မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းများမှ ဇွန်လ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈၆ သန်းတန် ဖိုး ရှိ ရေချိုငါးမျိုးစုံ ၁၇၂၃ တန်ကို တင်ပို့ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ ရေချိုငါးမျိုးစုံ ၄၂ တန်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းမှ တန် ၃၉၀၊ မြိတ်ကုန်သွယ်ရေးစခန်းမှ ၅၃၁၅ တန်ကို အသီးသီးတင်ပို့ခဲ့ပါတယ် ။ မြဝတီကုန်သွယ်ရေး မှ ရေချိုငါးမျိုးစုံအပြင် ဂဏန်း ၁၃ တန်၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပုဇွန် ၂ တန်ကျော်၊ ကင်းမွန် ၃ တန်ကျော်နဲ့ အခြားရေထွက် ၁၉ တန်ကျော် မြိတ်ကုန်သွယ်ရေး စခန်းမှ ငါးမှုန့် ၂၅၄ တန်ကျော် ရေငံပုဇွန် ၁၆တန်ခွဲ၊ ငါးအသားလွှာ ၇ တန်၊ ကင်းမွန် ၂ တန်ကျော်ကို တင်ပို့ခဲ့ပါ တယ်လို့ ကုန်သွယ်ရေးစခန်းများမှ သိရပါတယ်။
ခင်မိုးသူ
Background