Main menu

Background

မူဆယ်မှ ပျားရည်ပုံမှန်တင်ပို့

Wed, 03/08/2017 - 14:07 -- journal_editor

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၁၀၀၀ တန်ဖိုးရှိ ပျားရည် တန်ချိန် ၃၀ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၃၂ တန်တင်ပို့ခဲ့တဲ့အတွက် မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပျားရည်ပုံမှန် တင်ပို့နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှ ပျားရည်ကို ပြည်ပဈေးကွက်များမှ ဝယ်လိုအားရှိတာကြောင့် မြန်မာနိုင်ငံထွက် ပျားရည်များကို တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဥရောပ နိုင်ငံများနဲ့ အနောက်နိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိပါတယ်။ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန် ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ လိုအပ်လျက်ရှိနေတဲ့ အရင်း အနှီးနဲ့ နည်းပညာများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ပျားလုပ်ငန်းဌာန)မှ ကူညီမယ်လို့ သိရပါတယ်။     
မော်မော်အောင်