Main menu

Background

အိန္ဒိယပဲရက်သတ္တပတ်

Mon, 05/08/2017 - 14:24 -- journal_editor

     အိန္ဒိယနိုင်ငံ ပဲမျိုးစုံ အခြေအနေနှင့် ပတ် သက်သော အဂရီဝပ်ချ် ပဲမျိုးစုံ ရက်သတ္တပတ် အစီ ရင်ခံစာကို မေ ၁ ရက်က ထုတ်ပြန်ခဲ့သည်။ အစီ ရင်ခံစာတွင် ပဲမျိုးစုံ ဝယ်ယူဖြည့်တင်းမှု၊ ပြည် ပမှ တင်သွင်းလာသော ပဲမျိုး စုံဈေးနှုန်းနှင့် ပြည်တွင်း ပဲဈေးနှုန်းများ၊ ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် အထွက်နှုန်း ခန့်မှန်းခြေ စသည်တို့ကို ဖော်ပြထား သည်။ အစီရင်ခံစာပါ အချက်အလက်များ အနက် မဟာရသျှတ္တရာ ပြည်နယ်ထုတ်လုပ်မှု ခန့်မှန်းချက်၊ မြန်မာနိုင်ငံမှ တင်သွင်းသော ပဲများ၏ ဈေးနှုန်း အခြေအနေ စသည်တို့မှာ ယခင်ရက်သတ္တပတ်က အတိုင်း ပြောင်းလဲမှု မရှိသည်ကို တွေ့ရသည်။
ပဲမျိုးစုံဝယ်ယူဖြည့်တင်းမှု
မိုးရာသီတွင် ထွက်ရှိခဲ့သော ပဲမျိုးစုံ  ဝယ်ယူ ဖြည့်တင်းမှုကို အစိုးရ၏ ဝယ်ယူဖြည့်တင်းရေး အေဂျင်စီတစ်ခုဖြစ်သော အိန္ဒိယ အမျိုးသား လယ်ယာစိုက်ပျိုးရေး သမဝါယမ ဈေးကွက်ရှာ ဖွေရေး ဖက်ဒရေးရှင်းက ရပ်ဆိုင်း ထား ခဲ့ သည်။ သို့ သော်လည်း ဆောင်းစိုက် ပဲမျိုးစုံများကို ဆက် လက်ဝယ်ယူနေဆဲ ဖြစ်သည်။ ဥတ္တရာပရာဒေ့ရှ်၊ မဒ္ဒယာပရာ ဒေ့ရှ်နှင့် ရာဂျက်စသန် ပြည်နယ်များ မှ ကုလားပဲနှင့် ပဲနီလေးတို့ကိုမူ ဆက်လက် ဝယ်ယူ နေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၅ ရက် အထိ ကုလားပဲနှင့် ပဲနီလေး စုစုပေါင်း ၁၈၇၀၈ တန် အထိ ဝယ်ယူ ထားပြီး ဖြစ်သည်။ စုစုပေါင်း ဝယ်ယူထားသော ကုလားပဲ ၁၆၇၂၇ တန် အနက် ရာဂျက် စသန်မှ ၁၅၃၃၁ တန်၊ မဒ္ဒယာပရာဒေ့ရှ်မှ ၁၂၅၃ တန်နှင့် ဥတ္တရာပရာဒေ့ရှ်မှ ၁၄၃ တန် ဖြစ်သည်။
ဧပြီ ၂၅ ရက်အထိ ဝယ်ယူရရှိထားသော ပဲနီလေး တန်ချိန် ၁၉၈၀ အနက် ဥတ္တရာ ပရာဒေ့ရှ် မှ တန်ချိန် ၁၅၀၀ နှင့် မဒ္ဒယာပရာဒေ့ရှ်မှ တန်ချိန် ၄၈၀ ရှိသည်။ ဤပဲနှစ်မျိုးစလုံး၏ ဈေးနှုန်းမှာ အနိမ့်ဆုံး ထောက်ပံ့ကြေးပေးသော ဈေးနှုန်းထက် ပိုမိုနေသည့်အတွက် အစိုးရက ဈေးကွက်ပေါက် ဈေးအတိုင်း ဝယ်ယူလျက်ရှိသည်။
ပြည်ပမှ တင်သွင်းလာသော ပဲမျိုးစုံဈေးနှုန်း
မြန်မာနိုင်ငံမှ တင်သွင်းလာသော ပဲစင်းငုံ နီဈေးမှာ ယခင်ဈေးနှုန်းအတိုင်းရှိပြီး CIF ဈေးနှုန်း အရ တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၁၅ မှ ၆၂၀ နှုန်းအထိရှိသည်။ မတ်ပFAQ၊ မတ်ပဲ SQ ပဲတီစိမ်း ဈေးများမှာလည်း ယခင် ရက်သတ္တပတ်က ရှိခဲ့သော ဈေးနှုန်းအတိုင်း ရောင်းဝယ်ဖောက်ကား လျက်ရှိသည်။
မေအတွက် ချုပ်ဆိုသော ယူကရိန်းစားတော်ပဲ ဈေးနှုန်းမှာCIF ဈေးဖြင့် တွက်ချက်ပါက  နာဗာ ရှီဗာဆိပ်ကမ်းတွင် တစ်တန်ကို အမေရိကန် ဒေါ်လာ ၃၃၅ နှင့် ကိုလ်ကတ္တားဆိပ်ကမ်းတွင် အမေရိကန်ဒေါ်လာ ၃၄၀ ရှိသည်။ တူရကီ ပဲနီ လေးဈေးမှာ နာဗာရှီဗာ လက်ငင်းဈေးကွက်တွင် တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၂၅ နှုန်းရှိ သည်။ ကနေဒါပဲနီလေး၏ မေလအတွက် ကြို တင်ဈေးမှာ  CNF  ဈေးအရ နာဗာရှီဗာဆိပ်ကမ်း တွင် တစ်တန်ကို အမေရိ ကန်ဒေါ်လာ ၅၅၀ နှုန်း ရှိသည်။ သြစတြေးလျ ကာဘူလီ ကုလားပဲ၏ ဇွန်၊ ဇူလိုင်အတွင်း ကြိုရောင်းဈေးမှာ တစ်တန်ကို အမေရိကန် ဒေါ်လာ ၉၅၅ နှုန်းရှိသည်။ သြစတြေးလျ ကုလားပ (DESI) ကြိုရောင်းဈေးမှာ တစ်တန် ကို ဇွန်လအတွက် အမေရိကန်ဒေါ်လာ ၉၈၀၊ ဇူလိုင် လအတွင် အမေရိကန်ဒေါ်လာ  ၉၉၅ နှင့် အောက် တိုဘာလအတွက် အမေရိကန် ဒေါ်လာ ၇၉၅ နှုန်းရှိသည်။ မေအတွင်း ပေးသွင်းရမည့် သြစတြေးလျ ပဲတီ စိမ်းေ ဈးမှာ တစ်တန်ကို  အမေရိကန်ဒေါ်လာ ၉၃၅ နှုန်းရှိသည်။  တန်ဇန်းနီးယား ပဲတီစိမ်းဈေးမှာ တစ်တန်ကို အမေရိကန် ဒေါ်လာ ၆၉၀နှင့် မိုဇန် ဘစ်ပဲတီစိမ်းဈေးက တစ်တန်ကို အမေရိကန် ဒေါ်လာ၆၄၀ ရှိသည်။
ပြည်တွင်းပဲများ၏ ဈေးနှုန်းအခြေအနေ
လက်လီ ရောင်းချရေး လုပ်ငန်းများမှ ဝယ် လိုအား ကျဆင်းမှုနှင့် သွင်းကုန်လုပ်ငန်းရှင်များ က လျှော့ဈေးဖြင့် ရောင်းချနေသည့်အတွက် ပဲမျိုးစုံ ဈေးကွက်များတွင် ဖိအားပေးမှုများ ဆက်တိုက် တည်ရှိနေဆဲဖြစ်သည်။ ထို့အပြင် သရက်သီး ရာသီမှာလည်း စတင်နေပြီ ဖြစ်သည့်အတွက် စားသုံးသူများ၏ ဝယ်လိုအားကို တိုက်ရိုက်ဂယက် ရိုက်ခတ်မှု ရှိခဲ့သည်။ ထုတ်လုပ်မှု ပိုမိုမြင့်မားမည် ဟု အစိုးရ၏ ခန့်မှန်းချက်နှင့် ပဲစင်းငုံ ရောင်းလို အားမြင့်တက်မှုက ဈေးကွက်၏ ယုံကြည်မှုကို ကျဆင်းစေခဲ့သည်။ ဈေးကွက်မရေမရာ ဖြစ်နေ ချိန်တွင် ဝယ်လက်များကလည်း အလုံးအရင်းဖြင့်  ဝယ်လိုသော ဆန္ဒမရှိသည်ကို တွေ့ရသည်။ ဈေး ကွက်တစ်ခုလုံးကို ခြုံကြည့်မည်ဆိုပါက အကျ ဘက်သို့ ဦးတည်နေသည်ကို တွေ့ရသည်။
အိန္ဒိယ အစားအစာ ကော်ပိုရေးရှင်း( Food Corporation of India  ) က ဧပြီ ၂၂ ရက်မှစ၍MSP ဈေးဖြင့် ပဲမျိုးစုံ ဝယ်ယူမှုကို ယာယီရပ်ဆိုင်း ခဲ့သည်။ ယခုကဲ့သို့ ရပ်ဆိုင်းရခြင်းမှာလည်း စားသုံးသူရေးရာ ဝန်ကြီးဌာနက ချမှတ်ထားသော ဝယ်ယူဖြည့်တင်းရေး ရည်မှန်းချက်ကို ကျော်လွန်ပြီ ဖြစ်သဖြင့် ရပ်ဆိုင်းထားခြင်း ဖြစ်သည်။ ဝယ်ယူ သိုလှောင်မှု ပြည့်မီသွားပြီ ဖြစ်သဖြင့် ဝယ်ယူရရှိ ထားသော ပဲများကို ဈေးကွက်အတွင်းသို့ ဖြန့်ဖြူး ရောင်း ချတော့မည်ဖြစ်သည်။ အထူးသဖြင့် ပဲ တောင်သူများအတွက် ပဲဈေးနှုန်း မြင့်တက်ရေး အလားအလားနည်းလာပြီး ထိုသို့ရောင်းချမှု ကြောင့် ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်နေသည်။ ယခု အခါ ပဲစင်းငုံဈေးမှာ ဈေးကွက်အတွင်း၌ တစ်ကွင် တယ်ကို ရူပီး ၄၂၀၀ နှုန်းရှိနေပြီးMSP ဈေးမှာ ဘောနပ် ၄၂၅ ရူပီးအပါ အဝင် တစ်ကွင်တယ်ကို ရူပီး ၅၀၅၀ နှုန်းရှိသည်။
အပြည်ပြည်ဆိုင်ရာ ပဲဈေးကွက်
၂၀၁၆ ခုနှစ်၊ ဇူလိုင်မှ စတင်သော  ၂၀၁၆-၂၀၁၇ ခုနှစ်၊ ပဲရာသီတွင်  ယခုအချိန်ထိ ယူကရိန်း နိုင်ငံက စားတော်ပဲတန်ချိန် ၃ ဒသမ ၃၃ သိန်း တင်ပို့ခဲ့သည်။ သို့သော် ယခင်နှစ် ကာလတူက တင်ပို့ခဲ့သော ပဲတန်ချိန်မှာ ၁ ဒသမ ၈၂ သိန်း သာရှိခဲ့သည်။ အာရှနိုင်ငံများမှ ပို့ကုန်ဝယ်လိုအား မြင့်မားနေဆဲဖြစ်သဖြင့် ယူကရိန်းနိုင်ငံမှ CNF    ဈေးနှုန်းမှာ ဈေးမှန်အတိုင်း ရှိနေဆဲဖြစ်သည်။ ကနေဒါနိုင်ငံ၏ ကာဘူလီ ကုလားပဲမှာ တစ်ပေါင် ကို ကနေဒါ ဒေါ်လာ သုညဒသမ ၆၇ နှင့် သုည ဒသမ ၆၈ နှုန်းရှိသည်။ ဤကဲ့သို့  ကနေဒါ ပဲဈေး ကျဆင်းမှုကြောင့် မြန်မာနိုင်ငံမှ တင်ပို့သော   CNF  ဈေးမှာလည်း ယခုရက်သတ္တပတ်အတွင်း ကျဆင်း ခဲ့သည်။