Main menu

Background

မိတ္ထီလာမြို့၌ ဖြစ်ပေါ်နေသော တိရစ္ဆာန်အစာ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Sat, 01/10/2026 - 12:10 -- journal_editor

မိတ္ထီလာမြို့နယ်၌   လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သီးနှံမျိုးစုံ စိုက်ပျိုးကြပြီး စိုက်ပျိုးရေးထုတ်ကုန်များမှ ထွက် ရှိသည့် တိရစ္ဆာန်အစာများကို ဒေသတွင်းမွေးမြူသည့် နွား၊ ဆိတ်၊ ကြက်၊ ဝက် အစရှိသည့် မွေးမြူရေးလုပ်ငန်းများအပြင် တိရစ္ဆာန်အစာစက်ရုံများ၊ အခြားဒေသများသို့လည်း တင်ပို့ ရောင်းချကြသည်။ 
ဒီဇင်ဘာလစတုတ္ထပတ်အတွင်း ဒေသတွင်း စိုက်ပျိုး ရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်များမှ ထုတ် လုပ်သည့် တိရစ္ဆာန်အစာဈေးနှုန်းများမှာ ပဲဖတ်အခွံပါ တစ် ပိဿာလျှင် ကျပ် ၅၈၀ဝ၊ ပဲဖတ်အသန့် တစ်ပိဿာလျှင် ကျပ် ၈၂၀ဝ၊ ဝါဖတ်အပွဖတ် တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ၊ ဝါဖတ် အကျစ်ဖတ်  တစ်ပိဿာလျှင် ကျပ် ၃၂၀ဝ၊ နှမ်းဖတ် တစ် ပိဿာလျှင် ကျပ် ၄၇၀ဝ၊ ပဲခွံဖတ် တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ ဆန်ဖွဲနု(ရှယ်) ၁၈ ပိဿာတစ်အိတ်လျှင် ကျပ် ၂၅၅၀ဝ၊ ဆန်ဖွဲနု ၁၈ ပိဿာတစ်အိတ်လျှင် ကျပ် ၂၄၅၀ဝ၊ ဆန်ဖွဲနုကြမ်း ၂၅ပိဿာတစ်အိတ်လျှင် ကျပ် ၁၂၀ ဝ၀၊ ဆန်ကွဲ ၂၇ ပိဿာ တစ်အိတ်လျှင် ကျပ် ၄၃၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ကြက်ကလေးစာ ၆၀၁၀ (၅၀)ါု တစ်အိတ်လျှင် ကျပ် ၁၃၅၆၀ဝ၊ ကြက်ကြီးစာ ၆၀၂၀ (၅၀)ါု တစ်အိတ်လျှင် ကျပ် ၁၂၉၉၀ဝ၊ ဝက်ကြီးစာ (၂၅)ါု တစ်အိတ်လျှင် ၃၈၅၅ ကျပ် ၅၇၃၀ဝ၊ ဝက်ကြီးငယ်၃၈၂၅ (၂၅)ါု တစ်အိတ်လျှင် ကျပ် ၈၂၃၀ဝ ဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်း ငယ်မြင့်တက်လာကြောင်းသိရသည်။
ဈေးကွက်အနေဖြင့် ပဲဖတ်၊ နှမ်းဖတ်၊ ဝါကြိတ်ဖတ်၊ ဆန်ကွဲ၊ ဆန်ဖွဲနု၊ ဆန်ဖွဲနုကြမ်းများကို ဒေသတွင်းမွေးမြူရေး လုပ်ငန်းများအပြင် ရမည်းသင်း၊ ပျော်ဘွယ်၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ အောင်ပန်း၊ လွိုင်ကော်မြို့များသို့တင်ပို့ရောင်းချကြကြောင်း   တိရစ္ဆာန်အစာ  ရောင်းဝယ်ရေး လုပ်ငန်းများမှ သိရသည်။

 

မြို့ရီ (DOCA၊မိတ္ထီလာ)