Main menu

Background

တွေ့ ကြုံလာတဲ့အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းကြမှသာ ရလဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်မည်

Thu, 02/26/2015 - 20:15 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၈)

မောင်တောနယ်စပ်ကုန်သွယ် ရေးစခန်းရဲ့ ယခုလကုန်သွယ်မှုပမာဏ လျာထားချက်ပေါ် ၉၉ ရာခိုင်နှုန်း နီးပါး ဆောင်ရွက်နိုင်ခြင်း၊ ဘဏ္ဍာနှစ် ၁၀လ တာကာလမှာ လျာထားချက်ကို ပြည့်မီ ကျော်လွန်အောင် ဆောင်ရွက်နိုင်ခြင်း တို့ဟာ ကုန်သည်လုပ်ငန်းရှင်များနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာများ အတူ တကွ ပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်ခြင်းဖြစ်ကြောင်း၊ ဒေသ စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဌာနဆိုင် ရာများ ၊ ဒေသနေပြည်သူများ၊ ကုမ္ပဏီ လုပ်ငန်းရှင်များအားလုံး ဝိုင်းဝန်းဖော် ဆောင်ကြရမှာဖြစ်ကြောင်း၊ ဒေသစီး
ပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နယ်မြေဒေသ လည်းပိုမိုအေးချမ်းတည် ငြိမ် လာမှာဖြစ်ကြောင်း မောင်တော ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက ဇန်နဝါရီလ ၃၁ ရက်နေ့ကပြုလုပ်တဲ့ မောင်တောနယ်စပ်ကုန်သွယ်မှုမြှင့် တင်ရေးအစည်းအဝေးမှာ  ပြောကြားခဲ့ တာ ဖြစ်ပါတယ်။
နယ်စပ်ကုန်သည်ကြီးများအသင်း နဲ့ ကုမ္ပဏီလုပ်ငန်းရှင်များ တစ်ဦးနဲ့ တစ်ဦး အချင်းချင်းအပြန်အလှန် ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ကြပြီး တွေ့ကြုံ လာတဲ့ အခက်အခဲများကို ဖြေရှင်းနိုင် ပြီးလုပ်ငန်း အောင်မြင်မှုများရနိုင်မှာ ဖြစ်ကြောင်း ၊ ယခုကဲ့သို့ ရလဒ်ကောင်း များကို ဆက်လက်ထိန်းသိမ်းနိုင်အောင် အတူအားထုတ် ကြိုးပမ်းဆောင်ရွက် သွားကြရန်နဲ့ ကုန်သွယ်မှုလုပ်ငန်းများယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြား ခဲ့တယ်လို့သိရပါတယ်။               ဂန္ဓမာ