Main menu

Background

ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက်မြန်မာနိုင်ငံသားများဘဏ်၏ ဝန်ဆောင်မှုအသစ်

Thu, 02/18/2010 - 04:28 -- Anonymous (not verified)

       မြန်မာနိုင်ငံသားများဘဏ်အနေနဲ့ ပြောင်းလဲလာတဲ့ ဈေးကွက်ရဲ့ လိုအပ် ချက်နဲ့ ရင်းနှီးမြုပ်နံှမှုသဘော သဘာဝ တို့နဲ့  လိုက်လျောညီထွေဖြစ်စေမယ့် အစီအစဉ်တစ်ရပ်အနေနဲ့ နှစ်နှစ်ပြည့် တဲ့ ချေးယူငွေများအပေါ် အရင်းငွေ ပြန်သွင်းစရာမလိုပဲ သက်တမ်းတိုးမြင့်ပြီး ချေးငွေဆက်လက်  ရယူနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေကြောင်း၊ ဘဏ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအပေါ် ဖောက်သည်များက ယုံယုံကြည်ကြည်နဲ့ ပြန်လည်ငွေပေး ဆပ်မှုများကြောင့် အခုလိုကျေးဇူးတုံ့ပြန်တာဖြစ်ကြောင်း ၊ မြန်မာနိုင်ငံသားများဘဏ်မှ အထွေ ထွေ မန်နေဂျာ ဦးသန်းအောင်က ပြော ပါတယ်။      ''ကျွန်တော်တို့ဘဏ်က   ချေးငွေ အပေါ် တိုးရင်းပေးသွင်းမှုမှန်တဲ့ ဖောက် သည်တွေကို လုပ်ငန်းလုပ်နေတဲ့ နေရာမှာ စဉ်ဆက်မပြတ်ငွေရင်းပြီး ဆက် လုပ် နိုင်အောင် ရည်ရွယ်တာပါ။ ဖောက် သည်တွေ ငွေ  မြနေု မဖြစ်စေချင်ပါ ဘူး။ တချို့လုပ်ငန်းထဲမှာ ရင်းနှီးထား ရတဲ့အတွက် ငွေမလည်လို့ အရင်းပြန် သွင်းဖို့ အခြားနေရာတွေမှာ ရှာရတာ တွေရှိတယ်။ ကြန့်ကြာတယ်။ ဒါကြောင့် ဒီချေးငွေကို ဖောက်သည်တွေရဲ့ မှန်မှန် ကန်ကန် ပေးဆပ်မှုအပေါ် ယုံကြည်တဲ့ အတွက် တတိယနှစ်ချေးငွေကာလမှာ အရင်းပြန်မသွင်းပဲ ဆက်လက်ပြီး ချေး ငွေသက်တမ်းတိုးပေးတာဟာ လုပ်ငန်း စဉ်ဆက်မပြတ် လျင်မြန်စေရေးအတွက် ကျွန်တော်တို့က ဝန်ဆောင်မှုပြုခဲ့တာ ပါ'' လို့ ပြောပါတယ်။ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးရာ တွင်လည်း ယခင်အပ်နံှငွေကို ကျပ် ၅၅ သိန်းအထိ လက်ခံခဲ့သော်လည်း ယခု အခါ စုဆောင်းငွေထည့်မှုကို အကန့် အသတ်မရှိ ငွေစုဆောင်းနိုင်ပြီး အတိုး ကိုလည်း ဖောက်သည်များ တိုးရင်းပွား နိုင်စေရေးအတွက်  သုံးလတစ်ကြိမ် အတိုးတွက်ပြီး ထည့်ပေါင်းပေးသွား မှာဖြစ်ကြောင်း သိရပါတယ်။   '' ငွေသွင်း ငွေထုတ်အချိန်ကို နှစ် မိနစ်နဲ့ အပြီးအပြတ် ဝန်ဆောင်မှုပေး နေတယ်။ ဒါ့အပြင် စုဆောင်းငွေကို သုံး လတစ်ကြိမ် အတိုးတွက်ထည့်ပေးမှာမို့ ဖောက်သည်တွေအတွက်  အကျိုးရှိပါ တယ်။ ဘဏ်တိုးနှုန်းက ပုံမှန် ၁၂ ရာခိုင် နှုန်းပါ။ ဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက် အတိုင်း ဆောင်ရွက်တယ်။ အချိန် ဆိုင်းအပ်ငွေတွေဖြစ်တဲ့ သုံးလ၊ ခြောက်လ၊ ကိုးလ၊ တစ်နှစ် အပ်ငွေတွေအပေါ် မှာလည်း အတိုးနှုန်းများ ခံစားခွင့်ရှိ တယ်''လို့ ဒုတိယအထွေထွေ မန်နေဂျာက ဒေါ်ခင်သီတာကို ပြောပါတယ်။    ''ကျွန်တော်တို့ဘဏ်အနေနဲ့အဓိက ဦးစားပေး ဝန်ဆောင်မှုက ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ။ ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်တဲ့ ကုမ္ပဏီ ပေါင်း သုံးထောင်ကျော်ရဲ့ ဘဏ်စာ ရင်းတွေ ကျွန်တော်တို့ဆီမှာ ရှိတယ်။ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းကဏ္ဍအသီး သီးအတွက် လုပ်ထုံးလုပ်နည်း အတိုင်း အာမခံချက်တွေယူပြီး  ချေးငွေတွေ ထုတ်ချေးတယ်။ ချေးငွေတွေရဲ့ ၄၄ ရာခိုင်နှုန်းက ကုန်သွယ်မှုကဏ္ဍ၊ ၃ဝ ရာခိုင်နှုန်းက  စက်မှုလက်မှု ကဏ္ဍ အတွက်နဲ့ ၁၂ ရာခိုင်နှုန်းက ဝန်ဆောင်မှုအတွက်  ထုတ်ချေးထားပါတယ်။ အခြားကဏ္ဍအစုံလဲပါတယ်။ ဒါ့အပြင် ဘဏ်ရဲ့ ရင်းနှီးမြှုပ်နံှမှုအပိုင်းမှာလည်း လက်ရှိ ရန်ကုန်နဲ့ မန္တလေးဘဏ်ခွဲတွေ အပြင် ဘဏ်ရုံးချုပ်ကို နေပြည်တော် မှာ မတ်လမှာ စတင်တည်ဆောက်ပြီး တိုးခဲျ့ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဒါ့ အပြင် ကုန်သွယ်မှုမြင့်မားရေးအတွက် နယ်စပ်ဒေသ အသီးသီးဖြစ်တဲ့ မူဆယ်၊ မြဝတီဒေသတွေမှာလည်း ဘဏ် ရုံးခွဲ တွေ ဖွင့်လှစ်နိုင်အောင် စီစဉ်ပြီးဖြစ်ပါတယ်။ အဓိက သီးနံှဈေးကွက်တွေ ဖြစ်တဲ့ မြင်းခြံ၊ မုံရွာ စတဲ့ကုန်စည် ဈေး ကွက်ကြီးတွေရှိတဲ့ မြန်မာပြည် အချက် အချာ ဒေသများမှာလည်း  တိုးခဲျ့ဖွင့် လှစ်ဖို့စီစဉ်နေတယ်''လို့ ဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးဦးက ပြောပါတယ်။ဝန်ဆောင်မှုပုံစံများအနေနဲ့ ငွေချေးလုပ်ငန်းအပြင် ကုမ္ပဏီလုပ်ငန်းရှင် များအတွက် Break စနစ်ဖြင့်နေပြည်တော်-ရန်ကုန် နှစ်ဖက်ဘဏ် ခွဲများသို့  ငွေလွဲှxnfhပေးမှုကို ဆောင်ရွက်ပေးနေကြောင်း၊  လုပ်ငန်းရှင်များ ငွေထုတ်ကြီးသယ်ပြီး ငွေပေးချေရခြင်း မျိုးမရှိစေရန်   ဆောင်ရွက်ပေးနေ ကြောင်း၊ ဝန်ဆောင်ခမှာလည်း ကုန်သွယ်မှုမြင့်မားစေရန် လုပ်ငန်းရှင်များ လုပ်ငန်းလျင်မြန်စေရန်တို့ကို ရည်ရွယ် ၍ ဝန်ဆောင်ခ ငွေတစ်ရာကျပ် လျှင် ၁ဝပြားနှုန်း(သို့မဟုတ်) အသွင်းအထုတ် တစ်ကြိမ်လုပ်ဆောင်လျှင် ကျပ် ၁ဝဝ နှုန်းသာ ကောက်ခံမှုရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံသားများဘဏ် အနေဖြင့် ဘဏ်အာမခံ ဝန်ဆောင်မှု၊ ဘဏ်ငွေပေးအမိန့်ထုတ်ပေးမှု၊ ငွေလွဲှ လုပ်ငန်းများ  ဆောင်ရွက်မှု၊ လုံခြုံမှု အာမခံများထားရှိပေးမှု စသည့် ဝန်ဆောင်မှုများကို လည်းဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ဦးမြတ်သင်းအောင် (စီးပွားရေးလုပ်ငန်းရှင်)    တရားမဝင် မှောင်ခိုကူးသန်း ရောင်းဝယ်မှုကြောင့် ဈေးကွက်ယှဉ် ပြိုင်နိုင်စွမ်းပျက်ယွင်းစေပြီး၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများအပေါ် ထိခိုက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ပြည်ပက လျှပ်စစ်လူသုံးကုန် ပစ္စည်းများနဲ့ဆေးဝါးများကို တင်သွင်းနေပြီး ပြည်တွင်းမှာလည်း တီဗွီ၊ ဒီဗွီဒီစတဲ့လျှပ်စစ် လူသုံးကုန် ပစ္စည်းတွေထုတ်လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးမြတ်သင်းအောင်နဲ့ ကောမတ်စ်ကတွေ့ဆုံခဲ့ပါတယ်။ စက်မှုကုန်ထုတ်လုပ်သူတစ်ဦးရဲ့ အတွေ့အကြုံနဲ့ ရှုထောင့်အမြင်ကနေ ဆွေးနွေးရရင် ပြည်ပကတရားမဝင် တင်သွင်းရောင်းချတဲ့ စက်မှုထုတ်ကုန်တွေ ကြောင့် ပြည်တွင်းက တရားဝင် မှန်မှန်ကန်ကန်လုပ်ကိုင်ကြတဲ့ လုပ်ငန်း တွေကို ထိခိုက်ပါတယ်။ အကောက်ခွန်မဲ့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်မရောင်းနိုင်တော့တာကြောင့် ပြည်တွင်းက စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သမား လျှော့ချရတာတွေ၊ နောက်ဆုံးမယှဉ်နိုင်တော့ စက်ရုံပိတ်ရတဲ့အထိ ဖြစ်ခဲ့ရတာတွေရှိပါတယ်။ ဒါက ထုတ်လုပ်သူကိုထိခိုက် တာပါ။     ကုန်သွယ် Trading ဘက်မှာ လည်း တရားဝင်အခွန်အခပေးဆောင် ပြီးတင်သွင်းလုပ်ဆောင်တဲ့ လုပ်ငန်းတွေအနေနဲ့လည်း တရားမဝင် အကောက် ခွန်မဲ့ တင်သွင်းလာတဲ့ကုန်ပစ္စည်းတွေနဲ့ ဈေးကွက်မှာ ယှဉ်မ ရောင်းနိုင်တဲ့အတွက် ရောင်းအားကျတာ၊ လုပ်ငန်းပမာဏ လျှော့ချရတာ တွေရှိသလို၊ ဆက်ပြီးကုန်သွယ်မှုလုပ်ဖို့ အခက်အခဲဖြစ်တဲ့အထိ ရှိပါတယ်။   နိုင်ငံတော်အနေနဲ့လည်း တရားမဝင် မှောင်ခိုတင်သွင်းတဲ့ ပစ္စည်းတွေ အပေါ်ကထိုက် သင့်တဲ့အခွန်အခ မရရှိတဲ့အတွက် နိုင်ငံ့အခွန်ဘဏ္ဍာဝင်ငွေ ရရှိမှုပိုင်းမှာအတိုင်းအတာတစ်ခုအထိ ထိခိုက်တာကြောင့် နိုင်ငံ့ဖွံ့ဖြိုးရေးတည်ဆောက်မှု လုပ်ငန်းတွေမှာ မသုံးရတဲ့အတွက် ပြည်သူတွေကိုလည်း ထိခိုက်တာပါပဲ။       တရားမဝင်လမ်းကြောင်းက ကုန်ပစ္စည်းတင်သွင်းမှုကြောင့် ပို့ကုန် ဝင်ငွေရတဲ့ ဒေါ်လာပေါက်ဈေးဟာ ဒေါ်လာ အစိမ်းဈေးရဲ့အပေါ်မှာ ၁ဝ ရာခိုင်နှုန်း ရှိရမယ့်အစား တစ်ခါတစ်ရံ အစိမ်းဈေးအောက်တောင် ရောက် နေတာကို ကြည့်ရင်သိနိုင်ပါတယ်။  သုံးစွဲသူပြည်သူ (Consumer) တွေအတွက်ကတော့ တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲရတဲ့အတွက် ဈေးနှုန်း အနည်းငယ်သက်သာမှုရှိတယ်လို့ဆိုပေမယ့် တစ်ဖက်မှာ နစ်နာဆုံး ရှုံးမှုတွေရှိနေပါတယ်။ ဥပမာပြောရရင် ဒီလိုတရားမဝင်တင်သွင်းလာတဲ့ ကုန် ပစ္စည်း တွေဟာ အရည်အသွေးအာမခံ မပေးနိုင်ပါဘူး။ တစ်ခါတစ်လေ အတု တောင်ပါလာတတ်ပါတယ်။ စားသောက်ကုန်နဲ့ ဆေးဝါးဆိုရင် သက်တမ်း ကုန်ခါနီး တာတွေရော၊ သက်တမ်းကုန်နေတာတွေကိုပါ အလ ကား နည်းပါးရတဲ့အတွက် သွင်းလာတာတွေရှိခဲ့ပါတယ်။ စနစ်တကျ တရားဝင်တင်သွင်းတဲ့ ကုန်ပစ္စည်းတွေလိုမျိုး ဆိပ်ကမ်းမှာ စနစ်တကျစစ်ဆေး ထုတ်ပေးတာမျိုး မရှိတဲ့အတွက် အရည်အသွေးမမီတဲ့ Reject ပစ္စည်းတွေလည်းပါလာတတ်ပါ တယ်။      တရားဝင်တင်သွင်းတဲ့ ကုန်ပစ္စည်းတွေဆိုရင်ISO၊ HACCP စတဲ့ အရည်အသွေးရှိပြီး နာမည် Branded ပစ္စည်းဖြစ်လို့ ကုန်ပစ္စည်း ရဲ့အရည်အသွေးကို အာမခံချက် ရှိပါတယ်။ ကုန်ပစ္စည်းမှာ ပါဝင်တဲ့အမယ်၊ ပါဝင်မှု အမျိုးအစား စတာတွေကိုလည်း မှန်မှန်ကန်ကန်ဖော်ပြရတာကြောင့် တင်သွင်းတဲ့နိုင်ငံရဲ့ တာဝန်ရှိဌာနတွေက ကုန်ပစ္စည်းရဲ့ အရည်အသွေး၊ ထုတ်လုပ်တဲ့နေ့သက်တမ်းကုန်မယ့်နေ့စတဲ့ အချက်တွေကို စစ်ဆေးပြီးမှ တင်သွင်းခွင့်ပေးတာ ဖြစ်ပါ တယ်။     ဥပမာ-တရားဝင်လမ်းကြောင်းက တီဗွီတစ်လုံး တင်သွင်းမယ်ဆိုရင် ပို့ကုန်အခွန်ဆောင်ပြီးရတဲ့ငွေဖြစ်တဲ့အတွက်  ၁ဝရာခိုင်နှုန်း၊ Custom duty ကအပ ၁၅ ရာခိုင်နှုန်း၊ Commercial Tax ၂၅ ရာခိုင်နှုန်း၊ ဝင်ငွေခွန် (အမြတ်ခွန်) ၅ ရာခိုင်နှုန်း စုစုပေါင်း ၅၅ ရာခိုင်နှုန်း ပေးဆောင်ရပါတယ်။ တရားမ ဝင်တဲ့လမ်းကြောင်းက တင်သွင်းလာရင်တော့ ဒီအခွန်လေးမိုျးကို ပေးဆောင်ရတာ မရှိတဲ့အတွက် တရားဝင်တင်သွင်းလာတဲ့ပစ္စည်းက ဈေးကွက် မှာဘယ် လိုမှ မယှဉ်ပြိုင်နိုင်ပါဘူး။ ဒါကြောင့်မှောင်ခိုကူးသန်းရောင်းဝယ်မှုဟာ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း ပျက်ယွင်းစေပြီး ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို ထိ ခိုက်စေပါတယ်။                                   အယ်ဒီတာအဖွဲ့