ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင် ထားသော ကုန်တင်ယာဉ်များအား ၂ဝ၁ဝခုနှစ် ဖေဖော်ဝါရီလဆန်းမှ စတင် ကာ ကုန်တင်ယာဉ်အသင်း မှတ်ပုံတင်အမှတ်ပါ စတစ်ကာများ ထုတ်ပေး တပ် ဆင်နေကြောင်း သိရသည်။ထိုသို့ စတစ်ကာများ ထုတ်ပေး ရာတွင် ကုန်သေတ္တာတင်ယာဉ်များ အသင်းနှင့် မြို့တွင်း ခေါက်တိုဂိတ်အသင်းအဖွဲ့များမှအသင်းဝင်ယာဉ်များကို တပ်ဆင်စေပြီး ပုဂ္ဂလိကလုပ်ငန်းသုံး ကုန်တင်ယာဉ်များအား လုပ်ငန်းလိုင် စင် သက်တမ်းတိုး ဆောင်ရွက်ချိန်တွင် ယာဉ်၊ ယာဉ်မောင်းနှင့်ပတ်သက်သည့် အချက်အလက်များကို တောင်းခံမှတ် တမ်းပြု၍ စတစ်ကာများ ထုတ်ပေးနေ ခြင်းဖြစ်သည်။ ကုမ္ပဏီနှင့် အဖွဲ့အ စည်းပိုင် ကုန်တင်ယာဉ်များ အတွက် သီးခြား စတစ်ကာများ လုပ်ဆောင်ပေး ရန် စီစဉ်နေကြောင်းသိရ သည်။ ကုန်တင်ယာဉ်များအား မှတ်ပုံ တင်ခြင်း၊ အသင်းအဖွဲ့များ ဖွဲ့စည်းပေး ခြင်း၊ စတစ်ကာများထုတ်ပေးရခြင်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်း သိမ်းရာတွင် အထောက်အကူပြုစေရန်၊ ယာဉ်မောင်းများ သတ်မှတ်ယာဉ် မောင်းလိုင်စင်ဖြင့် မောင်းနှင်ရန်၊ ယာဉ် မောင်းများ၏ လိပ်စာမှတ်တမ်းများရယူ ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောပွဲများ၊ ပညာပေး ရက်တို သင်တန်းများ အလှည့်ကျတက် ရောက်နိုင်ရန်၊ အသင်းအဖွဲ့အနေဖြင့် လိုအပ်ချက်များ စုစည်းတင်ပြဖြေရှင်း နိုင်ရန်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး က ရှင်းပြသည်။ကုန်သေတ္တာတင်ယာဉ် အသင်း တွင် လက်ရှိယာဉ်အစီးရေ ၇ဝဝ ခန့် အသင်းဝင်အဖြစ် ရှိနေပြီး မြို့တွင်း ခေါက်တိုဂိတ် ၅ဝ ခန့်တွင် လုပ်ငန်း ဆောင်ရွက်နေသော ကုန်တင်ယာဉ် ၈ဝဝခန့် ကုမ္ပဏီအဖွဲ့အစည်းပိုင် ၁၈၈၅ စီးခန့် မှတ်ပုံတင်ထားရှိပြီး ကျန်ကုန်တင် ယာဉ်များကို နီးစပ်ရာဂိတ်များတွင်ပါ ဝင်ဖွဲ့စည်းနိုင်ရန်စည်းရုံးဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
Background