Main menu

Background

မောင်တောကုန်သွယ်ရေးစခန်းမှ ဇွန် ကုန်သွယ်မှု ဆောင်ရွက်ချက်

Fri, 07/15/2016 - 15:18 -- journal_editor

 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တော ကုန်သွယ် ရေးစခန်းမှာ ၂၀၁၆ ခုနှစ်   ဇွန်တွင်  ပို့ကုန်ဒေါ်လာ သုည ဒသမ ၅၅၇ သန်း၊  သွင်းကုန် ဒေါ်လာ သုညဒသမ ၀၀၆ သန်း၊ ကုန်သွယ်မှု ပမာဏဒေါ်လာ သုညဒသမ ၅၆၃ သန်း ဆောင် ရွက်နိုင်ခဲ့ကြောင်း၊  ဇွန်အတွက်  ကုန်သွယ်မှု   လျာထားချက် စုစုပေါင်း ဒေါ်လာ သုညဒသမ ၇၀၀ သန်းဖြစ်၍လျာထား ချက်အပေါ်   ၈၀ ဒသမ ၄၃ ရာခိုင်နှုန်း   ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရပါတယ်။
ပို့ကုန်ပစ္စည်းအနေဖြင့် ရေထွက်ကုန်တွေဖြစ်တဲ့ ငါးနီ တူခြောက်၊ ငါးစုံလေးခြောက်၊ငါးကုန်းညိုခြောက်၊ ရေငန်ပုစွန်၊ ငါးသလောက်၊ ငါးမြစ်ချင်း၊  သစ်တောထွက်ကုန်  ဝါး ၊ ကြိမ်၊ စက်မှုကုန်ချောပစ္စည်းဖြစ်တဲ့ ဆီးယိုထုပ်၊ ထွန်းရွှေဝါ ၊ သနပ် ခါးခဲတို့  တင်ပို့နိုင်ခဲ့ပြီး  သွင်းကုန်အနေဖြင့်   လူသုံးကုန်ပစ္စည်း ရေတုံကင်၊ ပလတ်စတစ်ပုံး၊ဒန်ရေတကောင်း၊လူကြီး^/ကလေး စီးဖိနပ်၊  တီရှပ်၊  စွပ်ကျယ်ပိတ်စတို့  တင်သွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။
တင်ပို့မှုအခြေအနေကို  ယခင်လ အနီးစပ်ဆုံး ကာလ နဲ့နှိုင်းယှဉ်ပါက  ယခုလတွင်  ပို့ကုန်ဒေါ်လာ သုညဒသမ ၀၃၁ သန်း၊ သွင်းကုန်  ဒေါ်လာ သုညဒသမ ၀၀၁ သန်း ပိုမိုဆောင် ရွက်နိုင်ခဲ့ပါတယ်။  ယခင် ဘဏ္ဍာနှစ်ကာလ တူနဲ့ နှိုင်းယှဉ်ပါ ကလည်း  ပို့ကုန်  ဒေါ်လာ သုည ဒသမ ၁၆၅ သန်း၊ သွင်းကုန်  ဒေါ်လာ သုည ဒသမ  ၀၀၁ သန်း  ပိုမိုဆောင်ရွက်နိုင်ခဲ့တာကို  တွေ့ရှိရကြောင်း၊ ယခင်နှစ်ကာလတူနဲ့ရော အနီးစပ်ဆုံး  မေလတို့ ထက် ပိုမိုဆောင်ရွက်နိုင်ခဲ့သော်လည်း  လျာထားချက် ပြည့်မီအောင်  မဆောင်ရွက်နိုင်ခဲ့ပါ။ အဓိကပို့ကုန် ရေထွက် ပစ္စည်းတွေဖြစ်တဲ့   ငါးသလောက်၊ ရေငန်ပုစွန်တို့   ပိုမိုတင်ပို့ နိုင်ပေမယ့်  လယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့နိုင်မှု မရှိခြင်း၊  သစ်တော ထွက်  ဝါး၊ ကြိမ်တို့ မှာလည်း ရာသီကုန်ဆုံး နေပြီဖြစ်လို့ တင်ပို့မှုလျော့နည်းခဲ့ခြင်း၊ ယခင်လမှာ တင်ပို့ နိုင်ခဲ့တဲ့ အမယ်သစ်ပို့ကုန်ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွမှာ လည်း  ယခုလ တွင်  ငါးမြစ်ချင်း  တစ်ခု တည်းသာ  အနည်းငယ်  တင်ပို့ခဲ့တာကြောင့်  လျာထားချက်ပြည့်မီအောင်  မဆောင် ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊   လာမယ့်လများမှာ  လျာထားချက် ပြည့်မီကျော်လွန်အောင်  ဥှ ဌာနများ၊  ကုန်သည်လုပ်ငန်း ရှင်များနဲ့   ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း  မောင်တောကုန်သွယ်ရေးစခန်းမှ   ဦးစီးအရာရှိ  ဦးသာထွန်း စိန်မှ  ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးတွင် ပြောကြားခဲ့ ပါတယ်။ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုနဲ့ ပတ် သက်ပြီး အခက်အခဲများရှိပါက အချိန်မရွေး လာရောက် ဆွေး နွေးနိုင်ပါကြောင်း၊  မိမိတို့ဖြေရှင်းနိုင်သည်များကို  ချက်ချင်း ဖြေရှင်းပေးမည်ဖြစ်ပြီး   မဖြေရှင်းနိုင်ပါက   အထက်ဌာန အဆင့်ဆင့်သို့  တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လည်းပြောကြားခဲ့ပါတယ်။                                                   

  မော်မော်အောင်