Main menu

Background

သြဂဲနစ်သဘာဝမြေသြဇာဖြင့် စိုက်ပျိုးသည့်တစ်သျှူးငှက်ပျောများအရည်အသွေး ဆက်လက်ထိန်းသိမ်းထားရန်လိုအပ်

Wed, 03/11/2015 - 20:40 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အဓိကပို့ကုန်များမှာ တစ်သျှူး ငှက်ပျော၊ အစေ့ထုတ်ပြောင်းနဲ့ ဆန်တို့ဖြစ်ပါတယ်။လာမယ့်မတ်လတွင် ဆောင်းပြောင်းများစတင်တင်ပို့နိုင်တော့မှာဖြစ်ကြောင်း၊ လက်ရှိ ကန်ပိုက်တီးနယ်စပ်စခန်း အတွက် တရုတ်နိုင်ငံမှအစေ့ထုတ်ပြောင်း တန်ချိန် ၅၀၀၀ အား ခွဲတမ်းခွင့်ပြုချက် ရရှိထားပြီး ကချင်ပြည်နယ်နယ်စပ်ကုန်သည်ကြီးများအသင်းနဲ့တစ်ဖက်တရုတ်ကုန် သည်တို့ တရားဝင်တင်ပို့နိုင်ရေး သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း၊ပြောင်းတင်ပို့မယ့်ကုန်သည်လုပ်ငန်းရှင်များ မိမိတို့တင်ပို့မယ့် အစေ့ထုတ်ပြောင်းများ တင်ပို့ရန် အခက်အခဲရှိပါကကချင်ပြည်နယ်ကုန်သည်ကြီးများအသင်းနဲ့ ချိတ်ဆက် ၍ တင်ပို့နိုင်ရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ဖေဖော်ဝါရီလ၂၄ရက်နေ့မှာ ပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေးအစည်း အဝေးမှာ စခန်းတာဝန်ခံဦးဇော်ဝမ်း(လက်ထောက်ညွှန်ကြားရေးမှူး)က ပြောကြား ခဲ့တယ်လို့ သတင်းရရှိပါတယ်။ဆက်လက်ပြီး စခန်းတာဝန်ခံက အဓိကပို့ကုန် တစ်သျှူးငှက်ပျောကိုလည်း ဘိန်းအစားထိုးသီးနှံအဖြစ် တရုတ်နိုင်ငံမှဝယ်ယူခြင်းဖြစ်ပြီး၊သြဂဲနစ်သဘာ၀ မြေသြဇာနဲ့ စိုက်ပျိုးထားခြင်းဖြစ်ရာ ထွက်သမျှကို တရုတ်နိုင်ငံမှ ဝယ်ယူမှုရှိနေ သည်ကို တွေ့ရှိရကြောင်း၊ ဒါကြောင့်ရရှိပြီးဈေးကွက်နဲ့ ပို့ကုန်အရည်အသွေး မကျ ဆင်းရေးအတွက် အရည်အသွေးကို ဆက်လက်ထိန်းသိမ်းထားပြီး ဓါတ်မြေသြဇာ များမသုံးကြစေလိုကြောင်း၊ ငှက်ပျောစိုက်လုပ်ငန်းရှင်များအား အသိပညာပေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လက်ရှိတွင်ဝိုင်းမော်မြို့နယ်အတွင်း စိုက်ဧကပေါင်း ၆၀၀၀  ကျော် စိုက်ပျိုးထားရှိပြီး နှစ်စဉ်လည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်စိုက်ပျိုးနေသည်ကို တွေ့ရှိရကြောင်း၊ တစ်သျှူးငှက်ပျောပို့ကုန်များ အောင်မြင်သကဲ့သို့အစေ့ထုတ်ပြောင်းကိုလည်း တစ်ဖက်နိုင်ငံမှကြိုက်နှစ်သက်အောင် အရည်အသွေး ကောင်းမွန်အောင် ကြိုစားဆောင်ရွက်ပြီး  ပို့ကုန်တိုးတက်ရေးကြိုးစားကြစေလို ကြောင်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။             
ယဉ်ယဉ်အေး MIRT  (DCCA)