Main menu

Background

ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) ကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ တိုးမြင့်လာမည်

Tue, 11/05/2019 - 12:12 -- journal_editor

       ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) ကို အောက်တိုဘာ ၃၀ ရက်မှစတင်၍ အပြည့် အဝဖြတ်သန်းခွင့်ပြုပြီးနောက် ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံတို့အကြား နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ထိုင်းကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Niyom Wairatpanich ကနှစ်နိုင်ငံကြား နယ်စပ် ကုန်သွယ်မှုတိုးမြှင့်ရေးသည် အရေးကြီးကြောင်း မဲဆောက်မှတစ်ဆင့် ကုန်သွယ်ရေးစီးဆင်းမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများ တိုးတက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့်ထိုင်းနယ်စပ် ကုန်သွယ်ရေးသည် ယမန်နှစ်က ဘတ် ၁၉၃ ဘီလီယံရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မဲဆောက်မှ နယ်စပ် ကုန်သွယ်ရေးသည် ဘတ် ၈၀ ဘီလီယံရှိခဲ့ကြောင်း  ပြောကြားခဲ့သည်။

          ထို့ပြင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအပြင် မလေးရှား၊ လာအိုနှင့် ကမ္ဘောဒီးယားတို့နှင့် လည်း  ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိသည်။ မလေးရှား နိုင်ငံနှင့် ကုန်သွယ်မှုမှာ ဘတ် ၅၇၂ ဘီလီယံ ရှိခဲ့ပြီး ၁ ဒသမ ၃ ရာခိုင်နှုန်း တိုး တက်ခဲ့ကြောင်း၊ လာအို နိုင်ငံနှင့် ကုန်သွယ်မှုမှာ ဘတ် ၂၁၄ ဘီလီယံရှိခဲ့ပြီး ၃ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ကမ္ဘောဒီး ယားနိုင်ငံနှင့်ကုန်သွယ်မှုမှာ ဘတ် ၁၄၆ ဘီလီယံရှိ ခဲ့ပြီး ၁၆ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Niyom Wairatpanich ကဆက်လက်ပြောကြားခဲ့ သည်။ ထိုင်းနိုင်ငံနှင့် မြန်မာတို့၏ကုန်သွယ်မှုတွင် အဓိကပို့ကုန်ငါးမျိုးမှာ အားဖြည့်အချိုရည်၊ မော် တော်ဆိုင်ကယ်၊ ဒီဇယ်ဆီ၊ မိုဘိုင် းဖုန်းနှင့်ဆက်စပ် ပစ္စည်းများ၊ ကွမ်းသီးခြောက်များဖြစ်ပြီး အဓိက သွင်းကုန်ငါးမျိုးမှာ ပြောင်းဖူး၊ ကျွဲနွားအရှင်များ၊  ကျောက်ပြားအဟောင်းများနှင့်မီးအားမြှင့်စက်များ ဖြစ်သည်။ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂)မှ ၂၀၂၀ ပြည့်နှစ်တွင် မဲဆောက်မှတစ်ဆင့် နယ် စပ်ကုန်သွယ်မှုတန်ဖိုးဘတ်ဘီလီယံ ၁၀ဝ အထိ ရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

         ထိုင်း-မြန်မာ စီးပွားရေးကောင်စီဥက္ကဋ္ဌ Kich Aungvitulsalit ကထိုင်းမှပို့ကုန်သည် တံတား အသစ်ဖွင့်ပြီးသည်နှင့် ၃၀ ရာခိုင်နှုန်းတိုးတက်လာ ဖွယ်ရှိနေပြီး မဲဆောက်နယ်စပ်ဂိတ်သည် ထိုင်းနှင့် မြန်မာကြား စုစုပေါင်းနယ်စပ်ကုန်သွယ်ရေး၏ ၆၀ ရာခိုင်နှုန်းရှိကြောင်း ပြောဆိုခဲ့သည်။ ထိုင်းနှင့်မြန်မာနှစ်နိုင်ငံအကြား နယ်စပ် ကုန်သွယ်ရေးမြှင့်တင်ရန် မဲဆောက်တွင် ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်မှုမြှင့်တင်မှုနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Jurin Laksanawisit  သည် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍ အကြံပေးကော်မတီနှင့်အတူ အစည်းအဝေး တစ် ရပ်ကျင်းပခဲ့ပြီး ထိုင်း-မလေးရှား နယ်စပ်ကုန်သွယ် ရေးတိုးမြှင့်ရန် Songkhla ပြည်နယ်တွင် လည်း ကောင်း၊ လာအိုနှင့်ကုန်သွယ်ရေးမြှင့်တင်ရန် Mukdahan တွင်လည်းကောင်း အစည်းအဝေးများ ကျင်းပခဲ့ကာ ကမ္ဘောဒီးယားနယ်စပ်အနီးရှိ Sakaeo တွင်လည်း အစည်းအဝေးကျင်းပရန် စီစဉ်ထား ကြောင်း သိရသည်။

 

ဝင်းလဲ့ဖြူ၊ သံမှူး

မြန်မာသံရုံး၊ဗန်ကောက်မြို့