Main menu

Background

တမူးနယ်စပ်မှ ယမန်နှစ်ကာလတူထက် ကုန်သွယ်မှုပိုမို

Fri, 05/22/2015 - 21:25 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

ကုန်သွယ်ရေးဦးစီးဌာန တမူး ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၁၅ ခုနှစ် ဧပြီလမှာ ပို့ကုန် ကုန်ဒေါ်လာ ၃ ဒသမ ၈၁၄ သန်း ၊သွင်းကုန် ကန်ဒေါ် လာ သုည ဒသမ ၉၃၈ သန်း ကုန်သွယ်မှု ပမာဏ ၄ ဒသမ ၇၅၂ သန်း ဆောင် ရွက်နိုင်ခဲ့ပါတယ်။ ယမန်နှစ် ၂၀၁၄ ခုနှစ် ဧပြီလနဲ့နှိုင်းယှဉ်ပါက ပို့ကုန် ကန် ဒေါ်လာ သုည ဒသမ ၃၆၂ သန်း ၊ သွင်း ကုန်ကန်ဒေါ်လာ သုည ဒသမ ၆၄၆ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၀၀၈ သန်းပိုမိုခဲ့ ပါတယ်။ကာလတူထက် ပိုမိုရခြင်းမှာ ပို့ကုန်အနေဖြင့် ကွမ်းသီး၊ စီးကရက်နဲ့ အမယ်စုံတို့တင်ပို့မှုပိုမိုခြင်းကြောင့်ဖြစ် ပြီး သွင်းကုန်အနေဖြင့် မော်တော် ဆိုင်ကယ်၊ စားတော်ပဲ၊ ပဲရာဇာ၊ တောင် လုံးကျော်၊ ပလတ်စတစ်ရေတိုင်ကီ၊ စပျစ်သီးခြောက်စတဲ့ပစ္စည်းများ ပိုမိုတင်သွင်းခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။တမူးနယ်စပ်ကုန်သွယ်ရေးအနေဖြင့်၂၀၁၅ ခုနှစ် ဧပြီလအတွင်းITC  ကတ်နဲ့ ပို့ကုန် ကျပ်သန်းပေါင်း၉၀ ကျော်နဲ့ သွင်းကုန် ကျပ်သန်းပေါင်း ၆၉ သန်းကျော်ဆောင် ရွက်ပြီး သွင်းကုန်ပစ္စည်းများအနေဖြင့် ချည်ခင်၊ ရွှေရည်စိမ် လက်ကောက်၊ ပလတ်စတစ်လက်ကောက်၊ ဖိနပ်မျိုးစုံ၊ ဓါတ်မီးတို့ကို ITC  ကတ်နဲ့ ကုန်သွယ်မှု ပြုနိုင်ခဲ့တယ်လို့ တမူးနယ်စပ်မှ သိရ ပါတယ်။            

        ခင်မိုးသူ MIRT