Main menu

Background

အာဆီယံသည် စီးပွားရေးပေါင်းစည်းမှုဆောင်ရွက်နေကြောင်း ပြည်သူကို ပိုမိုအသိပေးသင့်

Mon, 08/14/2017 - 13:50 -- journal_editor

        စီးပွားရေးပေါင်းစည်းမှု  (Economic Integration) အောင်မြင်လိုပါက အာဆီယံ နိုင်ငံများသည် မိမိတို့၏ ကြိုးပမ်းလုပ်ဆောင်ချက်များကို ပြည်သူလူထုသို့ ပိုမိုချပြအသိပေးရန် လိုအပ်သည်။ ထို့ပြင် အာဆီယံနိုင်ငံများ ကြားတွင်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြိုင်ဆိုင်ခြင်းထက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။ အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ကို အကောင်အထည်ေ ဖာ်ခဲ့သည်မှာ (၂)နှစ်ပြည့် မြောက်တော့မည်ဖြစ်သော်လည်း   အရှေ့ တောင်အာရှဒေသသည် ဒေသဆိုင်ရာ စီးပွား ရေးပူးပေါင်းမှုတွင် ဒေသတွင်းအခက်အခဲများ နှင့် စိန်ခေါ်မှုများ (Internal challenges) ကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများကြား ပေါင်းစည်းညီညွတ်မှုမရှိခြင်း (Lack of cohesiveness) ကြောင့် အရေးပါသော ကိစ္စရပ်များသည် တိုးတက်သင့်သလောက် မတိုးတက်ဘဲဖြစ်နေကြောင်းကျွမ်းကျင်သူများက ထောက်ပြထား သည်။ ဥပမာအားဖြင့် အာဆီယံသည် နိုင်ငံ တကာမျက်နှာစာတွင် ကောင်းသတင်းဖြင့် ကျော်ကြားလျက်ရှိနေသော်လည်း ဆက်သွယ် ချိတ်ဆက်မှု (Connectivity) ကဲ့သို့သော အရေးကြီးသည့်အပိုင်းတွင် တိုးတက်မှုနှေးကွေး လျက်ရှိသည်။ အဖွဲ့ဝင်နိုင်ငံများကြား စိတ်တူသဘောတူဖြစ်သော ဘုံရပ်တည်ချက်တစ်ရပ် (Common identity) ကို ဖန်တီးထားရှိရပါမည်။ Common identity မရှိပါက အာဆီယံနိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ လက် တွဲဖော်များ (Partner) အဖြစ် မရှုမြင်ဘဲ ပြိုင်ဘက်များ (Competitors) အဖြစ် အမြဲတမ်းလိုလို ရှုမြင်ကြ မည် ဖြစ်ပါသည်။
         ဥပမာအားဖြင့် အာဆီယံချိတ်ဆက်မှု ပင်မစီမံကိန်း (Master Plan of Asean Connectivity-MPAC) သည် အဖွဲ့ဝင်နိုင်ငံများကြား မတူညီမှုများကြောင့် ဆက်လက်မတိုး တက်ဘဲ ဖြစ်နေသည်။ ၂၀၂၅ ခုနှစ် MPAC သည် အာဆီယံကို ဘက်စုံပေါင်းစည်းချိတ်ဆက်ပေးသော ဒေသဆိုင်ရာလမ်းပြမြေပုံ (Regional road map) ဖြစ်သည်။ အာဆီယံ၏ ဂျီဒီပီ (GDP) သည် အမေရိကန်ဒေါ်လာ ၃ ထရီလီယံရှိပြီး ကမ္ဘာ့စီးပွားရေးအတိုးတက်ဆုံး ၁၀ ခုအနက် တစ်ခုအပါ အဝင်ဖြစ်သည်။ အာဆီယံသည်ဒေသ၏ စီးပွားရေးတိုးတက်မှုအတွက် မောင်းနှင်နိုင်ခဲ့ပါသည်။ ထို့ပြင် ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြား နှစ်စဉ်ပျမ်းမျှ GDP တိုးတက်မှုနှုန်းကို ၅ ဒသမ ၂ ရာခိုင်နှုန်း လျာထားသတ်မှတ်ထားသည်။ စက်မှုလုပ်ငန်းရှုထောင့်မှကြည့်ပါက ဒေသဆိုင်ရာပေါင်းစည်းမှုသည် အချင်းချင်းအပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ရာမှ အာဆီယံအတွက် ကြီးမားသော အခွင့်အလမ်းကို ရရှိစေနိုင် ကြောင်း တွေ့မြင်ရပါသည်။ အာဆီယံအသင်းကြီးအဖြစ် စုပေါင်း ဆောင်ရွက်ခြင်းအားဖြင့် တစ်နိုင်ငံချင်းစီ၏ စီးပွားရေးအကျိုးအမြတ်ကို ဖြစ်ထွန်းစေနိုင်သည်။ စင်ကာပူနိုင်ငံ၏ စက်မှုကုန်ချောထုတ် လုပ်သည့်ကဏ္ဍ  (Manufacturing sector) သည် တိုင်းပြည်ဝင်ငွေ GDP ၏ ၂၀ ရာခိုင်နှုန်း ပါဝင်နိုင်ကြောင်း သိရှိရပါသည်။ ထိုနည်းတူစွာ အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ စက်မှု ကုန်ချောထုတ်လုပ်မှုကို ပိုမိုမြှင့်တင်သင့်ပါသည်။ စင်ကာပူဈေးကွက်သည် အ လွန်သေးငယ်ခြင်းနှင့် ပြည်ပဈေးကွက်များကို ချဲ့ထွင်ရန်လိုအပ်ခြင်းတို့ကြောင့် အာဆီယံသည်ပင် စင်ကာပူအတွက် အရေးကြီးဆုံးဈေးကွက်ဖြစ်နေပါသည်။ ထို့ကြောင့် စင်ကာပူနိုင်ငံသည်တန်ဖိုးပြောင်းလဲမှုကွင်းဆက် (Manuf -actoring value chain) တစ်လျှောက် အာဆီယံနိုင်ငံ အားလုံးနှင့်လက်တွဲရန်အတွက်ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးပုံစံ (Collaborative business model)ကို ကျင့်သုံးလျက်ရှိပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် နိုင်ငံအလိုက် အားကောင်းသည့်အချက်ကို အသုံးပြုပြီး အကျိုးအမြတ်ရရှိစေရန် ဆောင်ရွက်သင့်သည်။ ဥပမာအားဖြင့် ဗီယက်နမ်နိုင်ငံသည် ကုန်ပစ္စည်းထုပ်ပိုးသည့်လုပ်ငန်းစု (Packaging industry) ကိုလည်းကောင်း၊ လာအိုနိုင်ငံသည် လူ့စွမ်းအားအရင်းအနှီး (Human capital) ကိုလည်းကောင်း၊ စင်ကာပူသည် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်(Intellectual property rights)ကိုလည်းကောင်း ပိုမိုအသုံးပြု၍ အကျိုးရှိအောင် ဆောင်ရွက်သင့် သည်။
         နိုင်ငံအသီးသီး၏ အားသာချက်များကို အသုံးချခြင်းအားဖြင့် အာဆီယံသည် ဆွဲဆောင်မှုရှိသောဒေသ သို့မဟုတ် ဆွဲဆောင်မှုရှိသော ဈေးကွက်ဖြစ်လာနိုင်သည်။ ကမ္ဘာ့ဈေးကွက်အတွင်း ပိုမိုထိုးဖောက် ဝင်ရောက်ရေးအ တွက်လည်း စက်မှုကုန်ချောထုတ်လုပ်ရန် အချက်အခြာကျသော နေရာဖြစ်လာနိုင်သည်။ ဤကဲ့သို့ အာဆီယံဈေးကွက်အတွင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဈေးကွက်ချဲ့ထွင်ခြင်းကို အာဆီယံ နိုင်ငံများကြား ပြိုင်ဆိုင်မှုဟူ၍ မရှုမြင် သင့်ဘဲ လက်တွဲပူးပေါင်းခြင်းဟု ရှုမြင်ရပါမည်။ အာဆီယံနိုင်ငံများကြား ဘုံပိုင်ဆိုင်မှု သို့မဟုတ် စုပေါင်းပိုင်ဆိုင်မှု (Common ownership) မရှိဘဲ ပူးပေါင်းဆောင်ရွက်မှုမှရရှိသော ကောင်းကျိုးများကို ပြည်သူများက သတိထား သိရှိကြမည်မဟုတ်ပေ။ Institute of Southeast Asean Studies (ISEAS) က ၂၀၁၄ ခုနှစ်တွင် ပြုလုပ်သော လူထုသဘောထားစစ်တမ်းအရ အာဆီယံ(၁၀)နိုင်ငံရှိ ပြည်သူများ၏ ၅၅ ဒသမ ၈ ရာခိုင်နှုန်းသာ ASEAN သို့မ ဟုတ် AEC ကို သတိထား၊ သိရှိကြပါသည်။  ထို့ကြောင့် အာဆီယံနိုင်ငံအချင်းချင်း ပြိုင်ဆိုင်မှုမပြုဘဲ  ပိုမိုပူးပေါင်းသင့်ကြောင်း၊  စီးပွားရေး  ပေါင်းစည်းနေခြင်းကို ပြည်သူများအား ပိုမိုအသိပေးသင့်ကြောင်း တိုက်တွန်းလိုသည်။

 

Source: The Jakata Post

သိန်းမြင့်ဝေ