Main menu

Background

ယခင်တစ်ပတ်ထက် သရက်သီးတန် ၇၀၀ ကျော်ပိုမိုတင်ပို့

Wed, 06/01/2016 - 13:38 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ မေ ၁၄ ရက်မှ ၂၀ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၄၆၉ သန်းတန်ဖိုးရှိ သရက်သီး ၄၃၂၀ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။
ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ် ပါက ယခုသီတင်းပတ်မှာ သရက်သီး ၇၆၈ တန်ကျော် ပိုမို တင်ပို့ခဲ့ ပါတယ်။အလားတူ မြန်မာ-အိန္ဒိယနယ်စပ်ရှိတမူးကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ သရက် သီးသုံးတန်ကိုလည်းတင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ် က တင်ပို့မှုမရှိဘဲ ယခုသီတင်းပတ်မှ စတင်တင်ပို့နိုင်ခြင်းဖြစ်ပါ တယ်။ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့တွင် စိန်တစ်လုံး သရက်များ  အများအပြားစိုက်ပျိုးထွက်ရှိပါတယ်။    မေလ အစောပိုင်းမှစတင်ရင့်မှည့်ပြီး မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှတစ်ဆင့်   တရုတ်နိုင်ငံသို့တင်ပို့ရောင်းချတယ်လို့ သိရှိရပါတယ်။                                                  

   မြင့်မြင့်မာ