈေးကွက် အခြေအနေများအရ သိရသည်။
လဲ့လဲ့ဌေး