Main menu

Background

ခရမ်းချဉ်သီးမျိုးစေ့များ တောင်ကိုရီးယားသို့တင်ပို့

Mon, 02/23/2015 - 20:40 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

       မြန်မာနိုင်ငံဟာ လယ်ယာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံ တစ်ခု ဖြစ်တာကြောင့် နိုင်ငံတော် ရဲ့ ပို့ကုန်ကဏ္ဍတွင် လယ်ယာ ထွက်ကုန် ပစ္စည်းအများဆုံး တင်ပို့နိုင်တာကို တွေ့ရှိရမှာဖြစ်ပါ တယ်။
ယခုအခါ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ အရည်အသွေးမြင့်မားသော မျိုးစေ့များကိုပါ ပြည်ပသို့ တင်ပို့ နိုင်နေပြီဖြစ်ပါတယ်။  Nongwoo Seed Myanmar ကုမ္ပဏီနှင့် Sea Field Industries ကုမ္ပဏီတို့ဟာ ပြင်ဦးလွင်နဲ့နောင်ချိုမြို့နယ် တို့မှာ စိုက်ပျိုးရေးခြံများနဲ့စက်ရုံများတည်ဆောက်ကာ ခရမ်းချဉ် သီး မျိုးစေ့များထုတ်လုပ်၍ တောင် ကိုရီးယားနိုင်ငံသို့ တင်ပို့လျက်ရှိ ပါတယ်။ ခရမ်းချဉ်သီးမျိုးစေ့ရဲ့ အရည်အသွေး အပေါ်မူတည်၍  တစ်ကီလိုဂရမ်လျှင် ဒေါ်လာ ၄၀၀၀ အထိ ဈေးနှုန်းရရှိသဖြင့် ဝင်ငွေကောင်းသော လုပ်ငန်း တစ်ခု ဖြစ်ပါတယ်။ အပင်မှထွက်ရှိ သော သီးနှံနှင့်မျိုးစေ့များ ပြည်ပ သို့ တင်ပို့ရာ တွင် လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနရဲ့ ပိုးမွှားကင်းစင်ကြောင်း လက်မှတ်ပါရှိရန် လိုအပ်ပါ တယ်။ ယခုကဲ့သို့ ဈေးကောင်း ရရှိသည့်မျိုးစေ့များတင်ပို့ခြင်း ဖြင့် နိုင်ငံတော်ရဲ့ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးကို အထောက်အကူပြု စေလျက်ရှိပါကြောင်း  သတင်း ကောင်းပါး လိုက်ရပါတယ်။ဇန်နဝါရီလအတွင်းမှာ ၁ ကီလိုဂရမ်လျှင် ကန်ဒေါ်လာ ၄၀၀၀ နှုန်းနဲ့ ၆၅ ကီလိုဂရမ်ကျော် ကန်ဒေါ်လာ ၂၇၀၀ နှုန်းနဲ့ ၃ ဒသမ ၇၀ ကီလိုဂရမ်အသီးသီး တင်ပို့ရန် လိုင်စင်လျှောက်ထားမှုရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
 MIRT (DCCA)