မြန်မာနိုင်ငံတွင် သရက်သီးကို ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ ကျောက် ဆည်ဒေသ၊ စဥ့်ကိုင်ဒေသနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုး ကြသည်။ စိုက်ပျိုးသည့် သရက်သီး အမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်နှင့် စိမ်းချို စသော သရက်သီး အမျိုးအစားများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာမြို့နယ်ရှိ ရွှေဘို၊ ကန့်ဘလူ၊ ဘုတလင်မြို့နယ်များသည် စိန်တလုံးသရက်ကို အများဆုံးစိုက်ပြီး ပတ္တမြားငမောက်နှင့် စိမ်းချို စသည့် သရက်မျိုးများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။
မေလဆန်းပိုင်းမှစ၍ ရွှေဘို၊ ဘုတလင်၊ ကနီမြို့နယ်များမှ ဝင်ရောက်လာပြီး မုံရွာမြို့ရှိ ဈေးများသို့ မြန်မာ့စိန်တလုံးသရက် သီးများ ဝင်ရောက်လာပြီး ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းရရှိနေ သည်။ သရက်သီးပွဲရုံများတွင် တောင်းပြတ်ရောင်းချလျှင် တောင်း တစ်တောင်းကို လက်ကားဈေး ပျမ်းမျှ တစ်လုံး ကျပ် ၅၀ဝ နှုန်းဖြင့် အလုံးရေ ၁၂၀ ကို ကျပ် ၆၀ဝ၀ဝ ဖြင့်လည်းကောင်း၊ ခြင်းတစ်ခြင်းလျှင် အလုံးရေ ၁၀ဝ ကို ငွေကျပ် ငါးသောင်းဖြင့် ရောင်းချလျက်ရှိသည်။ ရွေးကောက်ရောင်းချလျှင် သရက်သီး အလုံး အသေး/အကြီးအမျိုး အစား ပေါ်မူတည်၍ ကျပ် ၅၀ဝ မှ ကျပ် ၁၀ဝ၀ အထိ ရောင်းချရပြီး ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိသည်။ တစ်ရက် ရောင်းချရ မှုမှာ သရက်သီးတောင်းရေ ၁၀ဝ မှ ၁၅၀ ခန့်ထိ ရောင်းချရပြီး ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များသို့ ပို့ဆောင်ကြောင်း သရက်သီး ပွဲရုံမှ သိရသည်။
လက်လီဈေးသည်များလည်း ပွဲရုံမှ ဖောက်သည်ဈေးယူကာ တစ်ဆင့်ရောင်းချရာ တစ်ရက်လျှင် တောင်းရေ ၁၀ လုံးခန့် ရောင်း ချရကြောင်း သိရှိရပြီး စိန်တလုံးသရက် လှိုင်လှိုင်ပေါ်နေသည့် အချိန် ဖြစ်၍ ရောင်းအား အကောင်းဆုံးသီးနှံဖြစ်ရာ ရောင်းချသည့် ပွဲရုံ လက်ကားဒိုင်နှင့် လက်လီဈေးသည်များပါ အမြတ်များရလျက်ရှိ ကြောင်း သိရသည်။
သင်းသင်းအေး (မုံရွာ)