Main menu

Background

အိန္ဒိယပဲ ရက်သတ္တပတ်

Thu, 05/18/2017 - 14:17 -- journal_editor

          အဂရီဝပ်ချ်က မေ ၈ ရက်တွင် ထုတ်ပြန်ခဲ့ သော ပဲမျိုးစုံ ရက်သတ္တပတ် အစီရင်ခံစာ (Pulses Weekly Report )  တွင် အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံ ထုတ်လုပ်ရောင်းချမှု အခြေအနေကို ဖော်ပြထား သည် အစီရင်ခံစာ တွင်  ပါရှိသော ကိန်းဂဏန်း အချက်အလက်များအနက် အမျိုးသားလယ်ယာ စိုက်ပျိုးရေးသမဝါယမ ဈေးကွက်ရှာဖွေရေး ဖက်ဒရေးရှင်း၏ ဝယ်ယူ ဖြည့် တင်းမှု၊ မဟာ ရသျှတ္တရာ လယ်ယာစိုက်ပျိုးရေးဌာန၏ အထွက် နှုန်း ခန့်မှန်းချက်၊ အိန္ဒိယနိုင်ငံအတွင်းသို့ ပဲမျိုးစုံ ကုန်သေတ္တာများ တင်သွင်းမှု အခြေအနေ စသည့် ကိန်းဂဏန်း အချက်အလက်များမှာ ယခင် ရက် သတ္တပတ်ကအတိုင်း ပြောင်းလဲမှုမရှိသည်ကို တွေ့ ရသည် ယခုရက်သတ္တပတ်တွင် ပဲစင်းငုံ တင်သွင်းခွန် ကောက်ခံမှု၊ တမီနာဒူးပြည်နယ်မှ ပဲမျိုးစုံ ရောင်း ချရန် တင်ဒါခေါ်ယူမှု၊ ပြည်ပမှ တင်သွင်းလာသော ပဲမျိုးစုံ ဈေးနှုန်းနှင့် ပြည်တွင်းပဲ မျိုးစုံဈေးနှုန်း အခြေအနေတို့ကို ဖော်ပြထားသည်။ပဲစင်းငုံ သွင်းကုန်ခွန်မြှင့်တင်မှုနှင့် ပဲဖြန့်ဖြူးရေး တင်ဒါခေါ်ယူမှု
အိန္ဒိယနိုင်ငံအတွင်းသို့ ပဲစင်းငုံ တင်သွင်း မှုကို ထိန်းချုပ်ရန်နှင့် ပြည်တွင်းဈေးကွက်များ၌ ဈေးနှုန်းကျဆင်းနေသည်ကို ဟန့်တားနိုင်ရန်အတွက် ပဲစင်းငုံသွင်းကုန်ခွန်ကို မူလက ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားရာမှ ၂၀ ရာခိုင်နှုန်း အထိ တိုးမြှင့် ပေးရန် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနက အဆို ပြုခဲ့သည်။ ယခုကဲ့သို့ ဆောင်ရွက်ခြင်းမှာ အချိန် နှောင်းနေပြီဖြစ်သည့်အတွက် ပဲစင်းငုံဈေးကွက်၏ အလားအလာမှာ မှေးမှိန်နေဆဲ ဖြစ်သည်။
အများပြည်သူဖြန့်ဖြူးရေး စနစ်f( Public Distribution System )  အရ သတ်မှတ်ချက်များကို  ဖြည့်ဆည်းရန်အတွက် တမီလ်နာဒူးပြည်နယ်အစိုးရ အဖွဲ့က ပဲမျိုးစုံတန် ချိန် နှစ်သောင်းကို ဝယ်ယူဖြန့် ဖြူးရန် တင်ဒါများ ခေါ်ယူခဲ့သည်။ ပြည်နယ် အစိုးရ၏ လက်ဝယ်တွင် ပဲစင်းငုံနှင့် ကနေဒါ စားတော်ပဲများ ဖြန့်ဖြူးပေးရန်ရှိနေပြီး ထိုပဲများ ဖြန့်ဖြူးရန် စိတ်ပါဝင်စားသူတို့က ၂၀၁၇ ခုနှစ်၊ မေ ၁၅ ရက်မတိုင်မီ လျှောက်လွှာတင်သွင်းရန် နှိုး ဆော်ထားသည်။ အနိမ့်ဆုံး ဖြန့်ဖြူးရောင်းချပေး မည့် အရေအတွက်မှာ တန် ၂၀၀၀ ဖြစ်သည်။
ပြည်ပမှ တင်သွင်းလာသော ပဲမျိုးစုံဈေးနှုန်း
နာဗာရှီဗာဆိပ်ကမ်းတွင် ဆူဒန်နိုင်ငံမှ တင် သွင်းလာသော ကာဘူလီကုလားပဲ ဈေးသည် တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၈၀ ဈေးဖြစ် သည်။ ယူကရိန်းနိုင်ငံက ကုလားပဲကြိုရောင်းဈေး မှာ CIF အခြေခံဖြင့် နာဗာရှီဗာ ဆိပ်ကမ်းတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၅ နှင့် ကိုလ် ကားတ္တားဆိပ်ကမ်းတွင် တစ်တန်လျှင် အမေ ရိကန် ဒေါ်လာ ၃၄၀ ရှိသည်။
တူရကီမှ တင်ပို့သည့် ပဲနီလေးဈေးမှာ နာဗာရှီဗာ ဆိပ်ကမ်းတွင် လက်ငင်းပေးချေမှုအရ  CNF ဈေးဖြင့်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၅ ရှိသည်။ ကနေဒါပဲနီလေး၏ မေအတွက် ချုပ် ဆိုသော ဈေးနှုန်းမှာ CNF ဈေးအရ နာဗာရှီဗာတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၀ ဈေးရှိသည်။
ဇွန်၊ ဇူလိုင်တွင် ပေးရန် စာချုပ်ချုပ်ဆိုသော သြစတြေးလျ ကာဘူလီကုလားပဲဈေးမှာ တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၉၅၅ ရှိသည်။ သြစတြေး ကုလားပဲ( Desi ) ၏ တစ်တန်ဈေးမှာ ဇွန် အတွက် အမေရိကန်ဒေါ်လာ ၈၉၀ ၊ဇူလိုင်အတွက် အမေရိကန် ဒေါ်လာ ၉၉၅ နှင့် အောက်တိုဘာ၊ နိုဝင်ဘာအတွက် အမေရိကန်ဒေါ်လာ ၇၉၅ ရှိသည်။
တန်ဇန်နီးယား ပဲတီစိမ်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၆၉၀၊ မိုဇမ်ဘစ် ပဲတီစိမ်း တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၀ ဖြစ်သည်။ မြန်မာ ပဲစင်းငုံနီဈေးမှာ  CNFၤအခြေခံတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၀ ရှိသည်။
ပြည်တွင်းပဲများ၏ ဈေးနှုန်းအခြေအနေ
ငွေကြေးတန်ဖိုးကျဆင်းမ GST နှင့် ပတ် သက်၍ အငြင်းပွားမှု၊ ဝယ်ယူဖြည့်တင်းရေး အေဂျင်စီများက အီလက်ထရွန်းနစ်လေလံဖြင့် ပဲများကို ပြန်လည်ရောင်းချမှုနှင့် ဖောက်သည်များ ထံမှ ဝယ်လိုအားကျဆင်းမှုတို့ကြောင့် မေလ အတွင်း၌ ပဲမျိုးစုံဈေးကွက် ဆက်လက်ကျဆင်း နေဦးမည်ဖြစ်သည်။ ပဲဈေးကွက်အခြေအနေ တစ်ခုလုံးကို ခြုံကြည့်ပါက ရေတိုတွင် ဈေးနှုန်းကျ ဆင်းနေဦးမည်ဟု ခန့်မှန်းရသည်။ ပဲမျိုးစုံ ရောင်း ဝယ်ရေးအသင်းများကလည်း ပြည်ပသို့ ပဲမျိုးစုံ တင်ပို့ ခွင့်ပြုရန် တင်ပြထားကြသည်။ ပဲမျိုးစုံဈေး ကွက်သည် ဇွန်တွင် ပြန်လည်နာလန်ထူလာပြီး ဝယ်လိုအားမြင့်တက်လာမည်ဟု အဂရီဝပ်ချ်က ခန့်မှန်းထားသည်။
အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံများကို ဇွန်လတွင် ပြန်လည်စိုက်ပျိုးလေ့ရှိသည်။ အကယ်၍ ပဲဈေးနှုန်း သည် ယခုနှုန်းထားအတိုင်းဆက်လက် တည်ရှိ နေပါက ပဲစင်းငုံစိုက်ဧရိယာမှာ ၂၀ ရာခိုင်နှုန်းမှ  ၂၅ ရာခိုင်နှုန်းထိ ကျဆင်းနိုင်သည်။ ပဲတောင်သူ တို့က သီးနှံပြောင်းလဲစိုက်ပျိုးမည့် အလားအလာ ရှိနေသည်။ ယခုအခါတွင် ပဲစင်းငုံဈေးက တစ်ကွင် တယ်ကို ရူပီး ၃၈၀၀ မှ ၄၀၀၀ အထိ ရောက်ရှိနေ သည်။
အပြည်ပြည်ဆိုင်ရာ ပဲဈေးကွက်
ဧပြီလ နောက်ဆုံးရက်သတ္တပတ်တွင် ကနေ ဒါမှ ပဲနီလေးနှင့် စားတော်ပဲတင်ပို့မှု ဆက်လက် ကောင်းမွန်လျက်ရှိသည်။ အဆိုပါ ကာလအတွင်း ကနေဒါနိုင်ငံက စားတော်ပဲတန်ချိန် ၇၆၂၀၀နှင့် ပဲနီလေး တန်ချိန် ၁၂၃၀၀ တင်ပို့ခဲ့သည်။ ယခု နှုန်း ထားအတိုင်းဆိုပါက ယခုနှစ်အတွင်း ဧပြီအထိ ကနေဒါ နိုင်ငံ၏ စားတော်ပဲစုစုပေါင်း တင်ပို့မှု သည် တန်ချိန် ၃၀ ဒသမ ၃ သိန်းအထိ ရှိခဲ့သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၀ သိန်းပိုမိုခဲ့သည်။ ပဲနီလေးစုစုပေါင်းတင်ပို့မှုမှာ တန်ချိန် ၇၀၀၆၀၀ အထိ စံချိန်တင်ရောက်ရှိခဲ့ သဖြင့် ယခင်နှစ်ကာလတူထက် တန်ချိန် ၁ ဒသမ ၁ သိန်းပိုမိုခဲ့သည်။