Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 07/05/2021 - 14:34 -- journal_editor

     ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်ဇွန် ၂၈ ရက်တွင် International Rice Market Website တွင် ဖော်ပြ ချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၈ ဖြင့်  လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၃ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေး နှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်  တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၆၄ ဖြင့် လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၇  ဖြင့်လည်းကောင်း၊ ဧည့် မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၈ ဖြင့်လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၅၅ ဖြင့် လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိ ရသည်။

     ဗီယက်နမ်နိုင်ငံ၏  ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၈ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၄၅၈ ဖြင့်လည်းကောင်း  ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း  ဆန်တစ်တန်လျှင်  အမေရိကန်ဒေါ်လာ  ၃၅၈ ဖြင့် လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

    ဆန်ဈေးကွက်နှင့် ပတ်သက်သည့် ပြည်ပသတင်းများအနေ ဖြင့် Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း  ဆန်ဈေးများ ကျဆင်းနေခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဆန်ဈေးနှုန်းများ တည်ငြိမ်နေခဲ့သည်ကို သိရှိရသည်။

    ဆန်ဈေးကွက်နှင့်  ပတ်သက်သည့် ပြည်တွင်းသတင်းများ အနေဖြင့် လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်မှ ဇွန် ၂၅ ရက်နေ့အထိ (ယာယီ) စာရင်းများအရ ကမ္ဘာ့နိုင်ငံ ပေါင်း ၃၀ ကျော်သို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၉၂၇ ၆၃၀ ဒသမ၁၇၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၈ ဒသမ ၃၅၄ သန်း၊ ဆန်ကွဲ တန်ချိန် ၆၉၁၆၂၀ ဒသမ ၆၄၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၄ ဒသမ ၄၇၂ သန်း၊  စုစုပေါင်း ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၁၆၁၉၂၅၀ ဒသမ ၈၂၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၁၂ ဒသမ ၈၂၆ သန်း ရရှိထားပြီး၊  ယခင်နှစ်ကာလတူတွင်  ဆန်တန်ချိန် ၁၃၅၆၅၂၀ ဒသမ ၇၄၇ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၄၂၉ ဒသမ ၇၉၄ သန်း၊ ဆန်ကွဲတန်ချိန် ၇၆၇၆၀၆ဒသမ၁၄၀ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂၀၃ ဒသမ ၆၆၁ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၂၁၂၄၁၂၆ ဒသမ ၈၈၇ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၆၃၃ဒသမ၄၅၅ သန်းဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရ သည်။

   ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၄၂၈၈၉၀ ဒသမ ၅၇၂ တန်၊  တန်ဖိုး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၄၄၀ သန်း တင်ပို့မှု လျော့နည်းခဲ့သည်ကို တွေ့ရှိရသည်။ ဆန်ကွဲတင်ပို့ မှုတွင် တန်ချိန် ၇၅၉၈၅ ဒသမ ၄၉၅ တန် တင်ပို့မှုလျော့နည်းခဲ့ သော်လည်း တန်ဖိုး အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၈၁၁ သန်း ပိုမိုခဲ့သည်ကို သိရှိရသည်။ ဆန်နှင့်  ဆန်ကွဲကို တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချနိုင်ခဲ့ခြင်းဖြစ်ပြီး   ဘယ်လ်ဂျီယံနိုင်ငံသို့ လည်း  ဆန်ကွဲ တင်ပို့နိုင်မှု မြင့်တက်ခဲ့ကြောင်း  မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရှိရသည်။

    မြန်မာ-တရုတ်  နယ်စပ်ဒေသဖြစ်သော  မူဆယ်မြို့တွင် ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်း  တစ်ယွမ်လျှင်  ၂၄၅ ကျပ်နှုန်းရှိပြီး၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်အိတ်လျှင် ၂၈၁၇၅ ကျပ်မှ ၂၉၄၀ဝ ကျပ်ကြား ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ် သော မြဝတီမြို့တွင် ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ၅၁ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။

    တိုင်းဒေသကြီး/ပြည်နယ်များရှိ  မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ် နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ်  ၂၄၀ဝ၊ မုံရွာမြို့ တွင် ကျပ်  ၂၁၀ဝ၊ မကွေးမြို့တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံး ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ဘားအံမြို့နှင့်  ပြည်မြို့တို့တွင် ကျပ် ၁၁၀ဝ တို့ဖြင့်   အနိမ့်ဆုံးဈေးနှုန်းများ  ဖြစ်ခဲ့သည်ကို တွေ့ရှိရ သည်။ 

     Trading Economics Website တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက  သုည ဒသမ ၆၀ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။ ၂၀၂၁ ခုနှစ် ဇွန်လနောက်ဆုံးပတ်တွင် နိုင်ငံတကာ ဆန် ဈေးနှုန်းများတွင် အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်း လဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ်တင်ပြအပ်ပါသည်။