Main menu

Background

ကုန်သွယ်ရေးဦးစီးဌာန မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း Mobile Team အဖွဲ့က မီးသွေးအိတ်၊ သစ်တုံး၊ သစ်ကြမ်းခင်းပြားအရွယ်စုံ ရှာဖွေသိမ်းဆည်းရမိ

Thu, 05/14/2015 - 19:39 -- journal_editor

အတွဲ(၁၅)အမှတ်(၁၇)

ဧပြီလ ၉ ရက်နေ့ ၁၉း၀၀ ချိန်မှာ ကုန်သွယ်ရေးဇုန်အလွန် Asia World Toll Gate    အနီး ပြည်ထောင်စုလမ်းမ ကြီးပေါ်မှာ ရတနာထွန်း မှန်လုံယာဉ်ပေါ်မှ တမလန်းလို့ယူဆရတဲ့ သစ်တုံး သုံးပေရှိ အတုံး ၂၃ တုံးနဲ့ သစ်ကြမ်းခင်း ပြား အရွယ်စုံ ၄၅၂ ပြားတို့အား စခန်းထုတ်နုတ်အင်အားMobile Team   အဖွဲ့မှ စစ်ဆေးတွေ့ရှိသိမ်းဆည်း ရမိခဲ့တယ် လို့ သတင်းရရှိပါတယ်။ အဆိုပါ သစ်တောထွက်ပစ္စည်းများနဲ့ ပစ္စည်းတင်ဆောင်သောယာဉ်တို့အား အကောက်ခွန် ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံသွားမယ်လို့သိရပါတယ်။
ဧပြီလ ၁၀ ရက်နေ့ ၀၇ း၅၅ ချိန်မှာ မူဆယ် Asia World Toll Gate  နမ့်ခွမ်ရွာအနီးမှာ စုပုံထားသော  မီးသွေး အိတ် ၉၄၀ အား မူဆယ်စခန်းထုတ်နုတ် Mobile Team   အဖွဲ့က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ သိမ်းဆည်းရမိပစ္စည်းများကို အဖွဲ့စုံဖြင့် မူဆယ်အကောက်ခွန်ဦးစီးဌာနသို့ ဆက်လက်အပ်နှံသွားမယ်လို့သိရပါ တယ်။                                    

             MIRT