Main menu

Background

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဖေဖော်ဝါရီလအတွင်း ရေထွက်ကုန် တန် ၉၀၀ ကျော်တင်ပို့

Wed, 03/11/2015 - 20:33 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၁၂ သန်းဖိုး ရှိတဲ့ ရေထွက်ကုန် ၁၂၉ တန်ကျော်ကိုတင်ပို့ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ အမယ်  တွေကတော့ ပုစွန် ၁၀ တန်၊ ငါးကုန်းညိုခြောက် တန်၃၀၊ ငါးစုံလေးခြောက် ၈၄ တန်နဲ့ကဏန်း ၅ တန် ဖြစ်ပါတယ်။ပုစွန်ကို တစ်ဖက်နိုင်ငံမှ ပြန်လည် လက်ခံတဲ့အတွက် တင်ပို့နိုင်တာဖြစ်ပြီး ကဏန်းကို ယခုတစ်ပတ်မှတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ယခင်တစ်ပတ်က ရေထွက်ကုန် ၄၂၈ တန်တင်ပို့နိုင်ခဲ့ တဲ့တွက် ယခုတစ်ပတ်မှာ ၂၉၉ တန်ခန့်လျော့နည်းခဲ့ပါတယ်။
စစ်တွေနယ်စပ်မှ ယခုရက်သတ္တပတ်မှာ ရေချိုငါးတင်ပို့မှုမရှိခဲ့ပါဘူး၊ ယခင်တစ်ပတ်ကတော့ ငါးမြစ်ချင်းနဲ့ ငါးခေါင်းပွတန် ၇၀ ခန့်တင်ပို့နိုင်ခဲ့ ပါတယ်။ဧရာဝတီတိုင်းမှထွက်တဲ့ ရေချိုငါးကို စစ်တွေမှ တစ်ဆင့်တစ်ဖက် နိုင်ငံကိုတင်ပို့တာဖြစ်ပြီး ယခုအခါမှာ ရေချိုငါးကို ပြည်တွင်းစားသုံးမှုမြင့်မား လာတာကတစ်ကြောင်း၊လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး နေရာအနှံ့ ဖြန့်ချိနိုင်တာကြောင့် ရေချိုငါးများ ဈေးကောင်း ရရှိနေပါတယ်။]]ငါးဈေးက လည်းကောင်းနေတယ်။ပြည်ပပို့ဖို့ထက် ပြည်တွင်းစားသုံးမှုကိုဖြည့် ပေးနေ ရတယ်။ အခုလက်ရှိငါးစားသုံးမှုမြင့်မားလာတဲ့အတွက် လမ်းပန်းဆက် သွယ်ရေးကောင်းမွန်ပြီး နေရာတိုင်းကိုပို့နိုင်လို့ ရေချိုငါးဈေးကောင်းရနေ တယ်}}လို့ ဧရာဝတီတိုင်းမှငါးမွေးမြူရေးလုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်ခုလုံးမှ ဖေဖော်ဝါရီလအတွင်း   ကန်ဒေါ်လာ သုည ဒသမ၅၄၃ သန်း ဖိုးရှိရေထွက်ကုန် ၉၀၈ တန်ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံးဇန်နဝါရီလမှာတော့ တန် ၉၁၀ တင်ပို့နိုင်ခဲ့ပါ တယ်။                          ယဉ်ယဉ်အေးMIRT (DCCA)