Main menu

Background

မဏိပူရပြည်နယ်အစိုးရအဖွဲ့ မှ စက်မှုနှင့် ကုန်သွယ်ရေးကော်မရှင်နာနဲ့အဖွဲ့ တမူးနယ်စပ်ကုန်သွယ်ရေးသို့လာရောက်

Wed, 03/11/2015 - 20:37 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

မဏိပူရပြည်နယ်အစိုးရအဖွဲ့မှ စက်မှုနှင့် ကုန်သွယ်ရေးကော်မရှင်နာVivek Kumar Dewangan  ဦးဆောင် သော ကိုယ်စားလှယ် ၁၀ဦးပါ အဖွဲ့ သည် မတ်လ ၁ ရက်နေ့ နေ့လယ် ၁နာရီခွဲ အချိန်တွင် တမူးနယ်စပ် ကုန်သွယ် ရေးစခန်းသို့ ရောက်ရှိလာပြီး ဥှ အဖွဲ့ဌာနတာဝန်ခံများ၊ နယ်စပ်ကုန်သည် ကြီးများအသင်းမှ တာဝန်ရှိသူများနဲ့ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် မဏိပူရပြည်နယ်၊ စက်မှုနှင့် ကုန်သွယ်ရေးကော်မရှင်နာ က နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေးအတွက်မိုရေးနယ်စပ်သို့ လာရောက်လေ့လာရင်း ၎င်းင်းတို့ဘက် တွင် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသော Integrated CheckPoint (ICP)ဌာနစုံပါဝင်သည့် စစ်ဆေး ရေးစခန်း တည်ဆောက်နေမှုကို လာ ရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း၊ မိုရေး နယ်စပ်တွင် ၤီဗရုံးတည်ဆောက်နိုင် ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ လစဉ်နှစ်နိုင်ငံ ခရိုင်အဆင့် ဌာနဆိုင်ရာများဖြင့် ကုန်သွယ်ရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကိုလည်း ပြုလုပ်လိုကြောင်းနှင့် မိုရေးနယ်စပ် တွင် တရားမဝင်ကုန်သွယ်မှုများ ပပျောက်အောင်လည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။စခန်းတာဝန်ခံက မိုရေးနယ်စပ် ရှိ အိန္ဒိယအကောက်ခွန်ဌာန၏ ဂို ထောင်မှာ တန် ၂၀၀ ခန့်သာဆံ့သဖြင့်  ထပ်မံတိုးချဲ့ဆောက်လုပ်ရန်လိုအပ် လျက်ရှိကြောင်း၊ မိုရေး-အင်ဖာကုန် သွယ်မှုလမ်းကြောင်းမှာ မကြာခဏပိတ်  ဆို့ နေသည့်အတွက်ကုန်သွယ်မှုလျင် မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှုတိုး  တက်ရေးတို့အတွက် များစွာထိခိုက်မှု များ ရှိနေသဖြင့် ကုန်သွယ်မှုလမ်းကြောင်းအား  ပုံမှန်သွားလာနိုင်ရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လစဉ်နှစ်နိုင်ငံ ခရိုင်အဆင့်ဌာနများ အနေဖြင့်ကုန်သွယ်မှုနှင့်ပတ်သက် သည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် အတွက် အထက်ဌာနသို့ တင်ပြပေးမည် ဖြစ်ပါကြောင်း၊နှစ်နိုင်ငံနယ်စပ်လူဝင်/ လူထွက်အား Border Pass (BP) ? Temporary Border Pass (TBP)  စနစ်ဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။
မဏိပူရပြည်နယ်၊ စက်မှုနှင့်ကုန် သွယ်ရေးကော်မရှင်နာနှင့် အဖွဲ့သည် နေ့လယ် ၂ နာရီ ၁၀ မိနစ် အချိန်တွင်တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွား ခဲ့ပါသည်။
နေထက်မင်း (တမူး)