Main menu

Background

စပယ်ယာဘီးခွက်အတွင်းသို့ ဝှက်တင်ဆောင်လာတဲ့ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက်တုံးများတွေ့ရှိ

Thu, 08/13/2015 - 16:54 -- journal_editor

  မူဆယ်-မန္တလေး လမ်းကြောင်းတစ်လျှောက်ရှိ Mobile Team လရ-၁ အဖွဲ့ သည် ဇူလိုင် ၂၃ ရက် နေ့တွင်  မန္တလေး-မူဆယ် လမ်းကြောင်းအတိုင်း ဝင်ရောက် စစ်ဆေးခံတဲ့ Honda CR-V ယာဉ်အမှတ် IE/xxxx  အားစစ်ဆေးရာ ယာဉ်ပေါ်မှ စပယ်ယာဘီးခွက်အတွင်း တရားမဝင်သိုဝှက်တင်ဆောင်လာတဲ့ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက်တုံးအသေး ၁၈ တုံးအား ဖမ်းဆီးသိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ်အား အဖွဲ့စုံဖြင့် အသေးစိတ်စစ်ဆေးစဉ် ယာဉ်မောင်း မှာ ထွက်ပြေးတိမ်း ရှောင်သွားခဲ့တယ်လို့သိရပါတယ်။ ယာဉ်ပေါ်မှ သိမ်းဆည်းရမိ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက်တုံးများနဲ့ မော်တော်ယာဉ်အား အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင် ရွက်သွားမယ်လို့သိရပါတယ်။

 

MIRT