Main menu

Background

အိန္ဒိယနိုင်ငံ ဂွန်တူးငရုတ်သီးဈေးကွက် အကျပ်အတည်းတွေ့

Thu, 05/11/2017 - 15:16 -- journal_editor

      ဂွန်တူး ငရုတ်သီးဈေးကွက် မှာ ပြည်နယ်အတွင်း အကြီးဆုံး ဈေးကွက်ဖြစ်သကဲ့သို့ အိန္ဒိယ  တစ်နိုင်ငံလုံးတွင်လည်း အကြီး ဆုံးဈေးကွက်ဖြစ်သည်။ ယခု အခါ ဈေးကွက်အတွင်း ငရုတ် သီးအိတ်များ အများအပြား စုပုံ လျက်ရှိရာ အချို့ခန့်မှန်းချက် အရ အိတ်သုံးသိန်းခန့် ရှိမည်ဟု သိရသည်။ သို့ဖြစ်ရာ ဈေးကွက် အတွင်း၌ အကျပ်အတည်းများ ကြုံတွေ့နေရသည့်အတွက် ဧပြီ ၂၉ ရက်မှစ၍ ဈေးပိတ်ထားပြီး မေ ၃ ရက်တွင် ပြန်လည်ဖွင့်လှစ် ခဲ့သည်။
ငရုတ်သီးအထွက်နှုန်း မြင့်မားပြီး ဈေးကွက်အတွင်းသို့ အလျှံပယ်  ရောက်ရှိနေသည့် အတွက် ငရုတ်သီးတစ်ကွင်တယ် ဈေးမှာ ၂၀၁၆ ခုနှစ်က ရူပီး ၁၂၀၀၀မှ ၁၄၀၀၀ အကြား ရှိ ရာမှ ယခုနှစ်တွင် တစ်ကွင်တယ် ကို ရူပီး ၅၀၀၀ အထိ ကျဆင်း ခဲ့သည်။ ထို့ကြောင့် ဈေးနှုန်း ထောက်ပံ့ရေး အစီအစဉ်ကို အစိုးရက ထုတ်ပြန်ကြေညာခဲ့ ပြီး ဧပြီ ၂၀ ရက်မှစ၍ ငရုတ်သီး တစ်ကွင်တယ်ကို ဈေးကွက် ပေါက်ဈေးအပြင် နောက်ထပ် ရူပီး ၁၅၀၀ ထပ် ဆောင်းပေးခဲ့ သည်။ ဧပြီ ၂၀ ရက်မှ စ၍အန္ဒ ရာပရာဒေ့ရှ် ပြည်နယ်ရှိ ခရိုင် အသီးသီးမှ ငရုတ်တောင်သူ များသည် ဂွန်တူးဈေးကွက်သို့ ငရုတ်သီးခြောက်များကို တင်ပို့  ရောင်းချကြသည်။ ထောက်ပံ့ ကြေးအစီအစဉ်တွင်  တက်လန် ဂါနာမှ တောင်သူများ မပါဝင် သော်လည်း ထိုပြည်နယ်အတွင်း ရှိ ခရိုင်အသီးသီးမှ တောင်သူ များကလည်း ငရုတ်သီးများကို လာရောက်ရောင်းချကြသည်။ ဈေးကွက်အတွင်း၌ ငရုတ်သီး အိတ်များ တောင်ပုံရာပုံ ဖြစ်နေ သော်လည်း ဈေး အတွင်းနှင့် အိမ်နီးချင်းခရိုင်များတွင် အအေး ခန်း သိုလှောင်ရုံမရှိဘဲ ဖြစ်နေ သည်။
ငရုတ်သီးဈေးကွက်တွင်  အကျပ်အတည်းများ ဆက်လက် ဖြစ်ပွားနေသည်ကို  အကြောင်း ပြု၍ အတိုက်အခံ ပါတီဖြစ် သောYSR Congress က ဝေဖန် တိုက်ခိုက်ခဲ့သည်။ ရွေးကောက် ပွဲကာလက ယခု အာဏာရပါတီ သည် ကတိအမျိုးမျိုးကို ပေးခဲ့ သော်လည်း  တောင်သူများ၏ အကျိုးစီးပွားကို လုံး၀ မျက် ကွယ်ပြုထားကြောင်း စွပ်စွဲပြော ကြားထားသည်။