Main menu

Background

မြိတ်ဒေသ၏ ကြံစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Mon, 04/20/2026 - 11:00 -- journal_editor

တနင်္သာရီတိုင်းဒေသကြီးသည်  ရာသီဥတုပူပြင်းပြီး မိုးရေချိန်ကောင်းသဖြင့် ကြံစိုက်ပျိုးရေးကို မြို့နယ်အချို့နှင့် ကျေးရွာအချို့တွင် လုပ်ကိုင်ကြသည်။ အထူးသဖြင့် မြိတ်၊ ပုလော၊ ပလောက်၊ ကျွန်းစုနှင့်  တနင်္သာရီမြို့တို့၌ အဓိက စိုက်ပျိုးကြကြောင်း သိရှိရသည်။ 
မြိတ်ခရိုင်အတွင်း  ကြံစိုက်ပျိုးသည့် ဧက ၄၂၂ ဧက ရှိသည့်အနက် မြိတ်မြို့နယ်၌ ကြံစိုက်ပျိုးမှု ၁၂၀ ဧက စိုက်ပျိုး ထားရှိပြီး ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။ မြိတ်မြို့ ၌ အဓိကစိုက်ပျိုးသော ကြံပင်အမျိုးအစားမှာ ကြံဝါနှင့် ကြံညို ဖြစ်၍ မေလမှ ဇူလိုင်လအတွင်းတွင် ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။ 
ကြံဝါ၊ ကြံညိုကို စိုက်ပျိုးရာတွင် ပထမ စိုက်မြောင်းထပ် တိုးခြင်းလုပ်ငန်း လုပ်ဆောင်ရခြင်း၊ ဒုတိယအကြိမ် အပင် ပေါက်အလွှာထိုး အစာလိုက်ပေးရခြင်းနှင့် တတိယအစားထိုး စိုက်မြောင်း လုပ်ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်ရပြီး မိုး ရာသီတွင် ရေလိုက်ပေးရန်မလိုသောကြောင့် အများအားဖြင့် ဧပြီလကုန်  မေလမှစ၍ စတင်စိုက်ပျိုးကြကြောင်း သိရှိရ သည်။ တစ်ဧကလျှင် ကြံဝါ ၃၆၀ဝ ပင်နှင့် ကြံညို ၂၅၀ဝပင် စိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။  စိုက်နည်းစနစ်မှန်ကန်၍ မြေသြဇာ စနစ်တကျ ကျွေးမည်ဆိုပါက တစ်ဧကလျှင် ကြံ တန်ချိန်အထွက်နှုန်းမှာ တန် ၃၀ ထွက်ကြောင်း ပျမ်းမျှ ခန့် မှန်းတွက်ချက်ရသည်။ ကြံပင်သည် စတင်စိုက်ပျိုးပြီး ရှစ်လ နှင့် ကိုးလအကြာတွင် ရောင်းတမ်းဝင်မည်ဖြစ်ပြီး  အောက်တို ဘာလတွင် ကြံအများဆုံး ထွက်ပေါ်သည်။
မြိတ်မြို့တွင် ကြံစိုက်ပျိုးရေးသည် အဓိကသီးနှံ မဟုတ် သော်လည်း အပိုဝင်ငွေအဖြစ် စိုက်ပျိုးကြကြောင်း သိရှိရ သည်။ ကြံကို လက်လီရောင်းချမှုနှင့် ကြံရည်ဆိုင်များအတွက် သာ အဓိကထား အသုံးပြုကြကြောင်း သိရှိရသည်။ ကြံဈေး နှုန်းမှာ ရာသီဥတု၊ သယ်ယူပို့ဆောင်ခနှင့် ဝယ်လိုအားအပေါ် တွင် မူတည်၍ ဈေးနှုန်းပြောင်းလဲနိုင်ကြောင်း သိရှိရသည်။ 
မြိတ်မြို့တွင် ၂၀၂၆ခုနှစ် မတ်လ တတိယပတ်တွင် ရောင်းချနေသော ကြံ၏ဈေးနှုန်းမှာ ၁၀ ချောင်းပါ တစ်စည်း လျှင် ကျပ် ၁၆၀ဝ၀ မှ ၁၈၀ဝ၀ နှုန်းဖြင့်  ရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။                                  

 

 ညီညီဇော်(မြိတ်)