Main menu

Background

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင်ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေခွင့်ပြု

Mon, 12/27/2021 - 15:23 -- journal_editor

တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် ငွေကြေးအား တိုက် ရိုက်အသုံးပြုပေးချေမှုအား ခွင့်ပြုလိုက်ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင် ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန် ဆန်ချောမွေ့စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူ ချောမွေ့စေရန်နှင့် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်း ငွေကြေးသုံးစွဲမှုအား  တိုးမြှင့်ရန်အတွက် ရည်ရွယ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက် ခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ထို့ပြင်  ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုအား ဆောင်ရွက်ခွင့်ရသည့် ဘဏ် (Designated Bank) များတွင် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်မည့် သွင်းကုန် တင်သွင်းသူများနှင့်  ပို့ကုန်တင်ပို့သူများ၏ ယွမ်စာရင်း ဖွင့်လှစ်ခွင့်ပြုကြောင်း သိရသည်။
သို့ဖြစ်ရာ ဆောင်ရွက်ခွင့်ပြုသည့်   (Designated  Bank)များသည် တရုတ်- မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေ ရေးလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက်အား  လိုက်နာဆောင်ရွက်ရမည်ဖြစ် ကြောင်း သိရသည်။                                                                                 

     ပန်းဆု