Main menu

Background

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းတို့တွင် ကုန်သွယ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်တော့မည်

Mon, 12/27/2021 - 15:28 -- journal_editor

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့တင်သွင်းနေခြင်းကို ကိုဗစ်(၁၉) ရောဂါ ပိုး တွေ့ရှိမှုကြောင့် မန်းဝိန်းဂိတ် အား ၃၀-၃-၂၀၂၁ ရက်တွင် လည်းကောင်း၊ ကျင်စမ်းကျော့ဂိတ်နှင့် ကြူကုတ်-ပန်ဆိုင်း ဂိတ်ကို ၈-၇-၂၀၂၁ ရက်တွင် လည်းကောင်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးနယ်စပ်ဂိတ်ကိုလည်း တရုတ်နိုင်ငံဘက်မှ ၁၈-၄-၂၀၂၁ ရက်မှစ၍ တင်ပို့/တင်သွင်း ခြင်း ကိုယာယီရပ်ဆိုင်း ခဲ့သည်။   မြန်မာဘက်ကလည်း ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှု ကြောင့် ၆-၁၀-၂၀၂၁ ရက်မှစ၍ ကိုဗစ် (၁၉) ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများမှလွဲ၍ ကျန်ပစ္စည်း များ တင်သွင်းခြင်းကို ယာယီပိတ်ပင်ခဲ့သည်။
၂၂-၁၁-၂၀၂၁ ရက်တွင်   ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့နှင့် တရုတ်နိုင်ငံ  ရွှေလီမြို့တော်ဝန် ဦးဆောင်သောအဖွဲ့တို့ ကုန်သွယ်မှုပြန် လည်စတင်နိုင်ရေးOnline Meeting ဖြင့် ဆွေးနွေးညှိနှိုင်းချက် များအရ ၂၆-၁၁-၂၀၂၁ ရက်တွင် မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ပို့ကုန်အနေဖြင့် ရော်ဘာ တန် ၇၀၊ သီဟိုဠ်စေ့ ၂၆ တန်၊ ဆန်ကွဲ တန် ၇၀၊ စုစုပေါင်းယာဉ်ငါးစီးဖြင့် လည်း ကောင်း၊ သွင်းကုန်အနေဖြင့် မော်တော်ဆိုင်ကယ် ၂၈၅စီးနှင့် ဆိုင်ကယ်အပိုပစ္စည်းများ  တင်ဆောင်သည့်ယာဉ်  စုစုပေါင်း ငါးစီးကိုလည်းကောင်း စတင်ဆောင်ရွက်တော့မည်ဖြစ်သည်။
ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှလည်း  နှစ်ဖက် ညှိနှိုင်းချက်များအရ  ရွှင်ချွမ်လုံထုတ်လုပ်မှု ကုမ္ပဏီလီမိတက် မှ လက်ဖက်ခြောက် ကုန်ကြမ်း ၃ ဒသမ ၉၂၉ တန်၊ လက်ဖက် ခြောက် တန်ချိန် ၇ဒသမ၈၅၈ တန်အား နမ့်ဖာဟော်တံတား ဂိတ်၌ ၂၆-၁၁-၂၀၂၁ ရက် နံနက် ၇နာရီခွဲမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ တစ်ဖက် (တရုတ်) နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ တရုတ်ဘက်ကလည်း ဓာတ်မြေသြဇာနှင့် လူသုံးကုန်ပစ္စည်း များ စတင်၍တင်သွင်းတော့မည်ဖြစ်ကြောင်း အဆိုပါ ကုန်သွယ် ရေးစခန်းများမှ သိရှိရသည်။                                  
အိမ့် (CJ)