Main menu

Background

ကိုရီးယားမြေယာအများအပြားကို ကုမ္ပဏီအုပ်စုကြီးများက ပိုင်ဆိုင်

Fri, 10/09/2015 - 19:37 -- journal_editor

      ကိုရီးယား  ထိပ်တန်းကုမ္ပဏီ အုပ်စုကြီး ၃၀ ခု၏ မြေယာ ပိုင်ဆိုင်မှု အချိုး အစားသည် ဆယ်စုနှစ်တစ်ခုအတွင်း ၃၄ ဆတက်လာခဲ့ရာ ဆိုးလ်မြို့တော်ရှိ Yeouido မြို့နယ်တစ်ခုစာ အကျယ် အဝန်းရှိလာခဲ့သည်။ မြေယာ များ၏ တန်ဖိုးသည်လည်း ဝမ် ၁၁၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၁၅çဝဝဝ မီလီ ယံ) ခန့်ရှိလာပြီဖြစ်သည်။ ထိပ်တန်း ကုမ္ပဏီအုပ်စုကြီး ၃၀ နှင့် ၎င်းတို့၏ ကုမ္ပဏီခွဲပေါင်း ၁,ဝ၅၆ ခုတို့သည် နိုင်ငံ အဝန်း  မြေယာ ၈၂၄ စတုရန်းကီလို မီတာခန့် ဖြန့်ကျက်ပိုင် ဆိုင်ထား ကြောင်း၊ မြေယာ၊ အခြေခံ အဆောက် အအုံနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်း ထုတ်ပြန်သည့် စာရင်းများအရ သိရှိရသည်။
      ယင်းသို့ ကုမ္ပဏီအုပ်စုကြီးများ ပိုင်ဆိုင်သည့် မြေဧရိယာပမာဏသည် တောင်ကိုရီးယားနိုင်ငံ စုစုပေါင်းမြေ ဧရိယာ၏ သုည ဒသမ ၈၂ ရာခိုင်နှုန်းရှိသည်။ လွန်ခဲ့သည့် ဆယ်နှစ်က ယင်းကုမ္ပဏီကြီးပိုင်ဆိုင်သည့် မြေဧရိယာ သည် ၂၉၀ စတုရန်းကီလို မီတာသာ ရှိခဲ့သည်။ တန်ဖိုးသည်လည်း ၂၀ဝ၅ ခုနှစ်တွင် ဝမ် ၆၈ ဒသမ ၅ ထရီလီယံသာ ရှိခဲ့ရာမှ ၁၆၇ ဆတက်၍ ယခုနှစ်တွင် ဝမ် ၁၈၃ ဒသမ ၃ ထရီလီ ယံဝမ် ရှိလာခဲ့ပြီဖြစ်သည်။ ဆိုးလ်မြို့၏ မြေ တန်ဖိုး သည် ၂၀ဝ၆ ခုနှစ်မှစ၍ ၆၈ ဆ တက်လာခဲ့ရာ ကုမ္ပဏီအုပ်စုကြီးများကို များစွာအကျိုးအမြတ်ရှိစေခဲ့သည်။ ကုမ္ပဏီအုပ်စုကြီးများ အများဆုံး မြေ ပိုင်ဆိုင်သည့် ပြည် နယ်မှာ Gyeo-nggi Province ဖြစ်ပြီး၊  အကျယ်အဝန်း ၉၀ စတုရန်းကီလိုမီတာ ဖြစ်သည်။ ယင်း ပြည်နယ်သည် ဆိုးလ် မြို့ အနီး ကပ်ဆုံး ပြည်နယ်ဖြစ်သဖြင့် ကုမ္ပဏီ အုပ်စုကြီး များ အနှစ်သက်ဆုံး နေရာ အနေအထား ဖြစ်သည်။

 

သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို