Main menu

Background

တရုတ်နှစ်သစ်ကူးပွဲတော်နီးလာလို့ မူဆယ်(၁၀၅)မိုင်သို့ သစ်သီးဝလံကားဝင်ရောက်မှုများပြား

Fri, 02/20/2015 - 15:57 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

            တရုတ်နှစ်သစ်ကူူးပွဲတော်နီးလာလို့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ သစ်သီးဝလံကားများ ဝင်ရောက်မှု များ ပြားလာတာတွေ့ရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကနေ ဖေဖော်ဝါရီလ ပထမ ပတ်မှာ ဖရဲသီး ၃၇၂၀၀ တန်၊ သခွားမွှေး ၂၅၆၅ တန်၊ ဆီးသီး ၁၀၀၅ တန်၊ စပျစ်သီး ၁၀ တန်ခွဲ၊ ဖရုံသီး ၂၅ တန်နဲ့ အုန်းသီး ၃ တန်တို့ကို ကန်ဒေါ်လာ ၅ ဒသမ ၃၈၉ သန်းဖိုး တင်ပို့နိုင် ခဲ့ပါတယ်။ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်သို့ ယခုတစ်ပတ် မှာ တစ်နေ့ကိုဝင်ရောက်ခဲ့တဲ့ ဖရဲကားပျမ်းမျှကားစီး ရေ ၃၀၀ ကျော်၊  သခွားမွှေးကား ၇၀ ခန့်၊  ဆီးသီးကား ၃၀ ကျော်နဲ့ စပျစ်သီး၊ အုန်းသီး၊ ဖရုံသီးကားတွေကတော့ ပုံမှန် တစ်စီး နှစ်စီးရှိနေပါတယ်။တရုတ်နိုင်ငံကို တင်ပို့တဲ့ သစ်သီး ဈေးကွက်များမှ ဖရုံသီးကို ယခုနှစ်အတွင်း မြန်မာပြည်မှာ စတင်စမ်းသပ်စိုက်ပျိုးတာဖြစ်ပြီး တရုတ်ပြည်မအတွင်းသို့ ချိတ်ဆက်ကာတင်ပို့ရောင်းချ နေရတယ်လို့ သိရပါတယ်။ တရုတ်ပြည်က ထွက်တဲ့ဖရုံသီးက တစ်တန်ကို ယွမ် ၃၀၀ နဲ့ ၄၀၀ ကြားရှိပြီး မိမိ ဘက်ပေါက်ဈေးကတော့ တစ်တန်ကို ကျပ်တစ်သိန်းဖြစ်ပါတယ်။
တာချီလိတ်နယ်စပ်ကုန်သွယ်ရေးကတော့ ယခင် တစ်ပတ်က လိမ္မော်သီး ၅၂၈ တန်တင်ပို့နိုင်ခဲ့ပြီး ယခု သီတင်း ပတ်မှာတော့ ၃၉၆ တန်သာတင်ပို့ခဲ့တယ်လို့ သိရပါတယ်။
မော်မော်အောင်MIRT (DCCA)