မြန်မာနိုင်ငံသားများဘဏ်အနေနဲ့ ပြောင်းလဲလာတဲ့ ဈေးကွက်ရဲ့ လိုအပ် ချက်နဲ့ ရင်းနှီးမြုပ်နံှမှုသဘော သဘာဝ တို့နဲ့ လိုက်လျောညီထွေဖြစ်စေမယ့် အစီအစဉ်တစ်ရပ်အနေနဲ့ နှစ်နှစ်ပြည့် တဲ့ ချေးယူငွေများအပေါ် အရင်းငွေ ပြန်သွင်းစရာမလိုပဲ သက်တမ်းတိုးမြင့်ပြီး ချေးငွေဆက်လက် ရယူနိုင်အောင် စီစဉ်ဆောင်ရွက်ပေး နေကြောင်း၊ဘဏ် ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအပေါ် ဖောက်သည်များက ယုံယုံကြည်ကြည်နဲ့ ပြန်လည်ငွေပေး ဆပ်မှုများကြောင့် အခုလိုကျေးဇူး တုံ့ပြန်တာဖြစ် ကြောင်း ၊ မြန်မာနိုင်ငံသားများဘဏ်မှ အထွေ ထွေ မန်နေဂျာ ဦးသန်းအောင်က ပြော ပါတယ်။ ''ကျွန်တော်တို့ဘဏ်က ချေးငွေ အပေါ် တိုးရင်းပေးသွင်းမှုမှန်တဲ့ ဖောက် သည်တွေကို လုပ်ငန်းလုပ်နေတဲ့ နေရာမှာ စဉ်ဆက်မပြတ်ငွေရင်းပြီး ဆက်လုပ် နိုင်အောင် ရည်ရွယ် တာပါ။ ဖောက်သည်တွေ ငွေ Break မဖြစ်စေချင်ပါ ဘူး။ တချို့လုပ်ငန်းထဲမှာ ရင်းနှီးထား ရတဲ့အတွက် ငွေမလည်လို့ အရင်းပြန် သွင်းဖို့ အခြားနေရာတွေမှာ ရှာရတာ တွေရှိတယ်။ ကြန့်ကြာတယ်။ ဒါကြောင့် ဒီချေးငွေကို ဖောက်သည်တွေရဲ့ မှန်မှန်ကန်ကန် ပေးဆပ်မှုအပေါ်ယုံကြည်တဲ့ အတွက် တတိယနှစ်ချေးငွေကာလမှာ အရင်းပြန်မသွင်းပဲ ဆက်လက်ပြီး ချေးငွေသက်တမ်းတိုးပေးတာဟာ လုပ်ငန်း စဉ်ဆက်မပြတ် လျင်မြန်စေရေးအတွက် ကျွန်တော်တို့က ဝန်ဆောင်မှုပြုခဲ့တာပါ''လို့ ပြောပါတယ်။ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးရာ တွင်လည်း ယခင်အပ်နံှငွေကို ကျပ် ၅၅ သိန်းအထိ လက်ခံခဲ့သော်လည်း ယခုအခါ စုဆောင်းငွေထည့်မှုကို အကန့် အသတ်မရှိ ငွေစုဆောင်းနိုင်ပြီး အတိုးကိုလည်းဖောက်သည်များ တိုးရင်းပွား နိုင်စေရေးအတွက် သုံးလတစ်ကြိမ် အတိုးတွက်ပြီး ထည့်ပေါင်းပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ '' ငွေသွင်းငွေထုတ်အချိန်ကို နှစ် မိနစ်နဲ့ အပြီးအပြတ် ဝန်ဆောင်မှုပေး နေတယ်။ ဒါ့အပြင် စုဆောင်းငွေကို သုံးလတစ်ကြိမ် အတိုးတွက်ထည့်ပေးမှာမို့ ဖောက်သည်တွေအတွက် အကျိုးရှိပါ တယ်။ ဘဏ်တိုးနှုန်းက ပုံမှန် ၁၂ ရာခိုင် နှုန်းပါ။ ဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက် အတိုင်းဆောင်ရွက်တယ်။ အချိန်ဆိုင်းအပ်ငွေတွေဖြစ်တဲ့ သုံးလ၊ ခြောက်လ၊ ကိုးလ၊ တစ်နှစ် အပ်ငွေတွေအပေါ် မှာလည်း အတိုးနှုန်းများ ခံစားခွင့်ရှိ တယ်''လို့ဒုတိယအထွေထွေ မန်နေ ဂျာက ဒေါ်ခင်သီတာကို ပြောပါတယ်။ ''ကျွန်တော်တို့ဘဏ်အနေနဲ့အဓိက ဦးစားပေး ဝန်ဆောင်မှုက ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ။ ကုန် သွယ်မှုလုပ်ငန်းဆောင်ရွက်တဲ့ ကုမ္ပဏီ ပေါင်း သုံးထောင်ကျော်ရဲ့ ဘဏ်စာ ရင်းတွေ ကျွန်တော်တို့ဆီမှာ ရှိတယ်။ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းကဏ္ဍအသီး သီးအတွက် လုပ်ထုံးလုပ်နည်း အတိုင်း အာမခံချက်တွေယူပြီး ချေးငွေတွေ ထုတ်ချေးတယ်။ ချေးငွေတွေရဲ့ ၄၄ ရာခိုင်နှုန်းက ကုန်သွယ်မှုကဏ္ဍ၊ ၃ဝ ရာခိုင်နှုန်းက စက်မှုလက်မှု ကဏ္ဍ အတွက်နဲ့ ၁၂ ရာခိုင်နှုန်းက ဝန်ဆောင် မှုအတွက် ထုတ်ချေးထားပါတယ်။ အခြားကဏ္ဍ အစုံလဲပါတယ်။ ဒါ့အပြင် ဘဏ်ရဲ့ ရင်းနှီးမြှုပ်နံှမှုအပိုင်းမှာလည်း လက်ရှိ ရန်ကုန်နဲ့မန္တလေးဘဏ်ခွဲတွေ အပြင် ဘဏ်ရုံးချုပ်ကို နေပြည်တော် မှာ မတ်လမှာ စတင်တည်ဆောက်ပြီး တိုးခဲျ့ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဒါ့ အပြင် ကုန်သွယ်မှုမြင့်မားရေးအတွက် နယ်စပ်ဒေသ အသီးသီးဖြစ်တဲ့ မူဆယ်၊ မြဝတီဒေသတွေမှာလည်းဘဏ် ရုံးခွဲတွေ ဖွင့်လှစ်နိုင်အောင် စီစဉ်ပြီးဖြစ်ပါတယ်။ အဓိက သီးနံှဈေးကွက်တွေ ဖြစ်တဲ့ မြင်းခြံ၊ မုံရွာ စတဲ့ကုန်စည် ဈေးကွက်ကြီးတွေရှိတဲ့ မြန်မာပြည် အချက်အချာ ဒေသများမှာလည်း တိုးခဲျ့ဖွင့်လှစ်ဖို့စီစဉ် နေတယ်''လို့ဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးဦးက ပြောပါ တယ်။ဝန်ဆောင်မှုပုံစံများအနေနဲ့ ငွေ ချေးလုပ်ငန်းအပြင် ကုမ္ပဏီလုပ်ငန်းရှင် များအတွက် E-Payment စနစ်ဖြင့် နေပြည်တော်-ရန်ကုန် နှစ်ဖက်ဘဏ် ခွဲများသို့ ငွေလွဲှပေးမှုကို ဆောင် ရွက်ပေးနေကြောင်း၊ လုပ်ငန်းရှင်များ ငွေထုတ်ကြီးသယ်ပြီး ငွေပေးချေရခြင်း မျိုးမရှိစေရန် ဆောင်ရွက်ပေးနေ ကြောင်း၊ ဝန်ဆောင်ခမှာလည်း ကုန်သွယ်မှုမြင့်မားစေရန် လုပ်ငန်းရှင် များ လုပ်ငန်းလျင်မြန်စေရန်တို့ကို ရည်ရွယ် ၍ ဝန်ဆောင်ခ ငွေတစ်ရာကျပ် လျှင် ၁ဝပြားနှုန်း(သို့မဟုတ်) အသွင်းအထုတ် တစ်ကြိမ်လုပ်ဆောင်လျှင် ကျပ် ၁ဝဝ နှုန်းသာကောက်ခံ မှုရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံသားများဘဏ် အနေဖြင့် ဘဏ်အာမခံ ဝန်ဆောင်မှု၊ ဘဏ်ငွေပေးအမိန့်ထုတ်ပေးမှု၊ ငွေလွဲှ လုပ်ငန်းများ ဆောင်ရွက်မှု၊ လုံခြုံမှုအာမခံများ ထားရှိပေးမှု စသည့် ဝန် ဆောင်မှုများကိုလည်း ဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။MIRT
Background