Main menu

Background

ပြည်ကြက်သွန်နီဈေးကွက်တွင် အိတ်ဆွဲသမားများ တွက်ခြေကိုက်

Thu, 05/26/2016 - 11:45 -- journal_editor

 ပြည်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း အောင်လံစကြက်သွန်နီများ ဝင် ရောက်မှုများနေပြီး   ပွဲရုံလက်ကားဈေးအနေဖြင့် ပိဿာ ၃၀ ဝင် တစ်အိတ်လျှင် ကျပ် ၁၅၀၀ ခန့် ကျဆင်းသွားကြောင်း သိရပါတယ်။ မြို့မစည်ပင်ဈေးကြီးရှိ ပွဲရုံ များ၌ လက်ကားဈေးအနည်းငယ်ကျဆင်းမှုကြောင့် အိတ်ဆွဲသမားများ အဝယ် လိုက်နေပြီး လက်ကားတစ်ပိဿာ(ကြီး) ကျပ် ၅၀၀ ၊ (လတ်) ကျပ် ၄၅၀၊ (သေး) ကျပ် ၄၀၀တို့နှင့် ပုံမှန်ထက်အနည်းငယ်အရောင်းအဝယ်ကောင်း လာကြောင်း သိရပါတယ်။ အဝင်များလို့ ပွဲရုံဈေးကျပေမယ့် လက်လီဈေးတွင် အသေးများဈေး မကျဘဲ ပုံမှန်တစ်ပိဿာကို (ကြီး) ကျပ် ၆၅၀၊ (လတ်) ကျပ် ၆၀၀၊ (သေး) ကျပ် ၅၀၀ တို့နှင့် ရောင်းဝယ်လျက်ရှိနေပါတယ်။
ပြည်ဒေသ တစ်ဝိုက် တွင် ကြက်သွန်နီစိုက်ပျိုးသော   မှော်ဇာ၊ ကုန်းရိုး၊ ရှမ်းစုကျေးရွာများရှိ တောင်သူများမှာ အမြတ်နည်းသဖြင့် ဈေးကောင်းစောင့်မျှော် လျက်ရှိပြီး  တောင်သူအများစုမှာ စားသုံးသူဆီ တိုက်ရိုက်ရောင်းချမှုမရှိတော့ ဘဲ တောင်သူလယ်ဝယ်ထားရှိခြင်းများလည်း ရှိကြောင်း သိရပါတယ်။
ဝင်းလဲ့ဝါ (ပြည်)