Main menu

Background

ITC ကတ်နဲ့ လွယ်ဂျယ်စခန်းမှ လုပ်ငန်းသုံးကုန်ကြမ်းတင်သွင်း

Fri, 05/22/2015 - 21:21 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

၂၀၁၅ ခုနှစ် မတ်လအတွင်းမှာ လွယ်ဂျယ်စခန်းမှ ITC ကတ်ထုတ် ပေးနိုင်မှု မရှိသော်လည်း သွင်းကုန် လုပ်ငန်းသုံးကုန်ကြမ်းဖြစ်တဲ့ နိုင်လွန် ချည် ၂၁၇၈၀ ုါ ကိုITC ကတ်နဲ့ တင် သွင်းနိုင်ခဲ့ပါတယ်။ တမူးစခန်းမှလည်း ှုွှဃ ကတ်နဲ့ ပို့ကုန်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ သွင်းကုန်ပစ္စည်းများဖြစ်တဲ့ စက် ဘီးအပိုပစ္စည်းများ၊ ဆိုင်ကယ်အပို ပစ္စည်းများ၊ ပလပ်စတစ်ရေတိုင်ကီ ၊ ချည်ခင်၊ စက်ဘီးကျွတ်၊ စက်ဘီး တာယာ၊ ဆိုးဆေးအမှုန့်၊ ပလာစတာ၊ ခေါင်းလျှော်ရည်၊ ဆာရီစ၊ ရွှေရည်စိမ် လက်ကောက်၊ ပလတ် စတစ်လက် ကောက်၊ စပီကာ၊ ဒူးစွပ်၊ ဖနောင့်စွပ် တို့ကို ကန်ဒေါ်လာ သုည ဒသမ ၃၆၆ သိန်းဖိုးကို တင်သွင်းခဲ့ပါတယ်။
ဧပြီလအတွင်းမှာ ှုွှITCနဲ့ လုပ်ငန်း ဆောင်ရွက်နိုင်တဲ့စခန်းတွေကတော့ မူဆယ်၊ လွယ်ဂျယ်၊ တာချီလိတ်၊ မြဝတီ၊ တမူး၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ရိဒ်၊ မောတောင်နဲ့ ကျိုင်းတုံစခန်းများပဲ ဖြစ်ပါတယ်။ ဧပြီလအတွင်းမှာITC ကတ်နဲ့ လွယ်ဂျယ်နယ်စပ်မှ ကျပ်သန်း ပေါင်း ၄၂၁ ဒသမ ၂၄၀ ခန့်ဖြင့်အများ ဆုံးကုန်သွယ်နိုင်ခဲ့ပြီး     မောတောင် စခန်းမှ ကျပ်သန်းပေါင်း ၁ ဒသမ ၈၁၄ သန်းဖြင့် အနည်းဆုံး ကုန်သွယ်ခဲ့ပါတယ်။ ဧပြီလအတွင်း ကုန်သွယ်ရေး စခန်း ၁၀  ခုမှ ပို့ကုန် ကျပ်သန်းပေါင်း ၅၂၄ ဒသမ ၉၅၅ ၊ သွင်းကုန် ကျပ်သန်းပေါင်း ၁၉၃ ဒသမ ၀၃၄၊  ကုန်သွယ်မှုပမာဏ ကျပ်သန်းပေါင်း ၇၁၇ ဒသမ ၉၉၁ ဖြင့် ကုန်သွယ်ပြီးဖြစ်တယ်လို့သိရပါတယ်။
ခင်မိုးသူ(စားသုံးသူ)