Main menu

Background

မကွေးမြို့ပေါ်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေသြဇာ ဈေးနှုန်းဈေးကွက် အခြေအနေ

Mon, 07/07/2025 - 12:30 -- journal_editor

ဇွန်လ စတုတ္ထပတ်တွင် မကွေးမြို့၏ ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်း အနည်းငယ်ကျဆင်း နေကြောင်း သိရှိရသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်တစ်ပတ်က ကြံ့နှစ်ကောင် အမှတ် တံဆိပ်  (50)kg တစ်အိတ်လျှင် ကျပ်၂၃၅၀ဝ၊ အပါချီအမှတ်တံဆိပ် ((50)kg  တစ်အိတ်လျှင် ကျပ် ၂၃၀ဝ၀ ရှိခဲ့ပြီး ယခုတစ်ပတ် တွင် ကြံ့နှစ်ကောင် အမှတ်တံဆိပ် ((50)kg တစ်အိတ်လျှင် ကျပ် ၂၃၀ဝ၀၊ အပါချီ အမှတ်တံဆိပ် (50)kg  တစ်အိတ်လျှင် ကျပ် ၂၂၈၀ဝ တို့ဖြစ်ကြောင်း သိရသည်။  ဓာတ်မြေသြဇာဈေးနှုန်းအနေဖြင့် တက်တိုးမြေသြဇာ(ကွန်ပေါင်း) (50)kgပါ တစ်အိတ်လျှင် ကျပ် ၉၇၀ဝ၀၊ အာမိုအပြာ (15:15:15)  (50)kgပါ တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ၊ အာမိုအနက် (16:16:8) ကွန်ပေါင်း (50)kg  ပါ တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ သီးစုံ(ဝါ၊ စိမ်း၊ ပြာ) ကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ် ၉၄၀ဝ၀၊ ပုလဲပန်းဖူး(ဖြူ) တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀၊ ဇာမဏီ(ကွန်ပေါင်း) တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ ကောမတ် ၄၆ % (ပုလဲ) တစ်အိတ်လျှင် ကျပ် ၉၈၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဇွန်လ  တတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေနှင့် ဓာတ်မြေသြဇာ  ဈေးနှုန်းများမှာ ဈေးနှုန်းအနည်းငယ် ကျဆင်းမှုရှိပြီး ဘိလပ်မြေမှာ ဒေသတွင်းဝင်ရောက်မှုနည်းသော်လည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း အိမ် ဆောက်ပစ္စည်း အရောင်းဆိုင်များမှ သိရသည်။                                                                                  

တည်တည်ခိုင် (မကွေး)