Main menu

Background

ယာဉ်နှစ်စီးပေါ်မှကျောက်စိမ်းလို့ ယူဆရတဲ့ ကျောက်တုံးအရွယ်မျိုးစုံနဲ့ ကျောက်အဝိုင်းပြားများသိမ်းဆည်းရမိ

Thu, 05/14/2015 - 19:38 -- journal_editor

အတွဲ(၁၅)အမှတ်(၁၇)

မူဆယ်-မန္တလေးလမ်းကြောင်း တလျှောက်တွင် တာဝန်ထမ်းဆောင် လျက်ရှိတဲ့Mobile Team  လရ-၁ အဖွဲ့ ဟာ ဧပြီလ ၁၀ ရက်နေ့က မန္တလေးမှ မူဆယ်သို့ သွားရောက်မည့် 3C/xxxx      ယာဉ်အား သွားရောက် စစ်ဆေးရာ တရားမဝင်တင်ဆောင်လာတဲ့ ကျောက် စိမ်းဟုယူဆရတဲ့ ကျောက်တုံးအရွယ် မျိုးစုံအား စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အလားတူ ဧပြီလ ၁၂ ရက်တွင်လည်း မန္တလေးမှ မူဆယ်သို့ သွားရောက်မည့် ယာဉ်အမှတ် 4F/xxxx အား ဝင်ရောက် စစ်ဆေးရာ ယာဉ်အောက်တွင် အံဝှက် ပြုလုပ်ပြီး တရားမဝင် သယ်ဆောင်လာ တဲ့ ကျောက်စိမ်းဟု ယူဆရတဲ့ ကျောက် တုံးများနဲ့ ကျောက်အဝိုင်းပြားများအား ရှာဖွေတွေ့ရှိပါတယ်။ အဆိုပါ ယာဉ် များအား Mobile Team အဖွဲ့စုံဖြင့် အသေးစိတ်ဖွင့်ဖောက်စစ်ဆေးစဉ် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားတယ်လို့သိရပါတယ်။ သိမ်းဆည်း ရမိ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက် တုံးများနဲ့ တင်ဆောင်လာတဲ့ ယာဉ် အား အကောက်ခွန် အမှုတွဲဖွင့်လှစ်ပြီး အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်း အပ်နှံပြီး ဖြစ်တယ်လို့သိရပါတယ်။
    MIRT