Main menu

Background

အိုင်ယာလန်နိုင်ငံမှ ကဏန်းအရှင်များအား တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခွင့်ရရှိ

Fri, 05/05/2017 - 14:42 -- journal_editor

      အိုင်ယာလန်နိုင်ငံမှ   ကဏန်းအရှင်များအား  တရုတ်နိုင်ငံ သို့ ပြန်လည်တင်ပို့ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။ယင်းကဲ့သို့ ပြန်လည်တင်ပို့ခွင့်ရရှိရေး အတွက် တရုတ်နိုင်ငံ မှ ကိုယ်စားလှယ်အဖွဲ့ အိုင်ယာလန်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း အိုင်ယာလန်နိုင်ငံမှ  တာဝန်ရှိသူများနှင့်   ဆွေးနွေးညှိနှိုင်းခဲ့ကြ ကြောင်း၊ ယခုကဲ့သို့  ညှိနှိုင်းနိုင်ခဲ့ခြင်းသည် အိုင်ယာလန်နိုင်ငံ၏အရေး ပါသောခြေလှမ်းသစ် တစ်ရပ်ပင်ဖြစ်ကြောင်း ဧပြီ ၁၃ ရက် က ထုတ်ဖော်ပြောကြားခဲ့သည်။တရုတ်နိုင်ငံသို့ ကဏန်းအရှင်များ  ပြန်လည်တင်ပို့နိုင်ရေး အတွက် ပို့ကုန်သက်သေခံလက်မှတ်ထုတ်ပေးနိုင်ရန်  နှစ်နိုင်ငံမှ တာဝန်ရှိသူများက  သဘော တူညီခဲ့ကြကြောင်း  အိုင်ယာလန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ကြီးMichael Creed  က ပြောကြားခဲ့ သည်။
အိုင်ယာလန်နိုင်ငံမှ  ကဏန်းအရှင်များကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံ  အထွေထွေအုပ်ချုပ်ရေးနှင့် အရည်အသွေး ကြီးကြပ်ရေးဌာန၊  ကူးစက်ရောဂါ စစ်ဆေးရေးနှင့် အရည်အသွေး ကြီးကြပ် ကွပ်ကဲရေး ဌာနခွဲ  (AQSIQ)မှ ကိုယ်စား လှယ်အဖွဲ့သည် အိုင်ယာလန်နိုင်ငံသို့ ဧပြီလ၁၀ ရက်က ရောက်ရှိ ခဲ့ပြီး  ကဏန်းအရှင်များနှင့်ပတ်သက်၍ လေ့လာစုံစမ်းမှုများ ပြုလုပ်ခဲ့ကြကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ထို့ပြင် လေ့လာရေးကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း တရုတ်နိုင်ငAQSIQ  မှ တာဝန်ရှိသူများနှင့် အိုင်ယာလန်နိုင်ငံ  ပင်လယ်ပြင်   ငါးဖမ်းမှုကာကွယ်ရေးဆိုင်ရာ  အာဏာပိုင်အဖွဲ့(SFPA)  မှ တာဝန်ရှိသူများတွေ့ဆုံ၍ ကဏန်းအရှင်များ တင်ပို့ ခြင်းအတွက် သက်သေခံလက်မှတ်ထုတ်ပေးရာတွင် ဖြေရှင်းနိုင် မည့် နည်းစနစ်များနှင့်ပတ်သက်၍  နည်းပညာပိုင်းဆိုင်ရာသဘော တူညီမှုတစ်ရပ်ကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း အဆိုပါသတင်း တွင် ဖော်ပြထားသည်။
အဆိုပါ သဘောတူညီမှုများသည် အိုင်ယာလန်နိုင်ငံSFPA  မှ တာဝန်ယူ အကောင်အထည်ဖော်သည့် တရုတ်နိုင်ငံသို့ ကဏန်း အရှင်များ တင်ပို့နိုင်ရေးအတွက်  အမျိုးသားအဆင့်ကြီးကြပ်ကွပ်ကဲ စောင့်ကြည့်ရေး အစီ အစဉ် အား အကောင်အထည်ဖော်မှု၏ ခြေ လှမ်းများဖြစ်သည်ဟုဆိုသည်။အိုင်ယာလန်နိုင်ငံမှ ကဏန်းအရှင်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံAQSIQ  က ဆက်လက်စောင့်ကြည့် ကြီးကြပ်သွားမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံ သို့ ပင်လယ်စာကုန်ပစ္စည်း  များ တင်ပို့ရာတွင် လိုက်နာရမည့် လိုအပ်ချက်များ၊ ကဏန်းအရှင် တင်ပို့မှု  ထောက်ခံချက်အတွက်လိုအပ်ချက်များကို ကဏန်းအရှင် တင်ပို့နေသည့် အိုင်ယာလန်  ကုန်သည်လုပ်ငန်း ရှင်များနှင့် ကုန် ထုတ်လုပ်မှုဇုန်များသို့ အသိပေးခြင်း ညှိနှိုင်းဆွေးနွေးခြင်းများကို အိုင်ယာလန်(SFPA) က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၁၀ ခုနှစ်တွင် အိုင်ယာလန်နိုင်ငံအနေဖြင့် တရုတ်ဈေး ကွက်သို့ ကဏန်းအရှင်တင်ပို့ခြင်း အရည်အသွေးလုံခြုံစိတ်ချရမှု အား နှစ်နိုင်ငံပူးပေါင်း၍ တင်းကျပ်ဆောင်ရွက်မှုများနှင့်  ရင်ဆိုင် ကြုံတွေ့ခဲ့ရပြီး၊ အိုင်ယာလန်နိုင်ငံမှ တင်ပို့သည့် ကဏန်းများတွင် ကက်ဒမီယန်သတ္တု အပြင်းစားများပါဝင်နေမှု  အဆင့်မြင့်မားနေ ကြောင်း  ၂၀၁၅  ခုနှစ်တွင်  တရုတ်နိုင်ငံက   ဖော်ပြရေးသားခဲ့ပါသည်။ထို့ကြောင့် သတင်းတွင်   ဖော်ပြပါရှိချက်များအရ  လည်း ကောင်း၊ တရုတ်နိုင်ငံသည်  မူလကတည်းကပင် ၎င်းင်းနိုင်ငံသို့ တင် ပို့သည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍  အရည်အသွေးတင်းကျပ် စိစစ်ချက်များအရ လည်းကောင်း၊ မိမိတို့ မြန်မာနိုင်ငံမှ ကဏန်းတင် ပို့သူလုပ်ငန်းရှ င်များ အနေဖြင့်လည်း ပိုမိုအရည်အသွေးကောင်းမွန် သော ကုန်စည်များ  ထုတ်လုပ်တင်ပို့နိုင်ရေး၊ အရည်အသွေး စံချိန် စံညွှန်းစစ်ဆေးသည့် ခေတ်မီကိရိယာ ဓာတ်ခွဲခန်းများဖြင့် အရည် အသွေးပိုင်းအား စိစစ်ကြီးကြပ်ဆောင်ရွက်နိုင်ရေးသည် အနာဂတ်  ကာလ ကဏန်းပို့ကုန်ဈေးကွက် နေရာရရှိရေး၊ ဈေးကောင်း ရရှိရေး နှင့် ဈေးကွက်အတွင်း  ယှဉ်ပြိုင်နိုင်မှုရရှိရေးတို့အတွက်  လွန်စွာ အရေးကြီးကြောင်း တင်ပြလိုက်ရပါသည်။