Main menu

Background

ပျားရည်ကုန်စည် တင်ပို့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ သတ်မှတ်ချက်လုပ်ထုံးလုပ်နည်းများ

Tue, 08/08/2017 - 14:09 -- journal_editor

        တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ပျားရည် ကုန်ပစ္စည်း တင်ပို့သည့် ကုန်သွယ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ထားပြီး အကူးအပြောင်းကာလ ၁၈ လကို စီစဉ်ပေး ထားပါကြောင်း၊ အကူးအပြောင်းကာလ ၁၈ လမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှ ၂၀၁၇  ခုနှစ် ဇူလိုင် ၂၈ ရက် အထိဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ တရုတ်သို့တင်ပို့ရောင်း ချမည့် ပျားရည်၏အစားအစာ ဘေးကင်းလုံခြုံရေး စီမံ ခန့်ခွဲမှုစနစ်၏  စစ်ဆေးအကဲဖြတ်ခြင်း၊ တင်ပို့သည့် ပျား ရည်ကုန်စည်များ အန္တရာယ် ရှိ/မရှိစိစစ်ခြင်း  လုပ်ငန်းတို့ ကို အဆိုပါ အကူးအပြောင်းကာလ ၁၈ လအတွင်း ပြီးစီး အောင် ဆောင်ရွက်ရမည့်အပြင် ပျားရည်ကုန်စည်  ကျန်း မာရေးသက်သေခံလက်မှတ်ကို  တရုတ်နိုင်ငံမှ  သက် ဆိုင်ရာဌာနနှင့် ညှိနှိုင်းသတ်မှတ်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်ကို ပြီးစီးအောင်ဆောင်ရွက်နိုင်မှသာ မြန်မာ နိုင်ငံမှ  ပျားရည်ကုန်စည်များ  တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အကူးအြေ ပာင်း ကာလစတင်ချိန်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် ပျားရည်ကုန်ပစ္စည်း၏  ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုစနစ်ကို မေးမြန်းစုံစမ်းခြင်း၊ စာရွက်စာတမ်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် ပျားရည် ကုန် စည်၏ ကျန်းမာရေးသက်သေခံလက်မှတ် (Health Certificate)သတ်မှတ်ချက်ကို မြန်မာနိုင်ငံမှ ဖြည့်စွက်၍  ပြန်လည်ပေးပို့ရန် အကြောင်းကြားခဲ့ကြောင်း၊ ယခုအခါ အကူးအပြောင်းကာလ ၁၈ လ ပြည့်တော့မည်ဖြစ်ရာ တရု တ်နိုင်ငံဘက်မှ စစ်ဆေးအကဲဖြတ်ခြင်းနှင့် အတည်ပြုခင်းကို အချိန်မီဆောင်ရွက်နိုင်ရန်အတွက် အဆိုပါဖြေကြားချက်နှင့် သက်သေခံလက်မှတ်နမူနာပုံစံတို့ကို မြန်မာနိုင်ငံမှ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။ အဆိုပါ အကူးအပြော င်းကာလ ၁၈ လအတွင်းတွင် အထက်ဖော်ပြပါ အချက်အလက်များကို  တရုတ်နိုင်ငံဘက်မှ လက်ခံရရှိခဲ့ခြင်းမရှိပါက ဖော်ပြပါအလုပ်များကို ပြီးစီးအောင်ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ ခွင့်ပြုချက်များ ရရှိသည့်အ ချိန်အထိ  မြန်မာနိုင်ငံမှ ပျားရည်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်း ချနိုင်မည်မဟုတ်ကြောင်း သိရှိရပါသည်။

        တရုတ်နိုင်ငံသို့  တင်ပို့ရောင်းချရန်  ပျားရည်ကုန် ပစ္စည်း၏ လုံခြုံရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်ကို မေးမြန်းစုံစမ်းခြင်း၊ စာရွက်စာတမ်းတွင် ပါဝင်သည့်အချက်များမှာ တိရစ္ဆာန်ဆေးကုဆရာဝန်၏ ဖွဲ့စည်းပုံ၊ သွင်းကုန်/ ပို့ကုန်ပျားထွက်ကုန်ပစ္စည်း အရည်အသွေး လုံခြုံရေး စီမံခန့်ခွဲမှု  အဖွဲ့အစည်း၊ လူအင်အားနှင့် အရာဝတ္ထုအရင်း အမြစ်များ ကျင့်သုံးဆောင်ရွက်နိုင်စွမ်းနှင့် တရားဥပဒေ သတ်မှတ်ချက်များ၊ ပျားမွေးမြူရေးအခြေခံစခန်း၊ ဓာတ်ခွဲ စမ်းသပ်ခန်း၊ ကြီးကြပ်စစ်ဆေးရေး၊ ပြုစုပျိုးထောင်ရေး၊ လုပ်ငန်း၏ အခြေခံအချက်အလက်များနှင့် ပုံနှိပ်ထုတ်ေ၀ ခြင်း အခြေအနေများဖြစ်ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံသို့ ပျားရည်တင်ပို့ရောင်းချရန် ကျန်း မာရေး သက်ေ သခံလက်မှတ် (Health Certificate)သတ် မှတ်ချက်တွင်  ပါဝင်သည့်အချက်အလက်များမှာ ကုန် ပစ္စည်းနှင့် ထုတ်လုပ်ရောင်းချသူ၏အခြေခံအချက်အလက် များ၊ သက်သေခံလက်မှတ်တွင်ပါရှိသော အချက်အလက်များနှင့် လုပ်ငန်းအစီ အစဉ်အချက်အလက်များဖြစ်ကြောင်း သတင်းရရှိပါသည်။
 

 

ဒေါက်တာမျိုးထွန်း(DOT)
Source-ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊
ပေကျင်းမြို