ဘိလပ်မြေ
မော်လမြိုင်မြို့၌ ဧပြီလစတုတ္ထပတ် ဘိလပ်မြေဈေးကွက်မှာ အရောင်း အဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းအနည်းငယ်မြင့်လာကြောင်း သိရှိရသည်။ ဈေး ကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ (အပါချီ) တစ်အိတ်လျှင် ကျပ် ၂၅၂၅၀၊ ကြံ့တံဆိပ် (အပြာ)တစ်အိတ်လျှင် ကျပ် ၂၄၀ဝ၀၊ ကြံ့တံဆိပ်(အဝါ) တစ်အိတ်လျှင် ကျပ် ၂၇၀ဝ၀ ဖြင့်အရောင်းအဝယ် ဖြစ်နေသည်။
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး
ဧပြီလ စတုတ္ထပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေကောမက်) 15:15:15 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၃၈၀ဝ၀၊ကွန်ပေါင်း 20:12:12 50kg ပါတစ်အိတ် လျှင် ကျပ် ၁၄၀ဝ၀ဝ၊ ကွန်ပေါင်းThai Grow How) 15:15:15 50kg ပါတစ်အိတ် လျှင် ကျပ် ၁၉၅၀ဝ၀၊ ပုလဲ(အသေး) ၄၆% မြန်မာ (MPE) 50kg ပါတစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kgပါ တစ်အိတ်လျှင် ကျပ် ၁၀၇၀ဝ၀၊ ပုလဲအသေး တရုတ်(ရွှေတောင်) 50kg ပါတစ်အိတ်လျှင် ကျပ် ၁၂၂၀ဝ၀၊ ပိုတက်(အာမို) 50kg ပါတစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀ဖြစ်သည်။ ပိုးသတ်ဆေး ဈေးနှုန်းများမှာ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100ccတစ်ပုလင်းလျှင် ကျပ် ၅၀ဝ၀၊ မာလာမြိုင်ဆိုက်ပါ ၁၀%(သီးရွက်စုံ) 500 CC တစ်ပုလင်းလျှင် ကျပ် ၂၀၅၀ဝ၊ ဖျူရာဒါန် ၅ ဂျီ (မြန်မာ့သြဘာ) 1 Kg ပါ တစ်ထုပ်လျှင် ကျပ် ၁၈၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ရော်ဘာ
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာ အဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိ နေသည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင် RSS-3 တစ်ပေါင်လျှင် ကျပ် ၃၅၀ဝ၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၃၃၀ဝ ရှိခဲ့ပြီး ဧပြီလ ၂၈ ရက်မှ မေလ ၅ ရက်ထိဈေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၂၇၀ဝ၊ RSS-5 တစ်ပေါင်လျှင် ကျပ်၂၆၅၀ ပေါက်ဈေးဖြစ်ပေါ်နေခဲ့သည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ 50)kg ပါ တစ် ထုပ်လျှင် ကျပ် ၃၂၀ဝ၊ ရော်ဘာတစ်တန်လျှင် ကျပ် ၆၄၀ဝ၀ ဖြင့်လည်းကောင်း မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ သယ်ယူခ နှုန်းထားမှာ (50)kg ပါ တစ်ထုပ်လျှင် ကျပ် ၄၂၀ဝ၊ ရော်ဘာ တစ်တန်လျှင် ကျပ် ၈၄၀ဝ၀ ဖြင့် သယ်ယူပို့ဆောင်ပေး ရကြောင်း ကုန်သည်များထံမှ သိရှိရသည်။
အောင်မြင့်မြတ်(မွန်)